ဘုရားကျောင်းများ၊ တာ၀န်ခံ ရဟန်းတော်များ၊ သီလရှင်များ ၏ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကပ်ဘေးတွင် အဓိက နေရာမှပါ၀င်ခြင်း

ဘုရားကျောင်းများ၊ တာ၀န်ခံ ရဟန်းတော်များ၊ သီလရှင်များ ၏ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကပ်ဘေးတွင် အဓိက နေရာမှပါ၀င်ခြင်း

ဘုရားကျောင်းများ၊ တာ၀န်ခံ ရဟန်းတော်များ၊ သီလရှင်များ ၏ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကပ်ဘေးတွင် အဓိက နေရာမှပါ၀င်ခြင်း

ဘုရားကျောင်းများစွာ ပိတ်ထားနေရသည့် တိုင်းပြည်ရဲ့ တခုသော ဘုရားကျောင်းလေးကတော့ နေ့စဉ်လူပြည့်လို့နေပါတယ်။
အီတလီ မြောက်ပိုင်းပြည်နယ်ထဲ သင်္ချိုင်းတွင်းက ဘုရားကျောင်းလေးဟာတော့ဖြင့် Covid 19 ကြောင့်သေဆုံး
သည့် အလောင်းများ နေ့စဉ် မပြတ်တမ်းရောက်ရှိကာ သေဆုံးသူများနဲ့ ဘုရားကျောင်းဟာပြည့်နေပါတယ်။
မတ်လ ၁၁ မှ ၁၃ အထိ ကို အလောင်း ၄၀ ရောက်ရှိလာပြီး ပြည့်နေတယ်လို့ နယ်ခံတဉီးက ပြောကြောင်း စျာပန မစ္ဆားအတွက်မဟုတ်ပဲ မီးသင်္ဂြိုလ် ရန်အတွက် အလောင်းများတန်းစီနေတာဖြစ်တယ်လို့ဆိုပါတယ်။
နေ့စဉ် အယောင် ၂၀ လောက်သေဆုံး နေပြီး မီးသင်္ဂြိုလ်စက်ဟာ ၂၄ နာရီ အပြည့် မနားတမ်းလည်ပတ်နေပေမဲ့ အလောင်းတလောင်း မီးသင်္ဂြိုလ်အလှည့်ကျဘို့က ၅ ရက်လောက်စောင့်နေရပြီး မြို့တော်ခန်းမ ဆိုရင်လည်း လူသေ စာရင်းသွင်းဘို့ စောင့်နေကြတဲ့ လူတန်းရှည်ကြီးရှိ​ကြောင်း
Congregation of the Sisters of the Most Holy Child Mary အသင်းဂိုဏ်းမှ သီလရှင် Sr. Anna Maria Marconi ဟာ Covid ဝေဒနာသည်များအား ပြုစုစောင့်ရှောက်သူဖြစ်ပြီး သူမရဲ့ အတွေ့အကြုံကို ဗာတီကန် သတင်းဌာန သို့ အခုလိုပြောကြားခဲ့ပါတယ်
ပထမတော့ ဆွေမျိုးတွေဟာ လူနာ ကာတင်ဘေးမှာနေခွင့်ရှိတယ် နောက်တော့ မနေရတော့တဲ့ စည်းမျဉ်းထုတ်လိုက်တဲ့အခါ သူတို့တွေကြည့်ရတာ အရမ်းသနားစရာ ကောင်းပါတယ်။ ကျမကို အမျိုးသမီးတဉီးက လာပြောပြတယ် သူမရဲ့ အဖေ ကို ဆေးရုံခေါ်သွားကြပြီ ကျမအမေနဲ့ ကျမလဲ စောင့်ကြည့်လူနာခူထဲပါနေတာမို့ ကျမတို့တွေ အ​​ဖေ့ကိုလား ဒါမှမဟုတ် အဖေ့ ပြာအိုးကိုလား ပြန်တ​​ွေ့ရဘို့ မသေချာတော့ပါဘူးလို့ပြောတယ်ဆိုပြီး Sr က သူမ လူနာတွေကို နှစ်သိမ့်မှုပေးကြောင်းလေးတွေမျှ​ေ၀ ထားတာပါ။ Sr ဟာ ရက်သတ္တပတ် အတော်ကြာအောင်လူနာတွေနဲ့ နေခဲ့ရပြီး သူမအတူနေတဲ့ သီဘရှင် အဖွဲ့အစည်းမှာ သီလရှင် အပါး ၁၀၀ ရှိပြီး သက်ကြီး သီလရှင်လူနာများ အပါး၇၀ ရှိတာကြောင့် ဗိုင်းရပ်စ်ပိုး ကူမှာစိုးလို့ Sr ဟာ ခုဆိုရင် သူတို့နဲ့ အတူနေလို့ မရတော့ပါဘူး။
အသင်းအဖွဲ့နဲ့ လူအများကြီး အတူနေကြတဲ့ သီလရှင်အသင်းဂိုဏ်းများဟာ ရောဂါကူးစက်နိုင်ခြေအမြင့်ဆုံးဖြစ်ပါတယ်။ အီတလီနိုင်ငံ မီလန် မြို့နဲ့ ၄၂ မိုင် အကွာမှာရှိတဲ့ သီလရှင်ဂိုဏ်းချုပ် ကျောင်း mother house ဟာ မတ်လ ၁၃ ရက်နေ့က နေရာပြောင်းရွေ့ခဲ့ရပြီး အဲ့ဒီမှာရှိတဲ့ သီလရှင် ၂၄ ပါးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် လက္ခဏာတွေ တွေ့ရှိထားပြီး နောက်ထပ် သီလရှင် ၁၇ ပါး နဲ့ သီလရှင်ကျောင်းမှ ၀န်ထမ်း ၅ ဉီးကတော့ စောင့်ကြည့်လူနာအဖြစ်ရှိနေတယ်လို့ ဆိုပါတယ်။
အခုချိန်မှာတော့ အီတာလျံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က အင်တာနက်မှတဆင့် ဗီဒီယို စကားပြောခြင်း အစီအစဉ်တွေနဲ့ ဆေးရုံများသို့ ၄င်းတို့ဆီမှ ညွှန်ကြားချက်တွေကို ပေးပို့လျှက်ရှိ​ပါသည်။

By Sr.Lucia Thandar Aung, SJA

News Source: GlobalSistersReport,GSR

Photo courtesy: (CNS/Reuters/Alberto Lingria)

http://bit.ly/2xH6Sgm

Add new comment

1 + 9 =