ဘုရားကျောင်းဒီဇိုင်းပညာရှင် အိုင်ယာလန်ဘုန်းကြီး သက်တော် (၉၇) နှစ်တွင်ပျံလွန်

ဘုရားကျောင်းဒီဇိုင်းပညာရှင် အိုင်ယာလန်ဘုန်းကြီး သက်တော် (၉၇) နှစ်တွင်ပျံလွန်

ဖိလစ်ပိုင်နိုင်ငံအနှံ့ရှိဘုရားကျောင်းများစွာကို ဒီဇိုင်းရေးဆွဲပေးခဲ့သော အိုင်ယာလန်ဘုန်းတော်ကြီး သက်တော် (၉၇) နှစ်တွင်ပျံလွန်သွားခဲ့သည်။

သူ၏အမည်ကား Desmond Morrison ဟုခေါ် သည်။ သူသည်ကိုလန်ဘန်သာသနာပြုဘုန်းတော်ကြီးအသင်းမှဖြစ်ပြီး နို၀င်ဘလ (၂၃) စိန့်ကိုလန်ဘန် ၏ပွဲနေ့ည ဒေသစံတော်ချိန် (၇း၀၆) နာရီတွင် မနီလာ၌ပင်ပျံလွန်ခဲ့သည်။

သူ့အား (၁၉၂၅၊ ဖေဖော်၀ါရီ ၂၈) က အိုင်ယာလန်နိုင်ငံမြောက်ပိုင်း Derry ၌မွေးဖွားခဲ့သည်။ (၁၉၅၁) ခုနှစ်၌ ရဟန်းသိက္ခာထပ်ခဲ့ပြီး (၁၉၅၆) ခုနှစ်၌ သာသနာပြုရန် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာခဲ့ သည်။

သူသည် ကိုလန်ဘန်ဘုန်းတော်ကြီးများ၏သာသနာနယ်များ၌ အဆောက်အဦးဒီဇိုင်းအင်ဂျင်နီ ယာအဖြစ်ဘုရားကျောင်းများစွာကိုတည်ဆောက်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်း Mindanao မြို့ Ozamis ဂိုဏ်းချုပ်သာသနာ၏ အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ကယ်သီဒ ရယ်သည် သူလက်ရာပင်ဖြစ်သည်။

(၁၉၆၀) မှစ၍ သူသည် ထိုဂိုဏ်းချုပ်သာသနာအတွင်းအမှုတော် ထမ်းနေခဲ့သည်။ (၁၉၇၂) မှစ၍ သဘာ၀နည်းလမ်းဖြင့်သားဆက်ခြားနည်းလုပ်ငန်းစဉ်ကိုလည်းစတင်ခဲ့သည်။ သူသည်မြူးစိကိုလည်းအလွန်နှစ်ခြိုက်သူဖြစ်သည်။ သီချင်းများသီဆိုရသည်ကိုလည်းနှစ်ခြိုက်သည်။

ကိုလန်ဘန်သာသနာပြုဘုန်းတော်ကြီးအသင်းကို (၁၉၁၇) အိုင်ယာလန်နိုင်ငံတွင်တည်ထောင်ခဲ့သည်။ စတင်တည်ထောင်ချိန်၌ Maynooth သာသနာပြုအသင်းဟုလူသိများခဲ့သည်။ အဓိကဦးတည်သောသာသနာနယ်မှာ တရုတ်နိုင်ငံဖြစ်ခဲ့သည်။ သာသနာပြုအသင်း၌ ရဟန်းတော်များ၊ ရဟန်းလောင်း ကျောင်းသားများ၊ သာမန်ဘာသာတူများလည်းပါ၀င်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ucZSlg
 

Add new comment

1 + 19 =