ဘုရားကို ရှာတွေ့ခြင်းဆိုတာ ချစ်ခြင်းမေတ္တာကို ရှာတွေ့ခြင်းဖြစ်တယ်ဟု ပုပ်ဖရန်စစ်မြွက်ကြား

ဘုရားကို ရှာတွေ့ခြင်းဆိုတာ ချစ်ခြင်းမေတ္တာကို ရှာတွေ့ခြင်းဖြစ်တယ်ဟု ပုပ်ဖရန်စစ်မြွက်ကြား

တနင်္ဂနွေနေ့ အန်ဂျေလူးစ်မေ တ္တာဆိုရာ၌ ပုပ်ရဟန်း မင်း ကြီး ဖရန်စစ်အရှင်သူမြတ် သည် ထိုနေ့၏ကျမ်းစာတော်မြတ်ကို သုံးသပ်ထောက်ရှုရာမှ ယုံကြည်သူတို့အား ဘုရား ရှင်၏ ဖိတ်ခေါ်သံကို လက်ခံ ၍ ချစ်ခြင်းမေတ္တာဖြင့် တုံ့ပြန်ကြရန် တိုက်တွန်းနှိုး‌ဆော် ခဲ့ပါသည်။

တနင်္ဂနွေနေ့ ယုံကြည်သူများအား တွေ့ဆုံလေ့ရှိသည့် Vatican's Apostolic library မှ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် သခင်ခရစ် တော်ဆေးကြောခြင်းခံယူပြီးသည့်နောက်တစ်နေ့ ဂျော်ဒန်မြစ်၏ ပုံရိပ်ကို အသေးစိတ်ပြန်လည် ပြောပြခဲ့သည်။

"ဘုရား၏သိုးငယ်တော်ကို ကြည့်ကြလော့။ဟူ သော စ ကားကို ပြောလျက်မိမိတပည့်နှစ်ပါးကို မက်ဆီးယားရှင်ကို ညွှန်ပြ၍ ပြောသောသူမှာဆေး ကြောခြင်းကို ပေးသော ယောဟန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထိုစကားကို ကြားရသည့် တပည့်နှစ်ပါးတို့သည်လည်း သခင်ခရစ်တော်၏ နောက်တော်သို့ လိုက်ခဲ့ကြသည်။ ကိုယ်တော်သည် ထိုသူတို့ မိမိနောက်သို့ လိုက်လာသည်ကို သတိမူသဖြင့် တပည့် တော်တို့အား မည်သည့်အရာကို ရှာဖွေကြောင်းမေးမြန်းခဲ့ရာ ကိုယ်တော်သည် မည်သည့်‌အရပ်တွင်နေထိုင်းကြောင်းမေးမြန်းသဖြင့် သခင်ခရစ်တော်က "လာ၍ကြည့်ကြလျှင် သင်တို့တွေ့မြင်ကြရမည်။" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ ဖြေကြားချက်သည် ခေါ်တော်မူခြင်းမဟုတ်၊ နဖူးတွေ့ဒူးတွေ တွေ့ဆုံနိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်က ရှင်းပြခဲ့သည်။ တပည့်တော်ကြီးတို့ သည် ထိုနေ့လယ်ကို ကိုယ် တော်နှင့်အတူ ရှိခဲ့ကြသည်။ ကိုယ်တော်နှင့်အတူ ထိုင်၍ မေးခွန်းများမေးမြန်းခြင်း၊ ထို့အပြင် ကိုယ်တော် နှုတ်တော်ထွက်စကားကို ကြားနာ၍ ကိုယ်တော်၏ နှုတ်တော်ဖွင့်ဟချိန် နှု‌တ်တော်ထွက်စကားကြားရချိန် သူတို့၏ နှလုံး သားများသည် အရင်ထက် မီးတောက်နေသည်ကို စိတ် ကူးဖော်ကြည့်ရမည်မှာ မ လွယ်ကူလှချေ။ ထိုအချိန်သည် ညနေစောင်းအချိန်ဖြစ်၍ ဘုရားရှင်သာပေးနိုင်သည့် အလင်းသည် သူတို့အထဲ၌ တောက်လောင်လျက်ရှိနေသည်ကို သူတို့သိရှိခဲ့ကြသည်။ သူတို့၏ ညီအစ်ကိုများရှိရာသို့ ပြန်သွားကြသောအခါ သူတို့၏ နှလုံးသားထဲ၌ခံစားရသည့် ဝမ်းမြောက်ခြင်းသည် မြစ်ရေပမာ ပြည့်လျှံစွာစီးဆင်းလျက်ရှိသည်။ သူတို့အ ထဲမှ အန်ဒရူးဆိုသူက မိမိနောင်တော်အား "ပီတာ"ဟု

သခင်ခရစ်တော် မှည့်ခေါ်ခြင်းခံရသည့် "စီမွန်"အား "ငါတို့သည် မက်ဆီယားရှင်ကို ရှာတွေ့ခဲ့ကြပြီ" ဟု ပြောပြခဲ့သည်။"

"သူနှင့်အတူ ရှိနေရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်သော သခင်ခရစ်တော်၊ သူနှင့်တွေ့ဆုံရသည့် အတွေ့အကြုံကို ခေတ္တ ခဏတာမျှ ဆိတ်ငြိမ်စွာ ထောက်ရှုကြပါစို့။ ဘုရားရှင်သည် အယောက်စီတိုင်းအား ဖိတ်ခေါ်ခြင်းသည် သူ၏ချစ်ခြင်းမေတ္တာကို စတင်၍ အ ကောင်ထည်ဖော်ခြင်းဖြစ် သည်။

"ဘုရားရှင်သည် ဇီဝအသက်ရှိရာသို့ ခေါ်သည်။ ယုံကြည်ခြင်းရှိရာသို့ခေါ်သည်။ အ သက်တာ၌ သီးသန့်အရွယ်သို့ ကျွန်ုပ်တို့အားခေါ်သည်။ ကျွန်ုပ်တို့အား လူသားအဖြစ်တည်ရှိစေ‌သော ဇီဝအသက်ရှိရာသို့ကျွန်ုပ်တို့အားခေါ်သည်။ ၎င်းသည် တသီတသန်းဖန် ဆင်းထားခြင်းမဟုတ်သော ကြောင့် သီးသန့် ဖိတ်ခေါ်ခြင်း‌ဖြစ်သည်။ ထို့နောက် ဘုရားရှင်သည် ယုံကြည်ခြင်းရှိရာသို့ ကျွန်ုပ်တိုအားခေါ်တော်မူခြင်းဖြင့် ဘုရားရှင်၏ မိသားစုဝင်များ ဖြစ်စေသည်။ နောက်ဆုံးတွင်ဘုရားရှင်သည် လက်ထပ်ထိမ်းမြှားခြင်း၊ ရဟန်းဘောင်နှင့် သူတော်စင်ဘဝသို့ ကျွန်ုပ်တို့အား ဘဝ၏ သီးသန့်အရွယ်တွင် ခေါ်တော်မူသည်။

၎င်းတို့သည် ချစ်ခြင်း၏ ပုံစံဖြစ်သော ကျွန်ုပ်တို့ အယောက်စီတိုင်းအတွက် ဘုရားရှင်စီမံပေးသည့်ပုံစံကို ဖြစ်စဉ်အမျိုးမျိုးဖြင့် သိမြင်ခြင်းဖြစ်သည်။ ယုံကြည်သူတိုင်းအတွက် ကြီးမြတ်သည့် ဝမ်းမြောက်ခြင်းဆိုသည်မှာ ဘုရားရှင်၏ ခေါ်တော်မူခြင်းကို တုံ့ပြန်၍ ဘု ရားရှင်နှင့် မိမိတို့ ညီအစ်ကို မောင်နှမများ၏ အစေခံခြင်း၌ မိမိကိုယ်ကို လုံးလုံးလျားလျားဆက်ကပ်အပ်နှံခြင်းပင်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးသည် ဩဝါ ဒ တရားတော်ကို နိဂုံးချုပ်ရာ ၌ ခေါ်တော်မူခြင်း နည်းလမ်းပေါင်း ထောင်သောင်းတွင် ဘု ရားရှင်၏ ခေါ်တော်မူခြင်း၌ ကျွန်ုပ်တို့စိတ်၏ တုံ့ပြန်မှုသည် ငြင်းပယ်ခြင်းလည်းဖြစ်နိုင်သည်။ တချို့အချိန်များတွင် အကြောက်တရာကြောင့် လည်းဖြစ်နိုင်သည်။ ဘုရား ရှင်၏ ခေါ်တော်မူခြင်းသည် ချစ်ခြင်းမေတ္တာဖြစ်သော ကြောင့် ချစ်ခြင်းမေတ္တာဖြင့်သာ တုံ့ပြန်သင့်သည်။ အစပိုင်းတွင် ဘုရားရှင်နှင့် တွေ့ဆုံခြင်း သို့မဟုတ် သူ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အားဖော် ပြသည့် ခမည်းတော်ဘုရား၏ အကြောင်းကို ပြောသော သခင် ခရစ်တော်နှင့် ​တွေ့ဆုံခြင်းလည်းဖြစ်နိုင်သည်။ ထိုနောက်တွင် အလိုလိုနှင့် လူ သားတို့အား ကျွန်ုပ်တို့ ချစ်မြတ်နိုးသည့်အကြောင်းကိုဝေ မျှလို့သည့် ဆန္ဒများပေါ်လာ၍ "အချစ်ကို ငါရှာတွေ့ပြီ။ ဘဝရဲ့အနက်အဓိပ္ပါယ်ကို ငါရှာတွေ့ပြီ" ဘုရားကို ငါရှာတွေ့ပြီ။ " ဟူ၍ ပြောတတ်ကြသည်။

နောက်ဆုံးတွင် အန်ဂျေလူးမေတ္တာဆိုခြင်းကို အဆုံးမသတ်မီ ပုပ်ရဟန်းမင်းကြီးဖ

ရန်စစ်သည် မယ်တော်သခင်မသည် ကျွန်ုပ်တို့အားဘုရားရှင် အလိုတော်ပြည့်စုံဝမ်းမြောက်ခြင်းနှင့် နှိမ့်ချခြင်းဖြင့် ခေါ်သံကို တုံ့ပြန်ရာ၌ ချီးမွှမ်းခြင်းသီချင်းဖြင့် တုံ့ပြန်နိုင်ကြရန် ကျွန်ုပ်တို့အားကူညီစောင်မ တော်မူပါစေဟူ၍ မိန့်မြွက်ကာ ဩဝါဒတရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/2M9rNzM

Add new comment

6 + 2 =