ဘုရားကိုမယုံကြည်သူအဖြစ်မှ ကက်သလစ်ဘုန်းတော်ကြီးဖြစ်လာ

ဘုရားကိုမယုံကြည်သူအဖြစ်မှ ကက်သလစ်ဘုန်းတော်ကြီးဖြစ်လာ

ဘုရားကိုမယုံကြည်သူအဖြစ်မှ ကက်သလစ်ဘုန်းတော်ကြီးဖြစ်လာ

 

            ဘုရားကိုမယုံကြည်သူအဖြစ် မွေးဖွားကြီးပြင်းလာခဲ့ပြီးနောက် ကက်သလစ်ဘာ သာတူတစ်ဦးသာဖြစ်လာခဲ့ရုံမကဘဲ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခဲ့သူမှာ ဖာသာရ်ဂျွန်ဟုခေါ်ပြီး၊ မိသားစုနာမည်အပြည့်အစုံမှာ John Bartunek ဖြစ်သည်။

ဘုရားတရားနှင့်ပတ်သက်၍ သူအတွက်အနေစိမ်းခဲ့ရခြင်းမှာ သူကိုယ်တိုင်အားနည်းချက်‌ ကြောင့်မဟုတ်ပေ။ မိသားစု၏ပဲ့ကိုင်ရှင်ဖြစ်သော ဖခင်ဖြစ်သူသည် သားသမီးများငယ်ရွယ်စဉ်ကစ၍ မည်သည့်ဘာသာရေးအသင်းအဖွဲ့နှင့်မပတ်သက်ရန်သတိပေးလေ့ရှိသည်။ ငယ်စဉ်တောင်ကျေးကလေးဘ၀က မိဘတို့၏လောင်းရိပ်ကိုမလွန်ဆန်နိုင်သောကြောင့် ခေါင်းငုံ့နှုတ်ဆိတ်ငြိမ်နေခဲ့သည်။ ဆယ်ကျော်သက်အရွယ်ရောက်လာသောအခါ မိဘတို့ အားလွန်ဆန်လို၍မဟုတ်။ အတွင်းစိတ်၏စေ့ဆော်မှုကိုနာခံ၍ ဘာသာတရား၏လိုအပ်မှု၊ ဆာငတ်မှုကိုတောင့်တလာခဲ့သည်။ သို့ဖြင့် ခရစ်ယာန်တရားတော်ကို ညီမဖြစ်သူ၏ဆ ရာမမှတဆင့်စတင်ထိတွေ့ခဲ့ရသည်။ သူသည် ဘုရားသခင်ကိုယုံကြည်သက်၀င်သူမဟုတ်သော်ငြား ဘုရားကျောင်းမှကွာယာသီဆိုသောအဖွဲ့များသွားလေရာရာသို့ လိုက်ပါသွား သည်။ နောက်ပိုင်း၌ သူကိုယ်တိုင်ခရစ်ယာန်အဖြစ်ခံယူပြီး ကွာယာအဖွဲ့များနှင့်လိုက်ပါသီဆိုခဲ့သည်။ သူတက်သောကျောင်း၌လည်း သမိုင်းပ‌ရောဖက်ဆာသည် ဘုရားကိုမယုံ ကြည်သူဖြစ်သည်။ ပရောဖက်ဆာဖြစ်သူနှင့်လည်း ဘာသာရေးယုံကြည်ချက်နှင့်ပတ်သက်၍ အချေအတင်ဆွေးနွေးခဲ့ဖူးသည်။ ထိုဆွေးနွေးချက်မှသူသိလာခဲ့ရသည်မှာ ဘာသာ တရားကိုလေ့လာလိုက်စားမည်ဆိုပါက ဘာသာ (၂) ကိုသာသူ့အနေဖြင့်ညွှန်းလိုကြောင်း ထိုဘာသာနှစ်ခုကား (၁) ဂျူးဘာသာနှင့် (၂) ကက်သလစ်ခရစ်ယာန်ဖြစ်ကြောင်းသူ့ အားအကြံပေးခဲ့ဖူးသည်။ သူသည် အီတလီနိုင်ငံ၌ အချိန်အတော်ကြာနေထိုင်ဖြတ်သန်းအပြီး၌ သူသည် ကက်သလစ်ဘာသာ၀င်အဖြစ်ခံယူခဲ့သည်။ ထို့နောက် ကက်သလစ်ရဟန်း တစ်ပါးဖြစ်လာရန်ဆက်လက်၍ သင်ကြားရမည့်ပညာရပ်များကိုသင်ကြားပြီး၊ (၂၀၀၃) ခုနှစ်၌ ထာ၀ရရဟန်းသိက္ခာထပ်ခဲ့ပါသည်။ သူသည် ‘Inside the Passion’ အမည်ရ သောစာအုပ်တစ်အုပ်ကိုရေးသားခဲ့သည်။ ထိုစာအုပ်ကား ‘The Passion of the Christ’ ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သောမူရင်းစာအုပ်ပင်ဖြစ်သည်။     

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 

 

Add new comment

1 + 4 =