ဘုန်းတော်ကြီး Stan Swamy ကို Martin Ennals ဆုချီးမြှင့်

ဘုန်းတော်ကြီး Stan Swamy ကို Martin Ennals ဆုချီးမြှင့်

ဘုန်းတော်ကြီး Stan Swamy ကို Martin Ennals ဆုချီးမြှင့်

၂၀၂၂ ခုအတွက် လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများကို ချီးမြှင့်သည့် Martin Ennals ဆုကို အိန္ဒိယလူ့မှုတက်ကြွလှုပ် ရှားသူ ဘုန်းတော်ကြီး Stan Ennals ကို သူကွယ်လွန်ပြီးမှ ဇွန် ၂ ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ ဂျနီဗာ မြို့တွင် ဂုဏ်ပြုချီးမြှင်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွန်ဘိုင်း မြို့တွင် အကျဉ်းချ တရားစွဲဆိုထားခံရစဉ် ဂျေဇ္ဇဝစ်ဘုန်တော်ကြီး Fr. Swamy သည် လွန်ခဲ့သောနှစ်က ပျံလွန်တော် မူခဲ့ပါတယ်။

ဤဆုကို လူ့အခွင့်ရေးကာကွယ် စောင့်ရှောက်သူများအတွက် နိုဘဲလ် (The Nobel Prize) ဆုအဖြစ် တင်စား သတ်မှတ်နိုင်တာပါ။

Fr.Stan ကိုရွေးချယ်ရန် အမည်တင်သွင်းမှု ကို ၂၀၂၁ နွေးဦးကာလက ပြုလုပ်ခဲ့သော်လည်း ဝမ်းနည်ဖွယ်ကောင်းစွာ သူသေဆုံးပြီးမှသာ ဤဆုဟာ သူ့ဆီသို့ ရောက်ရှိခဲ့တာပါ လို့ ဆုရွေးချယ်ရေး အကြီးအကဲ Hans Thoolen က တရားဝင် သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့ပါတယ်။

ဤဆုရရှိသူကို ကမ္ဘာ့ထိပ်တန်း လူ့အခွင့်အရေး NGOs အဖွဲ့ ၁၀ ဖွဲ့ နှင့်ဖွဲ့စည်းထားသည့် ခုံရုံးမှ ရွေးချယ် ပေးခြင်းဖြစ်ကြောင်း

ဘုန်းတော်ကြီး Swamy ဟာ အိန္ဒိယနိုင်ငံ Jharkhand ရှိ လူမျိူးနွယ်စုငယ် Adivasi တို့​၏ လူ့အခွင့်အရေး မြှင့်တင်ပေးရန် အတွက် များစွာသော အသင်းအဖွဲ့များကို ထူထောင်ခဲ့သည့် တက်ကြွလှုပ်ရှားသူ တဦးပင် ဖြစ်ကြောင်း

သူဟာ ၂၀၁၈ ခုတွင် ဖြစ်ပွားသည့် Bhima Koregaon အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ဆက်နွယ်သည်ဟု စွပ်စွဲခံရပြီး ၂၀၂၀ ခု အောက်တိုဘာ ၈ ရက်နေ့ မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

Fr.Swamy ဟာ ကိုယ်လက်တုန်ရောဂါ (Parkinson's desease) ကို ၂၀၂၁ မေလ ၂၉ ထိတိုင်ထောင်တွင်း၌ ၉ လကြာ ဝေဒနာခံစားနေခဲ့ရပြီး ရောဂါအခြေနေဆိုးရွားလာသဖြင့် ဆေးရုံ သို့ လွှဲပြောင်း ပေးခဲ့ပါတယ်။

သူ့​၏ အာမခံလျှောက်ထားမှု မတိုင်ခင်တရက် ၂၀၂၁ ဇူလိုင်လ ၅ ရက်နေ့ သက်တော် ၈၄ နှစ်တွင် Fr.Swamy ပျံလွန်တော်မူခဲ့တာပါ။

သူ​၏ အာမခံဟာလည်း အကြိမ်ပေါင်းများစွာ ပါယ်ချ ခြင်းခံခဲ့ရပါတယ် ။ တရားရင်ဆိုင်စဉ် ယခုလို သေဆုံးရခြင်းအတွက် အိန္ဒိယနိုင်ငံတွင်းနှင့် နိုင်ငံခြားတိုင်းပြည် များ​၏ ဒေါသ ကို စေ့ဆော် ပေးရာ ရောက်ခဲ့တယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3xSAow8

Add new comment

1 + 5 =