ဘုန်းတော်ကြီးများအားလုံး၏ သန့်ရှင်းစင်ကြယ်ခြင်းအတွက် Annual Global Rosary Relay သည် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အတွက် ဆုတောင်းဖို့ရန် ဖိတ်ခေါ်ခြင်း

ဘုန်းတော်ကြီးများအားလုံး၏ သန့်ရှင်းစင်ကြယ်ခြင်းအတွက် Annual Global Rosary Relay သည် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အတွက် ဆုတောင်းဖို့ရန် ဖိတ်ခေါ်ခြင်း

ဘုန်းတော်ကြီးများအားလုံး၏ သန့်ရှင်းစင်ကြယ်ခြင်းအတွက် Annual Global Rosary Relay သည် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အတွက် ဆုတောင်းဖို့ရန် ဖိတ်ခေါ်ခြင်း

ရဟန်းတော်များ၏ သန့်ရှင်းဖြူစင်ခြင်းအတွက် ရည်ရွယ်သော " The annual Global Rosary Relay" သည်ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် အလွန်သန့်ရှင်းဖြူစင်သော ယေဇူးရွှေနှလုံးတော်ပွဲနေ့တွင် ကျင်းပခဲ့သည်။ ယခုနှစ်ပါဝင်သူများသည် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်အတွက် ဆုတောင်းပေးရန် Vatican News မှဖိတ်ခေါ်ခြင်းခံရသူများဖြစ်သည်။

ဇွန်လ၊ (၁၉)ရက်နေ့တွင်ကျင်းပသော အလွန်သန့်ရှင်းဖြူစင်သောယေဇူး‌ ရွှေနှလုံးပွဲနေ့၌ ကမ္ဘာတစ်ဝှမ်းရှိလူများသည် Global Rosary Relay ၏ (၁၁) ကြိမ်မြောက် နှစ်ပတ်လည်နေ့တွင် စုရုံးကြမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအရှင်မြတ်ကိုယ်တိုင်ပင် စိတ်ပုတီးစိတ်ခြင်းနှစ်၊ အချိန်ခါ သမယတွင် ရဟန်းတော်များ၏ သန်းရှင်းဖြူစင်ခြင်းအတွက် ပါဝင်ဆုတောင်းကြသူများအား ရဟန်းမင်း၏ ကောင်းကြီးတော်ကို ပေးခဲ့သည်။

The Global Rosary Relay သည် Marian Muhall ဟုခေါ်သော၊ ကြော်ငြာလောကတွင် ကျွမ်းကျင်သူမှ ကမ္ဘာတစ်ဝှမ်းရှိ ရဟန်းတော်များအား ဆုတောင်းခြင်းအားဖြင့် အားပေးကူညီပေးလိုသော ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သော Worldpriest Global Apostolate ၏ မူလအစဖြစ်သည်။ ရိုးရိုးလှုံ့ဆော်မှု Ms Mulhall’s ကိုယ်တိုင် ဝန်ခံချက်၊ လွန်ခဲ့သည့် (၁၁)နှစ်ကျော်က မနက်ခင်းတစ်ခုတွင် သူမ, နိုးလာသောအချိန် "နိုင်ငံပေါင်း (၂၀)နိုင်ငံနှင့် ဌါနပေါင်း(၂၀)" ပါရှိသည့် သံတမာန်လုပ်ငန်းသည် ရိုးရှင်းသော လှုံ့ဆော်မှု မှ ထွက်ပေါ်လာခဲ့ပြီး၊ သူမအချိန်တော်တော်ကြာအောင် သုံးသပ်ပြီးမှ ပြန်စဉ်းစားမိသည်မှာ သူမနှင့် သူမ၏ သူငယ်ချင်းများသည် "Annual Global Rosary Relay" ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က ပါဝင်လာကြသူများသည် များပြားလာခဲ့သည်။ Marion က "ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းမှာ ကျွန်ပ်တို့ရှိတယ်။ ဘယ်သူမှ အချန်မခံရဘူး" ဟု ပြောခဲ့ပါသည်။ (၂၀၁၉)ခုနှစ်တွင် Global Rosary Relay ၌ ဆုတောင်းမေတ္တာတည်ရှိရာနေရာပေါင်း (285) နေရာရှိပြီး အရေအတွက်များကို ရက်စွဲတပ်ရမည်ဆိုလျှင် ကမ္ဘာ့ထောင့်နေရာတိုင်းတွင် ဆုတောင်းမေတ္တာတည်ရှိသော နေရာသည် (၃၀၀) အထက်ရှိပါသည်။ တွေ့ဆုံမေးမြန်းခြင်းကို နားထောင်ကြည့်ကြရအောင်။ Pope Francis အတွက် ဆုတောင်းမေတ္တာ ယခုနှစ် Relay သည် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်အတွက် အပ်နှံထားသည်။ Marion ကလည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အတွက် အချိန်သတ်မှတ်ထားခြင်းရှိသောကြောင့် ယခုနှစ်တွင်မူ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်အတွက် အထူးဆုတောင်းသည့်အနေဖြင့် စိတ်ပုတီးစိတ်ခြင်းအား Zoom ၌ကျင်းပရန်ဆုံးဖြတ်ခဲ့ကြသည်။ သင့်တော်သည်ဟုလည်းသူမ၊ ထင်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဘာသာတူများမှ သူ့တွက် ဆုတောင်းပေးရန်တောင်းခံလေ့ရှိသည်။ ထို့ကြောင့် ဤအရာသည် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်အတွက် ဆုတောင်းပေးရန် အခွင့်ထူးကောင်း ဖြစ်နိုင်သည်။ ဟု ဖွင့်ချခဲ့ပါသည်။ သူမအား ဤကပ်ရောဂါဆိုက်နေချိန်တွင် ဗီဒီယိုအားဖြင့် ညှိနှိုင်းဆွေးနွေခြင်းသည် ယုံကြည်ခြင်းကို ပြန့်ပွားစေရန်၌ အသုံးဝင်/မဝင် မေးမြန်းသောအခါ သူမက ဘုရားကျောင်းတော်များပိတ်မိနေသော ကာလ၌ ဤလုပ်ဆောင်ချက်သည် လွန်စွာပင်အသုံးဝင်ကြောင်း ဖြေကြားခဲ့သည်။ ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါကြောင့် Global Rosary Relay ၏ တိုက်ရိုက်တင်ဆက်မှုအစီစဉ်တွင် လူများအား သူတို့ဆုတောင်းရာ နေရာမှ ပါဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။ Ms Mulhall ကလည်း "ဤအရာသည် ကမ္ဘာကြီးအား မိသားစုတစ်ခုတည်း၌ တစ်လုံးတစ်ဝတည်းဖြင့်တစ်စုတည်း ရှိစေသော ကြီးမားသော အခွင့်အရေးဖြစ်သည်။" ဟု လေးလေးနက်နက် ပြောဆိုခဲ့သည်။

 

ဘာသာပြန် Sr.Lucy Ciang,SJA

photo credit: AFP or licesors

https://bit.ly/2zScJkf

 

Add new comment

2 + 1 =