ဘုန်းတော်ကြီးတစ်ပါး ကိုဗစ်နဲ့ ပျံလွန်အပြီးဖိလစ်ပိုင်မှ ကက်သီဒြယ်ကျောင်းတစ်ကျောင်း ယာယီပိတ်ထား

ဘုန်းတော်ကြီးတစ်ပါး ကိုဗစ်နဲ့ ပျံလွန်အပြီးဖိလစ်ပိုင်မှ ကက်သီဒြယ်ကျောင်းတစ်ကျောင်း ယာယီပိတ်ထား

ဘုန်းတော်ကြီးတစ်ပါး ကိုဗစ်နဲ့ ပျံလွန်အပြီးဖိလစ်ပိုင်မှ ကက်သီဒြယ်ကျောင်းတစ်ကျောင်း ယာယီပိတ်ထား

ဖိလစ်ပိုင်နိုင်ငံ ကာလိုအိုကမ် မြို့တော်၊ စိန့်ရိုကယ် ကာသီဒြယ်ကျောင်းတော်ကြီးဟာ ယခုအခါ Lockdown ချပြီး ယာယီ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ ဧည့်သည်တော် အာဂန္တုဘုန်း တော် ကြီးတစ်ပါးဖြစ်တဲ့ Fr. Manuel Jadraque Jr. မှာ ကိုဗစ်ပိုးတွေ့ရှိကာ ထိုဘုန်းတော်ကြီးဟာ နှလုံးရပ်ပြီး စနေနေ့နံနက်က ပျံလွန်သွားခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

လော့ခ်ဒေါင်း ကို တနဂ်နွေနေ့က စတင်ခဲ့တာဖြစ်ပြီး ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ မသိရသေးကြောင်း

ကာလိုအိုကမ် ရဲ့ ဆရာတော်ကြီး  Bishop Pablo Virgilio David က ပျံလွန်သွားတဲ့ ဘုန်းတော်ကြီးဟာ ရထားဘူတာမှ  ကက်သီဒြယ်သို့ ဆိုက်ကားဖြင့်ရောက်ရှိလာကာ ရုတ်တရက်အမောဖောက်သွားတာဖြစ်ကြောင်း နဲ့ ဆေးရုံရောက်တဲ့အခါမှာ အသက်မရှင်တော့ကြောင်း,

သူဟာ ဖိလစ်ပိုင်နိုင်ငံ Mission Society မှဖြစ်ပြီး နယူးဇီလန်ကို ပြန်ဘို့ ယာထားပေမယ့် ကိုဗစ်တားမြစ်ချက်တွေကြောင့် မပြန်နိုင်သေးတာဖြစ်ကြောင်း

ဘုန်းတော်ကြီးဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားသူဖြစ်ပေမယ့် ကိုဗစ် အပေါင်းလက္ခဏာ တွေ့ရကြောင်း နှင့် မြို့တော်ဝန်အား ဖာသာရ်မာနူအဲလ် အတွက်ဆေးစစ်ချက်ပြုလုပ်ပေးပါရန် တောင်းဆိုထားတယ်လို့ ဆရာတော်ကြီးမှ ပြောကြားခဲ့ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of RALF NESTOR NACOR/WIKIMEDIA COMMONS

https://bit.ly/3eVj5AQ

Add new comment

8 + 9 =