ဘိုကိုဟာရမ်သူပုန်တို့၏သားကောင်ဖြစ်ခဲ့သောအမျိုးသမီးများအားကက်သလစ်သာသနာက ငွေကြေးထောက်ပံ့

ဘိုကိုဟာရမ်သူပုန်တို့၏သားကောင်ဖြစ်ခဲ့သောအမျိုးသမီးများအားကက်သလစ်သာသနာက ငွေကြေးထောက်ပံ့

နိုင်ဂျီးရီးယားနိုင်ငံ၊ Yola ကက်သလစ်ဂိုဏ်းအုပ်သာသနာက ဘိုကိုဟာရမ်သူပုန်တို့၏သားကောင်ဖြစ်ခဲ့သော Adamawa ပြည်နယ်မှ အမျိုးသမီး (၃၀၀) အားငွေကြေးထောက်ပံ့မှုများပေးခဲ့သည်။

သာသနာအနေဖြင့် ဤထောက်ပံ့မှုအတွက် နိုင်ဂျီးရီးယားငွေ သန်း (၃၀) အသုံးပြုထားသည်။ ယခုကဲ့သို့ထောက်ပံ့ရခြင်းမှာ သူပုန်တို့၏ သားကောင်ဖြစ်ခဲ့သော အမျိုးသမီးကြီးငယ်များအား ၄င်းတို့ဆုံးရှုံးခဲ့မှုအစုစုအတွက် ဘက်စုံမှပြန်လည်ထူထောင်ပေးရန်၊ လူ့အသိုင်းအ၀ိုင်း၌အပယ်ခံများ၊ လူပိုများမဖြစ်စေရန်၊ ငွေကြေးအရ လည်းမိသားစု၊ လူမှုအသိုင်းအ၀ိုင်းအား၀န်ထုပ်မဖြစ်ရန်ရည်ရွယ်ကြောင်း၊ ကြုံတွေ့ခံစားခဲ့ရသည့်အဖြစ်ဆိုး များအတွက် ခွင့်လွတ်မေ့ပျောက်ရန်မှာမလွယ်ကြောင်း၊ သို့သော် ခရစ္စတူးသခင်၏မျက်နှာတော်ကိုထောက် ၍ခွင့်လွတ်နိုင်ရန်အားထုတ်ရကြောင်း၊ ယခုပေးလိုက်သောအကူ အညီကို လက္ခံရရှိသူများအနေဖြင့် မိမိတို့၏ ဘ၀ကိုပြန်လည်တည်ဆောက်ရာ၌ အကျိုးရှိစွာအသုံးပြုပြီး ၄င်းတို့၏နာကြင်ခဲ့ရသောဘ၀ကို သာမန်ဘ၀ ကိုပြန်လည်ထူထောင်ရာ၌အကျိုးရှိစွာအသုံးပြုမည်ဟုမျှော်လင့်ကြောင်း သာသနာပိုင်ဆရာတော် Stephen Dami Mamza ကရှင်းပြခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့သည် အစ္စလာမ်ဘာသာ၀င်အဖွဲ့ဖြစ်ပြီး Muhammed Yusuf မှနိုင်ဂျီးရီးယားနိုင်ငံအရှေ့ မြောက်ပိုင်း၌ (၂၀၂၂) တွင်တည် ထောင်ခဲ့သည်။ ဤအဖွဲ့သည် မိမိတို့၏ဘာသာရေးကိုအကြောင်းပြုပြီး မတရားအကြမ်းဖက်သည့်လုပ်ရပ်များ၊ လူ့အသက်သတ်ဖြတ်ခြင်းများကို (၂၀၀၉) ခုနှစ်မှစ၍ နိုင်ဂျီးရီးယားနိုင်ငံတစ်၀ှမ်း၌ဖြန့်ကျက်ကျူးလွန်လာခဲ့သည့်အဖွဲ့ဖြစ်သည်။ ဘိုကိုဟာရမ်နှင့် ISIS-WA တို့သည် လူပြန်ပေးဆွဲမှု၊ အကြမ်းဖက်သည့်လုပ်ရပ်များကို Borno၊ Yobe၊ Adamawa ပြည်နယ်တို့၌လည်းဆိုးရွားစွာကျူးလွန်ခဲ့သည်ကိုသတိထားမိခဲ့ကြသည်။

ဘာသာရေးအကြောင်းပြကာ အကြမ်း ဖက်မှုများ၊ လူပြန်ပေးဆွဲမှုများကိုကျူးလွန်နေသော ဘိုကိုဟာရမ်အဖွဲ့တို့၏ပြစ်မှုများကိုလေ့လာဖော်ထုတ်သော Georgetown အပြည်ပြည်ဆိုင်ရာအရေးဂျာနယ်၌ ဘိုကိုဟာရမ်တို့သည် အမျိုးသမီးများ၊ မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိသူတို့အား အကြမ်းဖက်ကာ အနောက်တိုင်းဆန့်ကျင့်ရေး၊ တရားသောစစ်ကိုဆင်နွှဲသည့်အကြောင်း (jihadi)၊ အုပ်စုဖွဲ့လွိင်ပိုင်းအကြမ်း ဖက်ကျူးလွန်ခြင်းများ၊ လက်နက်မှောင်ခိုရောင်း၀ယ်ခြင်း၊ အတင်းအဓမ္မလက်ထပ်ပေါင်းသင်းခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်း စသောပြစ်မှုများကိုကျူးလွန်ထားကြောင်းတွေ့ရှိထားသည်။ အမျိုးသမီးများတို့အား လွိင်ကျွန်အဖြစ်လည်းကောင်း၊ လူဒိုင်းနှင့်အသေခံဗုံးများအဖြစ်အသုံးပြုသည်များကိုလည်းတွေ့ရှိထားကြောင်းဖော်ပြထားသည်။

ဘိုကိုဟာရမ်အား နိုင်ငံခြားအဖွဲ့အစည်းကိုတိုက်ခိုက်ဖျက်ဆီးရန်ဖွဲ့စည်းထားသောအဖွဲ့အစည်းအဖြစ် အမေရိကန်ပြည်ထဲရေးက (နို၀င်ဘာလ ၂၀၁၃) ခုနှစ်ကကြေညာထားပြီးဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3cpvY

 

Add new comment

2 + 0 =