ဘိုကိုဟာရမ်တို့၏လက်မှ ပြန်လည်လွတ်မြောက်လာသူ မှုမမှန်ဖြစ်နေ၍ကုသမှုခံယူနေရ

ဘိုကိုဟာရမ်တို့၏လက်မှ ပြန်လည်လွတ်မြောက်လာသူ မှုမမှန်ဖြစ်နေ၍ကုသမှုခံယူနေရ

ဘိုပိုဟာရမ် တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသူများမှာ Maria Joseph နှင့် Janada Marcus တို့ဖြစ်ကြသည်။ ၄င်းတို့နှစ်ဦးသည်နိုင်ဂျီးရီးယား၌ အမျိုးသား၊ အမျိုးသမီးများစွာဘိုကိုဟာရမ်တို့၏ဖမ်းဆီးခြင်းခံခဲ့ရသူများထဲတွင်ပါသွားခဲ့သူများဖြစ်သည်။ ဤမွတ်စလင်အစွန်းရောက်အကြမ်းဖက်အဖွဲ့သည် လွန်ခဲ့သော (၁၃) နှစ်မှစ၍ နိုင်ဂျီးရီးယားနိုင်ငံအတွင်းလူ့အသက်ပေါင်း (၇၅၀၀၀) ကိုသတ်ဖြတ်ခဲ့သည်ဟုဆိုသည်။

Janada သည်ဖမ်းဆီးခံရချိန်၌သူ၏ မိသားစုလည်းပါ သည်။ ဖခင်ဖြစ်သူမှာသမီးအရင်းအားဗလာကာ ယပြုရန်အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ အတင်းအဓမ္မစေခိုင်းမှုကိုငြင်းဆန်ခဲ့သောကြောင့် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသည်။ ဘိုကိုဟာရမ်သည်နိုင်ငံရေးကိုဘာသာရေးအသွင်အသုံးချ၍ ၄င်းတို့၏ဘာသာထဲသို့အတင်းအကြပ်သွပ်သွင်းလုပ်ဆောင်သောအစွန်းရောက်အကြမ်းဖက်ဘာသာရေး-နိုင်ငံရေးအဖွဲ့ဖြစ်သည်။

တစ်ခါတစ်ရံ၌ ဖမ်းဆီးထားသောသူတို့၏အမည်များကိုလည်း ၄င်းတို့ဘာသာရေးအမည်များပေးပြီး ဖမ်းဆီးခံထားရသူများ၏မူလဘာသာဆိုင်ရာဆုတောင်း ၀တ်ပြုခြင်းများကိုလည်းတင်းကြပ်စွာပိတ်ပင်လေ့ရှိသည်။ ၄င်းတို့၏အဓိကပစ်မှတ်မှာ ခရစ်ယာန်ဘာသာ၀င်များဖြစ်ကြသည်။

Janada ၏မိခင်သည်ဘာသာရေးလွန်စွာကိုင်းရှိုင်းသူဖြစ်သည်။ ဖမ်းဆီးခံခဲ့ရသည့်အချိန်၌ လည်းမိမိတို့၏ယုံကြည်ခြင်းကိုမစွန့်ရန်အစဉ်သွန်သင်လာခဲ့သူဖြစ်သည်။ Janada နှင့် Maria တို့သည်အစွန်း ရောက်အကြမ်းဖက်အဖွဲ့၏လက်ထဲမှထွက်ပြေးလွတ်မြောက်လာပြီးနောက် Maiduguri ရှိစိတ်ပိုင်းဆိုင်ရာမူမမှန်သောသူများအားစောင့်ရှောက်ကုသသောနေရာသို့ခိုလှုံလာခဲ့သည်။ ထိုနေရာ၌၄င်းတို့၏စိတ်ပိုင်းဆိုင် ရာပုံမှန်ပြန်လည်ဖြစ်လာစေရန်ကျွမ်းကျင်ပညာရှင်များ၏အကူအညီဖြင့်ကုသပေးလျှက်ရှိသည်။

သာသနာအတွင်းအကူအညီလိုအပ်နေသောသာသနာနယ်များအားကူညီစောင့်ရှောက်ပေးသော အဖွဲ့အစည်းမှအစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း ၏လက်ထဲမှလွှတ်မြောက်လာသူတို့နှင့်ဖုန်းဖြင့်စကားပြောဖြစ်ခဲ့သည်။ ဤသို့စကားပြောခဲ့ခြင်းမှာ ဤအဖွဲ့အစည်းမှလွတ်မြောက်လာသူတို့၏ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောငရဲခန်းမှအဖြစ်အပျက်ကို လုပ်ကြံပြောဆိုခြင်းမဟုတ်ဘဲအဖြစ်မှန်ကိုကမ္ဘာကြီးအားလည်းချပြနိုင်ရန်သက်သေအဖြစ်မှတ်တမ်းယူထားခဲ့ခြင်းဖြစ်သည်။

ယခုလွတ်မြောက်လာသောအမျိုးသမီးနှစ်ဦးသည် ဤသို့ကြုံတွေ့ခံစားနေရသည့်အဖြစ်ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှကူညီပေးရန်ကိုလည်း တောင်းခံခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3mEtZBX

Add new comment

4 + 5 =