ဘာသာဝင်များကိုချစ်ခြင်းမေတ္တာဖြင့်သာကြည့်ရှုစောင့်ရှောက်ကြပါ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဘုန်းတော်ကြီး Michael CzernySJ, Msgr Antoine Camilleri, Paolo Rudelli နှင့် Paolo Borgia တို့ကိုဆရာတော်သိက္ခာတင်မြှောက်ပေးခဲ့

ဘာသာဝင်များကိုချစ်ခြင်းမေတ္တာဖြင့်သာကြည့်ရှုစောင့်ရှောက်ကြပါ
အောက်တိုဘာလ ၄၊ ၂၀၁၉

အောက်တိုဘာလ ၄ ရက် နေ့က ဗာတီကန် နိုင်ငံ စိန့်ပီတာ ဘာစီလီကာ ကျောင်းတော်ကြီး တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဘုန်းတော်ကြီး Michael CzernySJ, Msgr Antoine Camilleri, Paolo Rudelli နှင့် Paolo Borgia တို့ကိုဆရာတော်သိက္ခာတင်မြှောက်ပေးခဲ့ပါသည်။
ယင်းဆရာတော်သိက္ခာတင်ခြင်းအခမ်းနားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဆရာတော်သစ်များအား အသင်းတော်၏စဉ်ဆက်မပြတ်စီးဆင်းလာသောတာဝန်ဝတ္တရားများအကြောင်းကို ဝေမျှဟောကြားခဲ့ပါသည်။

မပျက်စီးနိုင်သောအစဉ်အလာ
တပည့်တော်ကြီးတစ်ဆယ့်နှစ်ပါးသည် သခင်ခရစ်တော်ထံမှ သူတို့ရရှိခဲ့သော‌ကျေးဇူးတော်များကို လက်တင်ခြင်းမင်္ဂလာဖြင့် အစဉ်အလာအရစဉ်ဆက်မပြတ်လက်ဆင့်ကမ်း‌ပေးဆပ်ခဲ့သော ကျေးဇူးတော်နှင့်တာဝန်ဝတ္တရားများသည် သာသနာတော်၏ရှင်သန်နေသောထုံးတမ်းအစဉ်အလာများဖြစ်ကြောင်း နှင့် သခင်ခရစ်တော်ပေးခဲ့သည့် တာဝန်ဝတ္တရားကို ယနေ့ကျွန်ုပ်တို့လက်ထက်တိုင် ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နေခြင်းဖြစ်‌ကြောင်းဟောကြားခဲ့ပါသည်။

ယုံကြည်ခြင်းကျေးဇူးတော်အားဖြင့် ဘာသာဝင်သားသမီးများကိုကယ်တင်ခြင်းနှုတ်ကပတ်တော်‌ကြေညာခြင်းနှင့် သန့်ရှင်းစင်ကြယ်စေခြင်း အမှုတို့ကိုဆရာတော်ကြီးများမှ တစ်ဆင့် သခင်ခရစ်တော်ကိုယ်တိုင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ဘုရားရှင်၏သားသမီးများကို ကောင်းကင်နိုင်ငံတော်သို့ လမ်းပြခေါ်ဆောင်နေသော ဆရာတော်ကြီးတို့၏ တတ်သိနားလည်မှုနဲ့ ဉာဏ်ပညာတော်တို့သည် သခင်ခရစ်တော်၏ထိန်းကျောင်းမှုဖြင့် ရှေ့ဆက်လျှောက်လှမ်းနေသည်ကိုသတိရှိကြဖို့၊

အုပ်စိုးခြင်းထက်၊ အစေ့ခံခြင်းသည် ဆရာတော်များအတွက် သာ၍ကြီးမားသောတာဝန်ဝတ္တရားဖြစ်ကြောင်း၊ ဘုရားသခင်သည်သင်တို့ကို ဂုဏ်သိက္ခာတွက်မဟုတ်အ‌ဆောင်းအရောင်များအတွက်မဟုတ် အစေခံခြင်းအတွက်သာခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ သိက္ခာခံယူခဲ့သည်ဆရာတော်ကြီးများအား ပုပ်ရဟန်းမင်းကြီးမှသတိပေးခဲ့ပါသည်။ ဆက်လက်ပြီးပုပ်ရဟန်းမင်းကြီးမှ ဆရာတော်အသစ်များအား နှုတ်ကပတ်တော်ဝေမျြှခင်းအမှုကို အခွင့်အရေးရသည်ဖြစ်စေမရသည်ဖြစ်စေ ဝေမျှကြဖို့ ဘာသာဝင်သိုးစုများကို စိတ်သဘောထားပြည့်ဝစွာဖြင့်တိုက်တွန်းခြင်း၊ ဆုံးမခြင်းသတိပေးခြင်းများ ပြုလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီးမှသတိပေးခဲ့ပါသည်။

သိုးထိန်းကောင်းသည်သိုးတို့ကို သိသကဲ့သို့ သိုးတို့သည်လည်းသိုးထိန်းကိုသိကြ၏ သိုးထိန်းကောင်းသည်သူ၏သိုးတို့အတွက် အသက်ပေးရန်ဝန်လေးမှုမရှိသကဲ့ သင်တို့သည်လည်း သစ္စာရှိသူ၊ အုပ်ထိန်းပေးသူ၊ ကာကွယ်စောင့်ရှောက်ကုသပေးသူများဖြစ်ကြဖို့ ရဟန်းမင်းကြီးမှညွှန်ကြားပေးခဲ့ပါသည်။

ဆက်လက်ပြီးပုပ်ရဟန်းမင်းကြီးမှ ဆရာတော်ကြီးများအား ဘုရားရှင်သည်သင်တို့လက်သို့အပ်နှံထားသော အကူအညီလိုအပ်သူများ၊ ကာကွယ်စောင့်ရှောက်မှုလိုအပ်သူများ၊ ဆင်းရဲသားများ၊ ကိုရင်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဘာသာဝင်သိုးစုများကို ချစ်ခြင်းမေတ္တာဖြစ်ကြည့်ရှု့စောင့်ရှောက်ကြဖို့ပြောကြားခဲ့ပါသည်။

အသင်းတော်အားအသက်ဆက်ရှင်သန်နေရန်‌ကျေးဇူးတော်ပေးနေသော သန့်ရှင်းသောဝိညာဉ်တော်၏ကျေးဇူးတော်များဖြင့် သာသနာတော်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သင်တို့အား သိုးထိန်းအဖြစ်၊ ဟောကြားသူအဖြစ်၊ သင်ကြားပေးသူအဖြစ်ခန့်အပ်ခဲ့သော သခင်ခရစ်တော်၏နာမတော်မြတ်၌၊ အဖခမည်းတော်၏ဘုန်းဂုဏ်တော်ကိုထင်ရှားစေရန် ချစ်ခြင်းမေတ္တာပြည့်ဝသောနှလုံးသားများဖြင့် သင်တို့၏ဘာသာဝင်သိုးစုများကို ကြည့်ရှု့စောင့်ရှောက်ကြပါဟု ပုပ်ရဟန်းမင်းကြီးမှမှာကြားခဲ့ပါသည်။
By Kyi Making
Credit to Vatican News
https://bit.ly/2MiGpt5

 

 

Zawgyi

ဘာသာဝင္မ်ားကိုခ်စ္ျခင္းေမတၲာျဖင့္သာၾကၫ့္ရႈေစာင့္ေရွာက္ၾကပါ
ေအာက္တိုဘာလ ၄၊ ၂၀၁၉

ေအာက္တိုဘာလ ၄ ရက္ ေန႔က ဗာတီကန္ ႏိုင္ငံ စိန့္ပီတာ ဘာစီလီကာ ေက်ာင္းေတာ္ႀကီး တြင္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္အရွင္သူျမတ္မွ ဘုန္းေတာ္ႀကီး Michael CzernySJ, Msgr Antoine Camilleri, Paolo Rudelli ႏွင့္ Paolo Borgia တို႔ကိုဆရာေတာ္သိကၡာတင္ေျမႇာက္ေပးခဲ့ပါသည္။
ယင္းဆရာေတာ္သိကၡာတင္ျခင္းအခမ္းနားတြင္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ အရွင္သူျမတ္မွ ဆရာေတာ္သစ္မ်ားအား အသင္းေတာ္၏စဉ္ဆက္မျပတ္စီးဆင္းလာေသာတာဝန္ဝတၲရားမ်ားအေၾကာင္းကို ေဝမ်ွေဟာၾကားခဲ့ပါသည္။

မပ်က္စီးႏိုင္ေသာအစဉ္အလာ
တပၫ့္ေတာ္ႀကီးတစ္ဆယ့္ႏွစ္ပါးသည္ သခင္ခရစ္ေတာ္ထံမွ သူတို႔ရရိွခဲ့ေသာ‌ေက်းဇူးေတာ္မ်ားကို လက္တင္ျခင္းမဂၤလာျဖင့္ အစဉ္အလာအရစဉ္ဆက္မျပတ္လက္ဆင့္ကမ္း‌ေပးဆပ္ခဲ့ေသာ ေက်းဇူးေတာ္ႏွင့္တာဝန္ဝတၲရားမ်ားသည္ သာသနာေတာ္၏ရွင္သန္ေနေသာထံုးတမ္းအစဉ္အလာမ်ားျဖစ္ေၾကာင္း ႏွင့္ သခင္ခရစ္ေတာ္ေပးခဲ့သၫ့္ တာဝန္ဝတၲရားကို ယေန႔ကြၽႏ္ုပ္တို႔လက္ထက္တိုင္ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္လုပ္ေဆာင္ေနျခင္းျဖစ္‌ေျကာင္းေဟာျကားခဲ႔ပါသည္။

ယံုၾကည္ျခင္းေက်းဇူးေတာ္အားျဖင့္ ဘာသာဝင္သားသမီးမ်ားကိုကယ္တင္ျခင္းႏႈတ္ကပတ္ေတာ္‌ေၾကညာျခင္းႏွင့္ သန႔္ရွင္းစင္ၾကယ္ေစျခင္း အမႈတို႔ကိုဆရာေတာ္ႀကီးမ်ားမွ တစ္ဆင့္ သခင္ခရစ္ေတာ္ကိုယ္တိုင္ ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း၊ ဘုရားရွင္၏သားသမီးမ်ားကို ေကာင္းကင္ႏိုင္ငံေတာ္သို႔ လမ္းျပေခၚေဆာင္ေနေသာ ဆရာေတာ္ႀကီးတို႔၏ တတ္သိနားလည္မႈနဲ႔ ဉာဏ္ပညာေတာ္တို႔သည္ သခင္ခရစ္ေတာ္၏ထိန္းေက်ာင္းမႈျဖင့္ ေရ႔ွဆက္ေလ်ွာက္လွမ္းေနသည္ကိုသတိရိွျကဖို႔၊

အုပ္စိုးျခင္းထက္၊ အေစ့ခံျခင္းသည္ ဆရာေတာ္မ်ားအတြက္ သာ၍ႀကီးမားေသာတာဝန္ဝတၲရားျဖစ္ေၾကာင္း၊ ဘုရားသခင္သည္သင္တို႔ကို ဂုဏ္သိကၡာတြက္မဟုတ္အ‌ေဆာင္းအေရာင္မ်ားအတြက္မဟုတ္ အေစခံျခင္းအတြက္သာေခၚခဲ့ျခင္းျဖစ္ေၾကာင္း၊ သိကၡာခံယူခဲ့သည္ဆရာေတာ္ႀကီးမ်ားအား ပုပ္ရဟန္းမင္းႀကီးမွသတိေပးခဲ့ပါသည္။ ဆက္လက္ၿပီးပုပ္ရဟန္းမင္းႀကီးမွ ဆရာေတာ္အသစ္မ်ားအား ႏႈတ္ကပတ္ေတာ္ေဝမ်ျွခင္းအမႈကို အခြင့္အေရးရသည္ျဖစ္ေစမရသည္ျဖစ္ေစ ေဝမ်ွၾကဖို႔ ဘာသာဝင္သိုးစုမ်ားကို စိတ္သေဘာထားျပၫ့္ဝစြာျဖင့္တိုက္တြန္းျခင္း၊ ဆံုးမျခင္းသတိေပးျခင္းမ်ား ျပဳလုပ္ၾကဖို႔ ပုပ္ရဟန္းမင္းႀကီးမွသတိေပးခဲ့ပါသည္။

သိုးထိန္းေကာင္းသည္သုိးတို႔ကို သိသကဲ့သို႔ သိုးတို႔သည္လည္းသိုးထိန္းကိုသိၾက၏ သိုးထိန္းေကာင္းသည္သူ၏သိုးတုိ႔အတြက္ အသက္ေပးရန္ဝန္ေလးမႈမရိွသကဲ့ သင္တို႔သည္လည္း သစၥာရိွသူ၊ အုပ္ထိန္းေပးသူ၊ ကာကြယ္ေစာင့္ေရွာက္ကုသေပးသူမ်ားျဖစ္ၾကဖို႔ ရဟန္းမင္းႀကီးမွၫႊန္ၾကားေပးခဲ့ပါသည္။

ဆက္လက္ၿပီးပုပ္ရဟန္းမင္းႀကီးမွ ဆရာေတာ္ႀကီးမ်ားအား ဘုရားရွင္သည္သင္တို႔လက္သို႔အပ္နွံထားေသာ အကူအညီလိုအပ္သူမ်ား၊ ကာကြယ္ေစာင့္ေရွာက္မႈလိုအပ္သူမ်ား၊ ဆင္းရဲသားမ်ား၊ ကိုရင္ႀကီးမ်ား၊ ဘုန္းေတာ္ႀကီးမ်ား၊ ဘာသာဝင္သိုးစုမ်ားကို ခ်စ္ျခင္းေမတၲာျဖစ္ၾကၫ့္ရႈ႔ေစာင့္ေရွာက္ၾကဖို႔ေျပာၾကားခဲ့ပါသည္။

အသင္းေတာ္အားအသက္ဆက္ရွင္သန္ေနရန္‌ေက်းဇူးေတာ္ေပးေနေသာ သန႔္ရွင္းေသာဝိညာဉ္ေတာ္၏ေက်းဇူးေတာ္မ်ားျဖင့္ သာသနာေတာ္ကိုထိန္းသိမ္းေစာင့္ေရွာက္ျခင္း၊ သင္တို႔အား သိုးထိန္းအျဖစ္၊ ေဟာၾကားသူအျဖစ္၊ သင္ၾကားေပးသူအျဖစ္ခန႔္အပ္ခဲ့ေသာ သခင္ခရစ္ေတာ္၏နာမေတာ္ျမတ္၌၊ အဖခမည္းေတာ္၏ဘုန္းဂုဏ္ေတာ္ကိုထင္ရွားေစရန္ ခ်စ္ျခင္းေမတၲာျပၫ့္ဝေသာႏွလံုးသားမ်ားျဖင့္ သင္တို႔၏ဘာသာဝင္သုိးစုမ်ားကို ၾကၫ့္ရႈ႔ေစာင့္ေရွာက္ၾကပါဟု ပုပ္ရဟန္းမင္းႀကီးမွမွာၾကားခဲ့ပါသည္။
By Kyi Making
Credit to Vatican News
https://bit.ly/2MiGpt5

Add new comment

5 + 12 =