ဘာသာပေါင်းစုံ ခရစ္စမတ်အကြိ်ု မိတ်ဆုံစားပွဲနှင့် သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနား မန္တလေးကက်သလစ်သာသနာ

ဘာသာပေါင်းစုံ ခရစ္စမတ်အကြိ်ု မိတ်ဆုံစားပွဲနှင့် သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနား မန္တလေးကက်သလစ်သာသနာတွင် ပြုလုပ်ခဲ့ခြင်းသတင်း။
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ(၁၄) ရက်နေ့ နံနက်ပိုင်း က စိန်ကိုလန်ဘန် သီလရှင်များဦးစီးသည့် ဘာသာပေါင်းစုံအမျိုးသမီးအဖွဲ့မှဦးဆောင်၍ ဘာသာပေါငး်စုံ ခရစ္စမတ်အကြိုပွဲတော်နှင့် သစ်ပင်စိုက်ပျိုးခြငး် အခမ်းအနားတစ်ခုကိုလုပ်ဆောင်ခဲ့ပါသည်။
အခမ်းအနားသို့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာနှင့် ဘဟာအီ ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်ကြီးများနှင့် ဖိတ်ကြားထားသော ကိုယ်စားလှယ်များပါ၀င်ခဲ့ပါသည်။
ရွှေနှလုံးတော်ကျောင်းဝင်းအတွင်း နံနက်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီးနောက် သစ်ပင်စိုက်ပျိုးခြင်းကိုလုပ်ဆောင်ခဲ့ကြပါသည်။
သစ်ပင်များအား ရွှေနှလုံးတော်ကျောင်းဝင်းအတွင်း၊ရွှေကျီးမြင်ဘုရားအတွင်း၊စရီးအမိဘီကာမယ်တော်ကြီးဘုရားကျောင်းအတွင်းနှင့် ကျောက်ဗလီအတွင်းများသို့ အတူတကွလမ်းလျှောက်သွားကြ၍ တစ်နေရာလျှင် သစ်ပင်နှစ်ပင်စီ စိုက်ပျိုးခဲ့ကြပါသည်။
၎င်းသစ်ပင်တို့မှာ တပြည်ပူရပင်နှင့် Peace Lili ပင်တို့ဖြစ်ပါသည်။
ဘာသာပေါင်းစုံခရစ္စမတ်အကြိုပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါသည်။သို့သော် ယခုနှစ်တွင် သစ်ပင်စိုက်ပျိုးခြင်းကို ထည့်ရခြင်းရည်ရွယ်ချက်သည် ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ လူသားများအားလုံးသည် ကမ္ဘာ မြေကြီးတစ်ခုတည်းပေါ်တွင် အတူတကွ နေထိုင်၍ တစ်ခုတည်းသော လေကိုသာ အတူတကွ ရှုရှိုက်ကြရတာဖြစ်ကြောင်း၊သစ်ပင်များဟာ အောက်စီဂျင်ကို ထုတ်လွှတ်ပေးကြတဲ့အတွက် သစ်ပင်စိုက်ရန်ရွေးချယ်ခဲ့ရခြင်းဖြစ်င်္ပြီး ၎င်းသစ်ပင်များကို အတူတကွစိုက်ပျိုး၍ အတူတကွ ပြုစိုပျိုးထောင်ကြရင် ဘာသာတရားများအချင်းချင်းလည်း မကောင်းမှုကို ရှောင်၍ ကောင်းမှုများကို အတူတကွစည်းလုံးညီညွှတ်စွာဖြင့် လက်တွဲလုပ်ဆောင်ကြမည်ဆိုသည့်ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးသည့်အစီအစဉ်ကိုထည့်သွင်းခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါသည်။

Add new comment

7 + 3 =