ဘာသာတူများ၊ မိသားစုနှင့်လူမှုကယ်ဆယ်ရေး ပုပ်ရဟန်းမင်းကြီးရုံးတော်၏အတွင်းရေးမှူးအဖြစ် သာမာန်ဘာသာတူဆရာအားခန့်အပ်

ဘာသာတူများ၊ မိသားစုနှင့်လူမှုကယ်ဆယ်ရေး ပုပ်ရဟန်းမင်းကြီးရုံးတော်၏အတွင်းရေးမှူးအဖြစ် သာမာန်ဘာသာတူဆရာအားခန့်အပ်

သာသနာတော်ကြီးသည် သာမန်ဘာသာတူများအားလည်းအရေးကြီးသောအမှုတော်များ၌ခန့်အပ်ပေးလျှက်ရှိသည်။ ယခုလည်း အသက် (၃၈) နှစ်ရှိ ကလေး (၂) ဦး၏ဖခင်ဖြစ်သော Gleison De Paula Souza အား အထက်ကဆိုခဲ့သော ဘာသာတူများ၊ မိသားစုနှင့်လူမှုကယ်ဆယ်ရေး ပုပ်ရဟန်းမင်းကြီး ရုံးတော်၏အတွင်းရေးမှူးအဖြစ်ခန့်အပ်လိုက်သည်။

သူသည် ဘရာဇီးလ်မှဖြစ်ပြီး အီတလီနိုင်ငံ၏ဒေသတစ်ခုဖြစ်သော Puglia ၌ဘာသာရေးဘာသာရပ်သင်ကြားပေးနေသော ကျောင်းဆရာတစ်ဦးဖြစ်သည်။

ယခုအမှုတော်ဆီသို့ရောက်ရှိလာရန် သူဖြတ်လျှောက်ခဲ့သောခရီးမှာ ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ Minas Geiras မှသည် အီတလီနိုင်ငံ၏ခြေဖနောင်ပုံထွက်နေ သော Puglia သို့လည်းကောင်း၊ ထိုမှသည် ဗာတီကန်ရုံးတော်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သူသည် သာမန်ခရစ်ယာန်ဘာသာတူဖြစ်သော်လည်း Orionian ဘာသာရေးအဖွဲ့အစည်း၏မိသားစုအဖြစ် (၂၀၀၅ - ၂၀၁၆) ကြား၌ရှိနေခဲ့ပြီး (၂၀၁၅) ၌ ရောမရှိ 'ဆလေးရှင်းတက္ကသိုလ်' မှသီဩလိုဂျီပြီးဆုံးခဲ့သည်။ (၂၀၁၉) တွင် Lecce ၌ဖွင့်လှစ်ထားသော Salento တက္ကသိုလ်မှဖိလိုဆိုဖီဆိုင်ရာသိပ္ပံဘာသာရပ်ဖြင့် မာစတာဘွဲ့ရခဲ့သူဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3TZKWl9

Add new comment

9 + 3 =