ဘာသာတူတို့၏၀ိညာဉ်ရေးအတွက်ရှေးရှု၍မြစ်ကြီးနားသာသနာ၌သာသနာအုပ်စုငယ်အသစ်ဖွင့်လှစ်မည်

ဘာသာတူတို့၏၀ိညာဉ်ရေးအတွက်ရှေးရှု၍မြစ်ကြီးနားသာသနာ၌သာသနာအုပ်စုငယ်အသစ်ဖွင့်လှစ်မည်

မြစ်ကြီးနားသာသနာ၌ လာမည့် (ဇန္န၀ါရီလ ၁၅၊ ၂၀၂၃) ခုနှစ်တွင် ဘာသာတူများ၏၀ိညာဉ်ရေးကိုရှေးရှု၍ သာသနာအုပ်စုအသစ်ဖွင့်လှစ်မည်ဖြစ်သည်။ ထိုသာသနာအုပ်စုအသစ်၌ ဘာသာတူရွာ (၁၀) ပါ၀င်ပြီး ကက်သလစ်မိသားစု (၉၀) စု၊ ဘာသာတူဦးရေ (၄၅၀) ဦးရှိမည်ဖြစ်သည်။

သာသနာနယ်၏ဗဟို အဖြစ် ကျောင်းထိုင်သီတင်းသုံးမည့်ရွာမှာ Zang Yaw ရွာဖြစ်သည်။ သာသနာအုပ်စုအသစ်၏ကျောင်း ထိုင်ဖြစ်လာမည့်သူမှာ ဖာသာရ် Peter Zang Yaw Hpung ဖြစ်သည်။ လက်ရှိ၌ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လျာထားသောဖာသာရ်မှာ ‘အာရှသမ္မာတရားအသံလွှင့်ဌာန လီဆူး’ အစီအစဉ်ကိုတာ၀န် ယူထုတ်လွှင့်လျှက်ရှိသည်။ အမှုတော်အသစ်ကို ထမ်းဆောင်ရမည်ဖြစ်၍ဘုရားသခင်ကိုကျေးဇူးတင်ပါ ကြောင်း၊ ခက်ခဲမည်ဖြစ်သော်လည်း လက်တွေ့ဖော်ဆောင်ရန်စိတ်ကူးစိတ်သမ်းများစွားရှိကြောင်း၊ သာသနာအုပ်စုအတွင်းမှ ချို့တဲ့နွမ်းပါးသောဘာသာတူများအား စောင့်ရှောက်ခွင့်ရသည့်အတွက်လည်း ၀မ်းသာပါကြောင်း၊ သာသနာအုပ်စုသစ်သည် ပြည်နယ်၏မြို့တော်မြစ်ကြီးနားနှင့် မိုင် (၃၀၀)တွင်ရှိပြီး ပြည်သူတို့၏နေ့စဉ်လိုအပ်ချက်များအားလုံးသည် မြစ်ကြီးနားမှသာ၀ယ်ခြမ်းရကြောင်း၊ ဆန်တစ်အိတ်လျှင် (၁) သိန်းကျပ်ကျော်နေကြောင်း (အမေရိကန်ဒေါ်လာ ၄၇ နှင့်ညီမျှ) ကြောင်း၊ လမ်းခရီးလည်းကြမ်း ကြောင်း၊ ဒေသခံပြည်သူများလည်းနွမ်းပါးဆင်းရဲကြောင်း၊ ဘုရားသခင်စီမံပေးလိမ့်မည်ဟုမျှော်လင့် ကြောင်း၊ ယခုသာသနာအုပ်စုအသစ်သည် မြစ်ကြီးနားသာသ၏အစွန်ဆုံး၊ အခေါင်ဆုံး၊ အ‌ဝေးဆုံးလည်းဖြစ်ကြောင်း၊ ထိုနေရာသို့ရောက်ရှိရန် ကားဖြင့်ပင် (၂) ရက်ခန့်၊ ထို့နောက်ကုန်းကြောင်းလည်း (၂) ခန့်လျှောက်ရကြောင်းသာသနာနယ်သစ်၏ခက်ခဲပုံကိုရှင်းပြသွားရှာသည်။

ရွာသားများကလည်း ဘုန်းတော်ကြီးများဤနေရာ၌လာရောက်သီတင်းသုံးသည်ကိုလိုလားကြောင်း၊ ယခင်နှစ်အတော်ကြာသည်အထိ ကက်သလစ်ရဟန်းတို့၏အရိပ်အယောင်ကိုပင်မတွေ့မမြင်ခဲ့ ရကြောင်း၊ ဒေသခံဘာသာတူများသည် စက္ကရမင်တူးနှင့်ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုဆာငတ်နေကြကြောင်း၊ ဘုန်းတော်ကြီးတစ်ပါးပါးသည် ကျွန်ုပ်တို့နှင့်အတူရှိမည်ဆိုပါလျှင် မည်မျှခက်ခဲဆင်းရဲပါ စေ နွေးထွေးပြီးအားဖြစ်ရကြောင်းဖြင့် ရွာခံဓမ္မဆရာ Mark Wa Li Ha ကရွာသားများ၏ရင်တွင်းစကားနှင့်ပီတိလုံးများကိုပြောပြသွားသည်။

ရွာသားများအနေဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးသီတင်းသုံးစေလိုခဲ့သည်မှာကြာပြီဖြစ်ကြောင်း၊ ထိုဆန္ဒသည်လာမည့်နှစ်၌ပြည့်တော့မည်ဖြစ်၍ လွန်စွာပျော်နေကြကြောင်း၊ သွားရေးလာရေးခက်ခဲပြီး၊ ချို့တဲ့နွမ်းပါးသည်မှလွဲ၍ ရွာသည်နေချင့်စဖွယ်ဖြစ်ကြောင်း၊ ရေခဲတောင်များလွှမ်းနေသောတောင်တန်း များ၏ရှုခင်းကိုမြင်တွေ့ရမည်ဖြစ်ကြောင်း၊ တောပန်းများ၀ါ၀ါ၀င်း၀င်းပွင့်လန်းနေသည်ကိုလည်းကောင်း၊ လီလီပန်းများကြွရွနေအောင်ပွင့်နေသည်ကိုလည်းကောင်း၊ ရေစင်ရေသန့်ကိုစီးသောမြစ်ချောင်းများ၊ တောင်ပေါ်ရေချိုငါးများကိုလည်းရနိုင်ကြောင်းရွာသူမေရီကနေ့ချင့်စရာဖြစ်အောင်ပြောပြခဲ့သည်။

ယခုအသစ်ဖွင့်လှစ်မည့် သာသနာနယ်အသစ်သည် ခရီးသွားများမျက်စိကျသောနေရာဖြစ်လာနေ သောကြောင့် မကြာမီအချိန်၌ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာဖွယ်ရှိသည်။ ဒေသခံများသည် စပါးနှင့်အ ခြားသီးနှံများကိုစိုက်ပျိုးအသက်မွေးနေကြသည်။ ဒေသခံအများပိုင်းမှာ လီဆူးတိုင်းရင်းသားများဖြစ်ပြီးရ၀မ်တိုင်းရင်းသားအနည်စုနေထိုင်ကြသည်။ In sight myanmar.org ၏စစ်တမ်းအရ ကမ္ဘာပေါ်ရှိ လီဆူးလူမျိုး (၁.၂) သန်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏အနောက်ဖက်နှင့်မြန်မာနိုင်ငံ၏မြောက်ဘက်၊ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက်နှင့်ထိုင်းနိုင်ငံ၏မြောက်ဘက်တို့တွင်နေထိုင်ကြသည်ဟုဆိုပါ သည်။

လီဆူးတိုင်းရင်သားမျိုးနွယ်စုသည် မြန်မာနိုင်ငံ၏တိုင်းရင်းသား (၁၃၅) မျိုး၌ပါ၀င်သည်။ frontiermyanmar.net ၏စစ်တမ်း၌လည်း ရ၀မ်တိုင်းရင်းသား (၆၅၀၀၀) သည်လည်း လူနည်းစုမျိုး နွယ်စုဖြစ်သော်လည်း မြန်မာနိုင်ငံ၌မှီသင်းနေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုးတွင်ပါ၀င်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gNVaaH

Add new comment

1 + 16 =