'ဘာသာတရားအတင်းသွပ်သွင်းခြင်းဖြင့်သာသနာတော်ကြီးထွားမလာ' ဟု ပုပ်ဖရန်စစ်ဆို

'ဘာသာတရားအတင်းသွပ်သွင်းခြင်းဖြင့်သာသနာတော်ကြီးထွားမလာ' ဟု ပုပ်ဖရန်စစ်ဆို

ရဟန်းမင်းကြီးဖရန်စစ်က 'ဘာသာတရားကိုအတင်းသွပ်သွင်းခြင်းဖြင့် သာသနာတော်သည်ကြီးထွားမလာ' ဟုမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဤစကားကို ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏မိန့်ကြားချက်ကိုပြန်ကိုးကားခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၂၃) ခုနှစ်တစ်နှစ်တာ ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးဘာသာတူများနှင့်စိန့်ပီတာရင်ပြင်တွင်တွေ့ဆုံစဉ်၌ သွန်သင်ချက်များကိုသင်ကြားပေးလေ့ရှိသည်။ ယခင်နှစ်ကမူ 'discernment' (ဆင်ခြင်ခြင်းအကြောင်း) ကိုသင်ကြား‌ေ၀မျှခဲ့သည်။ ယခုနှစ်၌မူ 'evangelization' (ဧ၀ံဂေလိတရားပြန့်ပွားစေရန်ဟောကြားခြင်း) အကြောင်းကို‌ေ၀ဌာသွားမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

ဧ၀ံဂေလိတရားပြန့်ပွားအောင်ဟောကြားခြင်းသည် အမိသာသနာတော်ကြီး၏အသက်ကဲ့သို့အရေးပါသောအမှုတော်ဖြစ်သည်။ ဤအမှုတော်ဆောင်ခြင်းမရှိပါက သာသနာတော်ကြီးသည် ညှိုးနွမ်းသွေ့ခြောက်သွားမည်။ ဧ၀ံဂေလိတရားဟောကြားဖြန့်‌ ဝေခြင်းမရှိဘဲ ပြည့်၀စုံလျင်သောအခြေအနေတစ်ခုကိုရောက်အောင်မျှော်လင့်နေခြင်းသည် လွန်စွာမှားယွင်းသောခံယူချက်ဖြစ်ကြောင်းရှင်းပြခဲ့သည်။ သာသနာတော်အားကြီးထွားအောင်ကူညီပေးသောအရာများအနက် စျေးကွက်စီးပွားရေးဆန်သောအကြံအစည်များထက် ချစ်ခြင်းမေတ္တာဖြစ်ကြောင်းရဟန်းမင်းကြီးကရှင်းပြခဲ့သည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) မှကျွန်ုပ်တို့အားသင်ကြားပေးခဲ့သကဲ့သို့ သာသနာတော်ကြီးသည် ဘာသာထဲသို့အတင်းအကြပ်သွပ်သွင်းမပြုပေ။ သို့သော်စိတ်၀င်စားလာအောင်ကျင့်ကြံရှင်သန်ရသည်။ ဤအချက်ကိုလုံး၀မမေ့ပါနှင့်။ ဤအချက်ကိုရဟန်းမင်းကြီးဘေနေဒစ် (၁၆) က (၂၀၀၇) လာတင်းအမေရိကားနှင့်ကရေဘီယန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ (၅) ကြိမ်မြောက်အထွေထွေအစည်းအ‌ေ၀းကြီး၏အဖွင့်၌မိန့်ကြားခဲ့သည်။

ပျံလွန်သွားပြီဖြစ်သော ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏မိန့်ကြားချက်ကိုအခြေပြု၍ ရဟန်းမင်းကြီးဖရန်စစ်ကလည်း သူကိုယ်တိုင်ပင် ခရစ်ယာန်အသက်တာကိုထောက်ရှုဆင်ခြင်ရန်အချက်အဖြစ်ရွေးချယ်ခဲ့သည်။

ခရစ်ယာန်များ ဘာသာထဲသို့အတင်းအကြပ်သွပ်သွင်းနေသည်ကိုတွေ့မြင်ရလျှင် စာရင်းပြုစုထားပါ။ ဤအခြေအနေမျိုး၌ခရစ်ယာန်ဖြစ်လာသူတို့သည် ခရစ်ယာန်များမဟုတ်ကြပါ။ သူတို့သည်ခရစ်ယာန်များအဖြစ်ဟန်ဆောင်ထားသော ဘုရားသခင်ကိုမယုံကြည်သောသူများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏စိတ်နှလုံးသည်ဘုရားကိုမယုံကြည်သေး။ လက်မခံကြသေးသောကြောင့်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးသည် ယမန်နေ့ ကမ္ဘာတစ်၀ှမ်းမှ ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံမှု၏အဆုံး၌ ဘုရားဖူးများအား ခေတ္တခဏတိတ်ဆိတ်စွာနေ၍ ယူကရိန်းနိုင်ငံအတွက် 'လူသားတို့၏ကညာစင်မယ်တော်' ထံဆုတောင်းပေးကြရန်တောင်းဆိုခဲ့သည်။ အဆိုပါမယ်တော်သည် 'Belarus' နိုင်ငံတွင်ကြည်ညိုကြသည်။

https://bit.ly/3HsXgG0

Add new comment

10 + 0 =