Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘဝဆိုတာ ဘုရားရှင်ရဲ့ လက်ဆောင်ဆိုတာကို သတိရကြပါစို့လို့ ပါပါးဖရန်စစ်မြွက်ကြား
ဘဝဆိုတာ ဘုရားရှင်ရဲ့ လက်ဆောင်ဆိုတာကို သတိရကြပါစို့လို့ ပါပါးဖရန်စစ်မြွက်ကြား
ရောမမြို့တွင်ပြုလုပ်ခဲ့သည် သန္ဓေတားခြင်းနှင့် ငြင်သာစွာ ဇီဝိန်ခြွေပေးခြင်း လုပ်ရပ်ကို ဆန့်ကျင်လမ်းလျှောက် ပွဲတွင်ပါဝင်ခဲ့ကြသူများကို ကျေးဇူးတင်ပါကြောင်း လူထုမျက်မှောက်မှာ အန်ဂျေလူးမေတ္တာ သီဆိုအပြီးတွင် ပါပါးဖရန်စစ်မှ ပြောကြားခဲ့ပါတယ်။
လူ့ဘဝတန်ဖိုး မြှင့်တင်ရန်အတွက် ပေးဆပ်ထားကြသူများ နှင့် ခုခံကာကွယ်ရာတွင် တာဝန်ကျေပွန်ခဲ့ကြသော သင်တို့ကို ကျွန်ုပ်ကျေးဇူးတင်ပါတယ်လို့ ပါပါးဖရန်စစ်က မိန့်ခဲ့ပြီး ဘဝဆိုတာ ဘုရားရှင်၏ လက်ဆောင်ဖြစ်သည့်အတွက် ကျွန်ုပ်တို့ အထူးအလေးထားရန်နှင့် ကာကွယ်စောင်ရှောက်ရန် ကိုလည်း အခိုင်အမာ လမ်းညွှန်ခဲ့တာပါ။
ယခုကာလတွင် ဝမ်းနည်းစွာတွေ့ရှိနေရတာကတော့ လူတို့ရဲ့စိတ်ဓါတ်ခံယူမှုတွေ ပြောင်း လဲလာပြီး၊ မိမိတို့ ဘဝကို မိမိပိုင်၍ ကိုယ့်စိတ်ကြိုက် မွေးပေးနိုင်ခွင့် နှင့် ဇီဝိန်ခြွေနိုင်ခွင့် ကို ကိုယ်တိုင် ရွေးချယ် နိုင်သောမိမိ လက်တွင်း၌ သာရှိသည် ဆိုသော ခံယူချက် စီသို့ ပို၍ပို၍ ဦးတည်သွားနေကြောင်း ပါပါးက ထောက်ပြခဲ့ပါတယ်။
ထို့နောက် တရုတ်ပြည်ရှိ သာသနာတော်အတွက် ဆုတောင်းပေးကြရန်နှင့် ထိုနေ့လည်က သူတော်မြတ်မြှောက်ခံခဲ့ရသော ရဟန္တာ PaulineJaricot ကို အောက်မေ့သတိရကြရန် မိန့်ကြားခဲ့တာပါ။
Pauline သည် သာသနာပြန့်ပွားရေး အသင်းဖွဲ့ကြီးကို လွန်ခဲ့သော နှစ်၂၀၀ ကျော်က ထူထောင်ခဲ့သူ ပြင်သစ် သာမန်လူဝတ်ကြောင် အမျိုးသမီးတဦး ဖြစ်တယ်လို့ဆိုပါတယ်။
အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း
https://bit.ly/3sTIxh5
Add new comment