ဘရူနိုင်းနိုင်ငံ၏ ပထမဦးဆုံးကာဒီနယ်ပျံလွန်

ဘရူနိုင်းနိုင်ငံ၏ ပထမဦးဆုံးကာဒီနယ်ပျံလွန်

ဘရူနိုင်းနိုင်ငံ၏ ပထမဦးဆုံးကာဒီနယ်ပျံလွန်

            ဘရူနိုင်းသည် ‘ဘောနေးအို’ ကျွန်ပေါ်တွင်ရှိသော အရှေ့တောင်အာရှ၏ အလွန်သေးငယ်သောနိုင်ငံတစ်နိုင်ငံဖြစ် သည်။ ထိုနိုင်ငံ၏ ပထမဦးဆုံး ကာဒီနယ် Cornelius Sim သည်မေလ (၂၉) ရက်နေ့၊ စနေနေ့က ထိုင်၀မ်၌ပျံလွန်သွားခဲ့ သည်။  

            ရဟန်းမင်းကြီးဖရန်စစ်သည် ကာဒီနယ်၏ပျံလွန်ခြင်းအတွက် ၀မ်းနည်းဆုတောင်းပေးကြောင်းသဝဏ်လွှာကို ဘရူနိုင်းငံရှိကက်သလစ်ဘာသာ၀င်များထံသို့ ထိုနေ့နှောင်းပိုင်း၌ပေးပို့ခဲ့သည်။ ကာဒီနယ်၏ ဧဝံဂေလိတရားအပေါ် သစ္စာရှိစွာသက်သေခံခဲ့မှု၊ ဘရူနိုင်းကက်သလစ်သာသနာတော်ကြီးအား ရက်ရောစွာဆက်ကပ်အမူတော်ဆောင်ခဲ့မှုများ နှင့်ရဟန်းမင်းကြီးအပေါ်သစ္စာစောင့်မှုတို့အတွက် အထူးကျေးဇူးတင်ကြောင်း၊ သူ၏၀ိညာဉ်အတွက်ဆုတောင်းပေးနေ ကြသောကက်သလစ်ဘာသာတူများနှင့်တူ ကာဒီနယ်၏၀ိညာဉ်ထာ၀ရသုခစံစားနိုင်ရန်ဆုတောင်းပေးနေပါကြောင်း၊ ကာဒီနယ်အတွက်၀မ်းနည်းပူဆွေးနေကြသော ဘာသာတူများအား သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သော အဦးဆုံးအသီး ဖြစ်သည့် ယေဇူးသခင်၌နှစ်သိမ့်ခြင်းနှင့်ငြိမ်ချမ်းသာယာခြင်းရှိစေရန်သူ၏ကောင်းကြီးကိုလည်းပေးခဲ့သည်။     

            ကာဒီနယ်၏ပျံလွန်ခြင်းသတင်းကို ဖာသာရ် Robert Leong က ပြီးခဲ့သောစနေနေ့ကကြေညာခဲ့သည်။ ကာဒီနယ်သည် သက်တော်အားဖြင့် (၆၉) နှစ်ရှိပြီဖြစ်ပြီး၊ ဘရူနိုင်းဇာတိဖြစ်သည်။ ကာဒီနယ်သည် ဘရူနိုင်းနိုင်ငံ၌ပျံလွန် ခြင်းမဟုတ်ဘဲ ထိုင်၀မ်နိုင်ငံ၊ Chang Gung Memorial ဆေးရုံ၌ဆေး၀ါးကုသခံယူနေစဉ် နံနက် (၈၈) မိနစ်တွင်ပျံလွန် ခဲ့သည်။ ကာဒီနယ်အား မေလ (၈) ရက်နေ့က ဆေးရုံတင်ခဲ့သော်လည်း အရေးတကြီးခွဲစိပ်ကုသရန်ကိုဦးစွာမပြုလုပ်နိုင် ဘဲ ကိုးဗစ်ကူးစက်ရော၏သတ်မှတ်ချက်ကြောင့် ထိုင်၀မ်၌ကွာရန်တင်း၀င်ခဲ့ရသေးသည်။ ထိုအတောအတွင်း၌လည်း အသိ၊ အတတ်ပညာရှင်များသည် အတတ်နိုင်ဆုံးကုသမှုဪပြုသော်လည်း အကျိုးထူးဟန်မပေါ်။ ကာဒီနယ်သည် တစ်နေ့ တခြားအားယုတ်လာပြီး အာရုံများလည်းအလုပ်မလုပ်တော့ဘဲ အသက်ပါသွားခဲ့သည်။

            မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌အခြေစိုက်သော မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်ကလည်း ကာဒီနယ်၏ပျံလွန်ခြင်းကို တရား၀င်ကြေညာခဲ့သည်။ ထို့အတူ ကက်သလစ်သတင်းစာစောင် တစ်ခုဖြစ်သော ‘Herald Malaysia’ ၌လည်း ကာဒီနယ်သည် ကင်ဆာရောဂါကိုကုသရင်းပျံလွန်သွားကြောင်းဖော်ပြထား သည်။             

            ကာဒီနယ်ကို (စက်တင်ဘာလ ၁၆၊ ၁၉၅၁) ခုနှစ်၌မွေးဖွားခဲ့ပြီး၊ မွေးချင်း (၆) ဦးအနက်အကြီးဆုံးဖြစ်သည်။ သူ သည် (၁၉၇၁) ခုနှစ်၌ မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမှ လျှပ်စစ်အင်ဂျင်နီယာဒီပလိုမာရထားသူဖြစ်သည်။ ၄င်းနောက် (၁၉၇၈) ခုနှစ်၌ အဂ်လန်နိုင်ငံ၊ Dundee တက္ကသိုလ်မှလျှပ်စစ်အင်ဂျင်နီယာဘွဲ့ကိုရဆွတ်ခူးနိုင်ခဲ့သည်။ ဘွဲ့ရပြီးနောက် (၁၀) ခန့် British–Dutch ဆီနှင့်ဓာတ်ငွေ့ကုမဏီ၌အလုပ်လုပ်ခဲ့သည်။ ထို့နောက် ကက်သလစ်ရဟန်းတစ်ပါးဖြစ်ရန်ပြတ် သားသောဆုံးဖြတ်ချက်ကိုချပြီး၊ အလုပ်မှထွက်လိုက်သည်။ သူသည်သီဩလိုဂျီကို အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည် နယ်၊ ဖရန်စစ္စကင်တက္ကသိုလ်၌ (၁၉၈၈) ခုနှစ်တွင်ပြီးဆုံးခဲ့သည်။ မိခင်နိုင်ငံသို့ပြန်လာပြီးနောက် Kuala Belait ရှိစိန့်ဂျွန် ဘုရားကျောင်း၌ကူညီပေးရင်း (၁၉၈၉၊ မေလ ၂၈) ရက်နေ့၌ ဦးပဥ္စင်းသိက္ခာကိုခံယူရရှိခဲ့သည်။        

            ရဟန်းသိက္ခာကိုမူ (၁၉၈၉၊ နို၀င်ဘာလ ၂၆) ရက်နေ့၌ ခံယူခဲ့ကာ ဘရူနိုင်းနိုင်ငံ၏ ပထမဦးဆုံးဒေသခံရဟန်းဖြစ် လာခဲ့သည်။ (၁၉၉၅) ခုနှစ်၌မူ Miri-Brunei သာသနာ၏တာ၀န်ခံအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီး၊ (၁၉၉၈) Miri-Brunei ကို သာသနာ တစ်ခုအဖြစ် ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကခွဲထုတ်လိုက်သောအခါသူသည် သာသနာတာ၀န်အဖြစ်ထမ် မံခန့်အပ်ခံခဲ့ရပြန်သည်။ ဤသို့တစ်ဆင့်ပြီးတစ်ဆင့် အမူတော်ကိုခန့်အပ်ခံရပြီးနောက် (၂၀၀၅၊ ဇန္န၀ါရီလ ၂၁) ရကနေ့ ၌ ပထမဦးဆုံးဒေသခံဆရာဖြစ်လာခဲ့ပြန်သည်။ (၂၀၂၀၊ နို၀င်ဘာလ ၂၀) ရက်နေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် ကာဒီ နယ်အသစ် (၁၃) ပါးကိုတင်မြောက်ရာတွင်သူလည်းတစ်ပါးအပါအ၀င်ဖြစ်ခဲ့သည်။ ကိုးဗစ် (၁၉) ကြောင့်အဆိုပါ အခမ်း အနားသို့ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်ခဲ့ပေ။ သို့သော် ကာဒီနယ်၏လည်ဆွဲကိုမူဘရူနိုင်းသို့ပေးပို့ခဲ့သည်။ (၂၀၂၀၊ ဒီဇင်ဘာလ ၁၆) ရက်နေ့၌ ရဟန်းတော်များနှင့်ဆိုင်သောအဖွဲ့အစည်းကိုစည်းကြပ်သည့်အဖွဲ့၏အဖွဲ့၀င်ဖြစ်လာခဲ့သည်။ သူသည် ကာဒီနယ်အဖြစ် (၆) တိတိကြာခဲ့သည်။         

            ကာဒီနယ်သည် ရွေ့ပြောင်းကက်သလစ်ဘာသာ၀င်များအား စောင့်ရှောက်သောသိုးထိန်းတစ်ပါးဖြစ်သည်။ သူ သည်ဘုန်းတော်ကြီးသုံးပါး၏အကူအညီဖြင့် ဘရူနိုင်းရှိကက်သလစ်ဘာသာ၀င်များအားစောင့်ရှောက်ခဲ့သည်။ သာသနာ အတွင်း၌ ရွေ့ပြောင်းလုပ်သား (၂၀၀၀၀) ရှိသည်။ ဆီနှင့်ဓာတ်ငွေ့ကြွယ်၀သောနိုင်ငံသည် လူဦးရေ (၅၀၀၀၀၀) သာရှိ ပြီး၊ မွတ်စလင်ဘာသာ၀င် (၇၀) ရာခိုင်နှုန်းဖြစ်ကြသည်။ ကာဒီနယ်၏ပျံလွန်သွားခြင်းကြောင့်လက်ရှိစာရင်းရှိ ကာဒီ နယ်များအနက် (၁၂၅) ပါးမှာ သက်တော် (၈၀) အောက်ဖြစ်ပြီး၊ ကျန် (၉၇) ပါးမှာ သက်တော် (၈၀) ကျော်သူများဖြစ် ကြရာ ထိုသက်တော် (၈၀) ကျော်သူများသည် ရဟန်းမင်းကြီးအမူတော်လစ်လပ်ခဲ့သော် ပြန်လည်ရွေးချယ်ရန်အတွက် ‘မဲ’ ပေးခွင့်မရှိကြတောပေ။      

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wRV44h

Add new comment

3 + 1 =