ဘရူနိုင်းနိုင်ငံ၏ပထမဦးဆုံးသောဒေသခံကာဒီနယ်ရရှိ

ဘရူနိုင်းနိုင်ငံ၏ပထမဦးဆုံးသောဒေသခံကာဒီနယ်ရရှိ

ဘရူနိုင်းနိုင်ငံ၏ပထမဦးဆုံးသောဒေသခံကာဒီနယ်ရရှိ

အောက်တိုဘာလ (၂၅) ရက်နေ့က ဘရူနိုင်းနိုင်ငံ၏ဆရာတော် Cornelius Sim သည်မျှော်လင့်မထားသောအံ့သင့် ဖွယ်သတင်းတစ်ခုကိုကြားသိခဲ့ရသည်။ ထိုသတင်းကား ‘ယခုလာမည့်နို၀င်ဘာလ (၂၈) ရက်နေ့၌ကာဒီနယ် (၁၃) ပါးကို ခန့်အပ်သိက္ခာထပ်မည်’ ဟုရဟန်းမင်းကြီးကအကြောင်းကြားလာပါသည်။ ထို့ကာဒီနယ်အသစ် (၁၃) ပါး၌ဘရူနိုင်းနိုင်ငံ၏ ဆရာတော်လည်းတစ်ပါးအပါအ၀င်ဖြစ်နေပါသည်။

ဆရာတော်က ‘ကျွန်ုပ်အနေဖြင့်ဤသတင်းကိုလုံး၀မမျှော်လင့်မထားပေ။ ယခုလည်းမယုံကြည်နိုင်အောင်ဖြစ်နေပါသည်။ သို့သော်ဘာသာတူများအတွက်မှာမူအားတက်ဖွယ်ရာအကြောင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဗာတီကန်အနေဖြင့်ဘရူနိုင်းနိုင်ငံမှဘာသာတူများအားလည်းအလေးထားစဉ်းစားပေးသည်ကိုသိရှိရခြင်းဖြစ်ပါသည်။ ဤသို့အားဖြင့်က မ္ဘာတစ်၀ှမ်းလုံးနှင့်ဆိုင်သောသာသနာတော်ကြီးသို့ပါ၀င်ခွင့်အပြည့်အ၀ရလိုက်ခြင်းဖြစ်သည်’ ဟုပြောကြားခဲ့ပါသည်။

ဆရာတော်အား (၂၀၀၄) ခုနှစ်က ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မှသူအားသာသနာတာ၀န်ခံအဖြစ်ခန့်အပ်ခဲ့ပြီး၊ နောက်နှစ်၌ဘရူနိုင်းနိုင်ငံ၏ပထမဦးဆုံးဆရာတော်ဖြစ်လာခဲ့သည်။ ဘရူနိုင်းနိုင်ငံသည်အရှေ့တောင်အာရှနိုင်ငံများအနက် နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ပြီး၊ မွတ်စလင်အများဆုံးနေထိုင်သောနိုင်ငံဖြစ်သည်။ ယခုကဲ့သို့ဘရူနိုင်းနိုင်ငံကိုအသိအမှတ်ပြု ပေးသည့်အတွက်ဆရာတော်အနေဖြင့်ရဟန်းမင်းကြီးကိုကျေးဇူးတင်နေမိသည်။ အဘယ်ကြောင့်ဆိုသော်ကက်သလစ်သာသနာရှိကြောင်းလူသိမများလှသောသာသနာနယ်ကိုယခုကဲ့သို့အသိအမှတ်ပြုပေးသောကြောင့်ဖြစ်ပါသည်။ သို့သော်ယုံ ကြည်ခြင်းသည်အလွန်ရှင်သန်နေပါသည်။

ဆရာတော်က ‘ကျွန်ုပ်တို့သည် အစွန်အဖျားများအနက်အစွန်အဖျားမှဖြစ်သည်။ ကျွန်ုပ်တို့၏သာသနာနယ်သည် အလွန်သေးငယ်ပါသည်။ သို့သော်ကျွန်ုပ်တို့လည်းအကောင်းဆုံးသာသနာပြုနေပါသည်။ သာသနာကိုလည်းအလွန်ချစ်မြတ် နိုးသောဘုရားသခင်၏လူမျိုးဖြစ်ပါသည်။ ယခုကဲ့သို့ပြောရခြင်းသည်ဂုဏ်ဖော်ရာကျသောကြောင့်မပြောသင့်လှပေ။ သို့သော်သာသနာတော်ကြီးသည်ကျွန်ုပ်တို့၏မိခင်ဖြစ်သည်’ ဟုသူ၏ပျော်ရွှင်မူကိုထုတ်ဖော်ပြောကြားခဲံသည်။

ကိုဗစ်ရောဂါ ကြောင့်ဆရာတော်သည်ဗာတီကန်သို့သွားရောက်၍ထိုအစည်းအဝေးသို့လည်းကောင်း၊ ထိုကာဒီနယ်အဆောင်အယောင်များပေးအပ်သောအခမ်းအနားသို့ကြွရောက်မည်၊ မကြွရောက်မည်ကိုမူမဆုံးဖြတ်ရသေးပေ။ အမှန်ဆိုသော်ဤအဆောင်အယောင်ကိုသူ၏ဘာသာတူများအတွက်၊ ဘာသာတူများရှေ့၌မဂ်လာရှိစွာခံယူသင့်လှပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: LiCAS News

https://bit.ly/2UN0Q66

 

 

Add new comment

3 + 10 =