ဘရာဇီး နိုင်ငံ ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အမေဇုံမိုးသစ်တောကြီး မီးလောင်နေမူ့ အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းစာတစ်စောင် ထုတ်ပြန်ခြင်း

အမေဇုံမိုးသစ်တောကြီး မီးလောင်နေမူ့

ဘရာဇီး နိုင်ငံ ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အမေဇုံမိုးသစ်တောကြီး မီးလောင်နေမူ့ အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းစာတစ်စောင် ထုတ်ပြန်ခြင်း

သြဂုတ်လ ၂၆၊ ၂၀၁၉

ဖြစ်နိုင်ခြေမရှိသော မီးလောက်ကျွမ်းမူ့ နှင့် ရာဇဝတ်မူ့မကင်းသော ထိခိုက်ပျက်စီးဆုံးရုံးမူ့အတွက် သင်လျှော်သော အခြေအနေနှင့် ထိရောက်သော လုပ်ဆောင်မူများပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဘရာဇီး နိုင်ငံ ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အမေဇုံမိုးသစ်တောကြီး မီးလောင်နေမူ့ ရပ်တန်မူ့မရှိပဲ ဆိုးဝါးစွာ ဆက်လက်လောင်ကြွမ်းနေမူ့ကြောင့် သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

ဘရာဇီး နိုင်ငံ ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ မှ ဆရာတော်ကြီးများ ကိုယ်စား လက်မှတ်ရေးထိုးထုတ်ပြန် ပြီး Fedes သတင်းဌာနသို့ပေးပို့သော စာစောင်တွင် ယခုအချိန်ဟာ နိုင်ငံရေး မိန်ခွန်းတွေပြောနေဖို့အချိန်မရှိဘူး၊ ကမ္ဘာကြီးရဲ့ အဆုတ် စိမ်းကြီးကို ထိရောက်သောနည်းလမ်းဖြင့် ကယ်တင်ရမည့်အချိန်ဖြစ်တယ်။

အမေဇုံဒေသတစ်ခုလုံးကို ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ရမည်တာဝန်ဟာ ဘရီားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတိုင် လူတိုင်းရဲ့တာဝန်ဖြစ်တယ်၊ ကမ္ဘာကြီးကို သဟဇာတဖြစ်အောင် ထိမ်းသိမ်းပေးထားတဲ့ အဓိကကြတဲ့ အမေဇုံဒေသ ကို အလေးအနက်ထားကယ်တင်ရတော့မယ် အမေဇုံဒေသ နှင့်ဆိုင်သော နိုင်ငံတော် အစိုးရအားလုံး နိုင်ငံများအားလုံး အထူးသဖြင့် ဘရာဇီး နိုင်ငံတော် အစိုးရမှ အရေးတကြီး လုပ်ဆောင်ရမှာဖြစ်တယ်။

အခုအချိန်မှာ အငြင်းအခုံလုပ်နေရမဲ့အချိန် မဟုတ်ဘူး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပရောဖက်ပြုဟေားထားခဲ့တဲ့အတိုင်း သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းကာကွယ်သော စိတ်ထားအပြည့်အဖြင့် လုပ်ဆောင်ရတော့မဲ့အချိန်ပါ။ နိုင်ငံရေး လူမူရေး အဖွဲ့အစည်းများအားလုံးကြရာတာဝန်ကိုအပြည့်အဝ ထမ်းဆောင်ပြီး ဘုရားဖန်ဆင်းထားတဲ့ အရာကို ကာကွယ်ကြပါ။

သခင်ခရစ်တော်၏ ဧဝံဂေလိတရာတော် ၏ အလင်းပေးမူ့ဖြင့် လူသားများကောင်းကြိုးအတွက် အထူးသဖြင့် အမေဇုံဒေသမှ ဆင်းရဲးဒုက္ခရောက်နေရသူများကို ကယ်တင်ပြီး သင့်လျှော်သော လူမူရေး၊ နိုင်ငံရေးတစ်ရပ်ကို တည်ဆောက်ကြပါစို့။ ဘရာဇီးနိုင်ငံ နှင့် အမေဇုံဒေသမှာရှိသော ကာကွယ်ကြပါ၊ မြှင့်တင်ပေးကြပါ ဒါဟာ အဓိကထားလုပ်ဆောင်ရမည့်အခြေခံကြသော အချက်ဖြစ်တယ် ဟု ရေးသား ထုတ်ပြန်ခဲ့ပါသည်။

By Kyi Maung Photo

Credits to Vatican News

https://bit.ly/2UcSZxt 

Add new comment

14 + 4 =