ဘရာဇီးလ်နိုင်ငံမှဖိုးဖိုး အသက် (၁၀၄) တွင် ဆေးကြောခြင်းခံယူ

ဘရာဇီးလ်နိုင်ငံမှဖိုးဖိုး အသက် (၁၀၄) တွင် ဆေးကြောခြင်းခံယူ

အမိကက်သလစ်သာသနာတော်ကြီးသည် ကက်သလစ်ဘာသာတူရင်သွေးမွေးဖွားပြီး တစ်ပတ်အကြာ၌ဆေးကြောခြင်းပေးရန်၊ အကယ်၍ ကလေးသည်ကျန်းမာရေးမကောင်း၍ အသက်အန္တရယ်ရှိလျှင် မြန် နိုင်သမျှမြန်အောင်ဆေးကြောခြင်းပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် မိုးဇယ်၏တရားဥပဒေကျမ်း၌ထို သို့ညွှန်ကြားထားပြီး ယေဇူးသခင်မွေးဖွားချိန်လည်း မွေးဖွားသန့်စင်ပြီး (၈) ရက်မြောက်နေ့၌အရေဖျားလှီးခြင်းမဂ်လာကိုခံယူခဲ့သည်။ (သံလုကာ ၂း၂၁-၂၄)

သို့သော် ပြီးခဲ့သောလက ဘရာဇီးလ်နိုင်ငံ၌လွန်စွာထူးခြားသောဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အသက် (၁၀၄) နှစ်ပြည့်ပြီဖြစ်သော အဖိုးတစ်ဦးအားဆေးကြောခြင်းပေးခဲ့သည်။ သူ၏ဆေးကြောခြင်းအမည်မှာ José Lourenço da Silva ဟုဖြစ်သည်။

ဆေးကြောခြင်းစက္ကရာမင်တူးကို ဇွန် (၁၇) ရက်နေ့ Alto Piquiri, Parana ရှိ စိန့်ယုဒဒါဒေအုစ့် ဘုရားကျောင်းဆောင်ငယ်၌ခံယူခြင်း ဖြစ်သည်။ သူသည်အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ သာမန်အခြေအနေ၌ ကိုယ်တော်မြတ်ပင့်ယူသည့်စက္ကရာမင်တူးနှင့်ခရစ္စမားအားပေးခြင်းကိုသီးသန့်တစ်ချိန်စီစဉ်၍ ဆရာတော်မှပေးလေ့ရှိသော် လည်းယခုအရေးပေါ်အခြေအနေ၌ ဆေးကြောခြင်းမင်္ဂလာပေးသောရဟန်းတော်မှပေးခဲ့သည်။

သူ့အားဆေးကြောခြင်း၊ ကိုယ်တော်မြတ်နှင့်ခရစ္စမားအားပေးစက္ကရာမင်တူး ကိုတစ်ပါတည်းခံယူခဲ့သည်။ သူ့အားအဆိုပါစက္ကရာမင်တူးများကိုပေးခဲ့သူမှာ ဖာသာရ် Antônio Murilo Macedo da Luz ဖြစ်သည်။

ဤအကြောင်းနှင့်စပ်လျင်း၍ အလွန်ကြည်နူးရွှင်မြူးရသည်မှာ သာသနာ၏ လူမှုကွန်ရက်၌ ဇူလိုင် (၁၃) ရက်နေ့တွင်ဖော်ပြလာသည်ကိုတွေ့လိုက်ရ၍ ဖြစ်သည်။ အဆိုပါအကြောင်းအရာကို၀င်ရောက်ကြည်ရူ သူများစွာရှိခဲ့သည်။ ပုံစာများကိုမှု ကက်သလစ်သာသနာတော်ကြီး၏ဘုရားစကားစာအုပ်မှ နံပါတ် (၁၂၁၃) ဖြင့်ရှင်းပြထားသည်။ ထိုစာသားကား ‘ဆေးကြောခြင်းစက္ကရာမင်တူးအားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှစင် ကြယ်သွားကြသည်။ ဘုရားသခင်၌အသစ်ပြန်လည်မွေးဖွားလာသည်။ ကျွန်ုပ်တို့သည် ခရစ္စတူးသခင်၏အစိတ်အပိုင်းများဖြစ်လာသည်။ သာသနာတော်ကြီးထဲသို့တင်းပြည့်ကျပ်ပြည့်၀င်ရောက်လာခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုတော်ကို ‌ေ၀မျှထမ်းဆောင်းသူများဖြစ်လာသည် ဟုဖြစ်ပါသည်။

သူ၏အကြောင်းကို၀င်ရောက်ကြည့်ရူသူများက သူ့အားဆုတောင်းနှုတ်ဆက်ဂုဏ်ပြုသောမန့်များကိုရေးသားပေးပို့ခဲ့ကြသည်။ ၄င်းမန့်များအနက်ရင်ကိုထိခတ်လာသော မန့်ကား ‘ကျွန်ုပ်တို့၏ဘုရားသခင်လွန် စွာထူးခြားသည်။ ကျွန်ုပ်တို့၏ ‘အသင့်ရှိပါသည်’ ဟုပြောမည့်နေ့တိုင်အောင်စောင့်စားနိုင်သောဘုရားဖြစ် သည်။ ဘုရားသခင့်ကိုကောင်းချီးပေးပါစေ’ ဟုဆုတောင်းပေးထားသည်။

ထို့အတူအခြားတစ်ယောက်ကလည်း ‘ဘုရားသခင်အား ချီးမွမ်းခြင်းနှင့်ဘုန်းတော်ဂုဏ်တော်ရှိပါစေ။ ယခုကဲ့သို့သော လွန်စွာလှပသော ကောင်းချီးအတွက်’ ဘုရားသခင်အားချီးမွမ်းထောမနာရှိပါစေဟုဆုတောင်းပေးထားသည်။

ဘရာဇီးလ်သည် ကမ္ဘာပေါ်၌ ကက်သလစ်ခရစ်ယာန်အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ထားသည်။ ဘရာဇီးလ်နိုင်ငံသားအများပိုင်းသည် သူတို့ကိုယ်သူတို့ ကက်သလစ်ဘာသာ၀င်များအဖြစ်အမြဲဂုဏ်ယူထုတ်ဖော်လေ့ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/Pd3v

Add new comment

1 + 0 =