ဘရာဇီးနိုင်ငံ၌ အလွန်ကြီးမားသောလက်၀ါးကပ်တိုင်နှင့်လုဒ်မယ်တော်ဂူဆောက်လုပ်လှူဒါန်း

ဘရာဇီးနိုင်ငံ၌ အလွန်ကြီးမားသောလက်၀ါးကပ်တိုင်နှင့်လုဒ်မယ်တော်ဂူဆောက်လုပ်လှူဒါန်း

ဘရာဇီးနိုင်ငံ၊ Rio do Sul မှဆရာတော် Onécimo Alberton သည် ဇူလိုင်လ (၁၅) ရက်က အလွန်ကြီးမားသော လုဒ် မယ်တော်ဆင်းတုတော်တစ်ဆူနှင့်သတ္တုဖြင့်သွန်းထားသောလက်၀ါးကပ်တိုင်တစ်ခုကိုလည်းကောင်းကြီးပေးဖွင့်လှစ် စိုက်ထူခဲ့သည်။

အမိမယ်တော်၏ဆင်းတုတော်သည် Rio de Janeiro ရှိ ယေဇူးသခင်၏ဆင်းတုတော်ထက်ပင်ကြီးမား သည်။ ယခုဆောက်လုပ်ပြီးစီးပြီး ကောင်းကြီးပေးဖွင့်လှစ်လိုက်သော လုဒ်မယ်တော်ဗိမာန်သည် ဘရာဇီးနိုင်ငံ ဆန်တာ ကတာရီးနာမြို့၌တည်ရှိသည်။

သံယောန်၏ဧ၀ံဂေလိကျမ်းစာတော်အတိုင်း ယေဇူးသခင်လက်၀ါးကပ်တိုင်၌တွဲလွဲရှိနေစဉ် အမိမယ်တော်သည် ကားတိုင်တော်ခြေရင်း၌မတ်တပ်ရပ်နေခဲ့သည်ကို ဤတောင်ပေါ်၌ အနုပညာဆန်သောပုံဖော်မှုကိုတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာ၌ထားရှိခြင်းဖြင့် မြို့အားသော်လည်းကောင်း၊ ဖြတ်သန်းဖြတ်လာကြမည်သူများအားသော်လည်း ကောင်း ကောင်းကြီးပေးစောင့်ရှောက်ပေးမည်ဖြစ်သည်ဟုဆိုသည်။ ဤတည်ဆောက်မှုထဲ၌ ဒေသအာဏာပိုင်များ၊ ကျွမ်းကျင်သူ များပါ၀င်ခဲ့ကြောင်းနှင့်ဖွင့်ပွဲသို့ ဧည့်သည်များလည်းတက်ရောက်ခဲ့ကြောင်း မယ်တော့်ဗိမာန်တော်၏ဖေ့စ်ဘွခ်စာမျက်နှာ ၌ဖော်ပြထားသည်။

မယ်တော့်ဆင်းတုတော်သည် Ituporanga တောင်‌တော်၌တည်ရှိသည်။ ဤတောင်ပေါ်၌ လုဒ်မယ်တော်ဂူတစ်ဂူ ရှိခဲ့သည်။ ဤမယ်တော်ဂူဆီသို့ ဘုရားဖူးဘာသာတူများသည် (၁၉၄၉) ခုနှစ်မှစ၍ သဒ္ဓါကြည်ညိုခဲ့ကြကြောင်း၊ ဤအဆောက်အအုံကြီးပေါ်၌ လုဒ်မယ်တော်ဆင်းတုတော်သည် စင်္ကြန် ပါလျှင် (၁၃၀) ပေမြင့်ပြီး၊ (၃၀၀) တန်လေးကြောင်း၊ ည အချိန်၌မှုမီးလင်းကြောင်း၊ ဤဆင်းတုတော်၏အောက်ခြေ၌မူ လူ (၁၂၀) ခန့်ဆန့်သော ဘုရားကျောင်းဆောင်ငယ်တစ် ဆောင်ရှိပြီး ဆုတောင်းလိုသူများ၊ ဘုရား၀တ်ပြုလိုသူများ၀င်ရောက်ဆုတောင်းနိုင်သည်။ ဘုရားဖူးများသည် အဆိုပါ မယ်တော့်ဂူထိပ်သို့ကားဖြင့်လည်းကောင်း၊ လူလျှောက်လမ်းမှ ခြေကျင်ဖြင့် တက်နိုင်ကာ လှေကားထစ် (၅၀၀) ခန့်တက်ရကြောင်း၊ ညအ ချိန်၌မီးထွန်းညှိပေးထားသည်ဟုလည်းဆိုသည်။

ထိပ်သို့ရောက်ရှိရန်တက်သွားသော လှေကားထစ်တစ်လျှောက်၌လည်း တပည့်တော်ကြီး (၁၂) ပါးတို့၏ဆင်းတု တော်သေးသေးလေးများကိုလည်းထုလုပ်ထားသည်။ ဤသို့ဖြင့် တပည့်တော်ကြီးတို့သည် ဘုရားဖူးများနှင့်အဖော်ပြု၍ ပေ (၄၀) ခန့်ဖြင့်သော လုဒ်၌ မယ်တော့်ကိုဖူးတွေ့ခဲ့သော စိန့်ဘဲနားဒက်၏ဆင်းတုတော်ရှိရာသို့ ရောက်ရှိသွားမည်ဖြစ် သည်။ ဘဲနားဒက်၏ဆင်းတုတော်သည် ဒူးထောက်လက်ဖြန့်ပြီး မယ်တော်ကိုမော့ကြည့်နေသည်။ မယ်တော့်ဆင်းတု တော်နှင့်ယှဉ်တွဲလှှက် ပေပေါင်း (၁၆၄) ပေမြင့်သောလက်၀ါးကပ်တိုင်စိုက်ထူထားသည်။ ဘုရားဖူးများသွားရေးလာ ရေးအဆင်ပြေစေရန် အဆောက်အဦး၌ ဓာတ်လှေကားလည်းတပ်ဆင်ထားသည်။ ဘုရားဖူးများသည် ထိုနေရာမှ (၁၁၅) ပေအမြင့်သို့တက်သွားနိုင်ပြီး၊ မြို့၏ရှုခင်းသာကိုလည်းကောင်း၊ Ituporanga ၏မြစ်ကိုလည်းကောင်း သတ်မှတ်ထား သည့် စင်္ကြန် မှကြည့်ရှုနိုင်သည်။ ယခုကဲ့သို့တည်ဆောက်ဖြစ်ခြင်းမှာ လုဒ်မယ်တော်ကိုအလွန်သဒ္ဓါကြည်ညိုသော လုပ် ငန်းရှင် Silvio Prim မှဒီဇိုင်းကိုရေးဆွဲခဲ့သည်။ ဤသို့ဖြင့်ကျန်းမာခြင်း၏မယ်တော်အား မကျန်းမာသူတို့ကလာရောက် ကြည်ညိုဆု‌တောင်းနိုင်စေရန်ဖြစ်သည်။ လက်၀ါးကပ်တိုင်မှနေ၍ အမိမယ်တော်၏မျက်နှာတော်ကိုနီးကပ်စွာဖူးမျှော် နိုင်ကြောင်း ဗိမာန်တော်၏လူမှုစာမျက်နှာပေါ်တွင်ရေးသားထားသည်။ (CNA)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3OA6Atv

Add new comment

11 + 1 =