ဘရာဇီးနိုင်ငံ၌ကိုးဗစ်ကူးစက်လူနာသန်းတစ်၀က်ထိတိုးလာသည်နှင့်အမျှကက်သလစ်သာသနာမှ ဆုတောင်းရာနေ့သတ်မှတ်

ဘရာဇီးနိုင်ငံ၌ကိုးဗစ်ကူးစက်လူနာသန်းတစ်၀က်ထိတိုးလာသည်နှင့်အမျှကက်သလစ်သာသနာမှ ဆုတောင်းရာနေ့သတ်မှတ်

ဘရာဇီးနိုင်ငံ၌ကိုးဗစ်ကူးစက်လူနာသန်းတစ်၀က်ထိတိုးလာသည်နှင့်အမျှကက်သလစ်သာသနာမှ ဆုတောင်းရာနေ့သတ်မှတ်

            ကိုးဗစ်ရောဂါပိုးကူးစက်ခံရသည့်ဦးရေမှာ ကြောက်ခမန်းလိလိဖြစ်လာနေ၍ မျှော်လင့်ခြင်းနှင့်နှစ်သိမ့်မူကိုရှာဖွေရန်အတွက် ဘရာဇီးကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ကိုးဗစ်ရောဂါထိန်းချုပ်ကင်း‌ဝေးစေရေးနှင့်ကိုးဗစ်ကြောင့်အသက်ဆုံးရှုံး ခဲ့ သူများ၏၀ိညာဉ်အတွက်ဆုတောင်းပေးရန်ရည်ရွယ်၍ အထူးဆုတောင်းရန်တစ်ရက်တာအဖြစ် ဇွန်လ (၁၉) ရက်နေ့ကိုသတ်မှတ် လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူ့အသက်သည် ကြီးကြီးငယ်ငယ်လေးစားတန်ဖိုးထားရသည်။ ထိုနေ့၌ ဘရာဇီးနိုင်ငံအ တွင်းရှိသာသနာတိုင်းမှသာသနာအုပ်စုများရှိဘုရားကျောင်းများ၌ ကိုးဗစ်ကြောင့်အသက်ဆုံးရှုံးသွားခဲ့သောသူတို့၏၀ိညာဉ်အ တွက် မစ္ဆားကိုအထူးပူဇော်ပေးမည်ဖြစ်သည်။ ထို့အတူ မွန်းလွဲ (၃း၀၀) နာရီအချိန်၌ယေဇူးသခင်၏သက်တော်ကုန်ဆုံးခြင်းကို ပြန်အောက်မေ့၍ ‘သနားခြင်း၏အချိန်နာရီ’ အဖြစ်သတ်မှတ်ကာ ဘုရားကျောင်းများရှိခေါင်းလောင်းများထိုးရန်လည်းညွှန်ကြား ထားသည်။ လိုင်းပေါ်မှလည်းအောက်မေ့ဖွယ်ရာဆုတောင်းကဒ်များလည်း‌ကိုပေးပို့ကြမည်ဖြစ်သည်။ ကက်သလစ်သတင်းဌာနများ မှမူ အထူးဆုတောင်းမေတ္တာကိုထုတ်လွှင့်ပေးမည်။    

            ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ရောဂါစွဲကပ်ခံစားခဲ့ကြသူများ၊ ရောဂါကူးစက်၍အသက်ဆုံးရှုံးခဲ့သူတို့၏မိသားစု များနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းပြသရန်ဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံကိုလည်း ပိုမိုဖွံဖြိုးသောနိုင်ငံတစ်ခုဖြစ်စေရန်ဖြစ် ကောင်း၊ ပြည်သူများကြား၌ရှိသောခံစားချက်များကို လက်ရှိခေတ္တဘေးဖယ်ထား၍ ရောဂါကူးစက်ခံရပြီးသေဆုံးသောဦးရေး (၅၀၀၀) ကိုအာရုံစိုက်ကြရန် အဘယ်ကြောင့်ဆိုသော်ဤဦးရေသည်အလွန်ထိတ်လန့်ဖွယ်ဦရေဖြစ်ကြောင်း၊ ဆုတောင်းခြင်းဖြင့်နိုး ဆော်မူကိုဖော်ထုတ်ခြင်းသည် ရောဂါစွဲကပ်ခံစားနေရသူများနှင့်ရောဂါကြောင့်ဆုံးပါးသွားသောသူတို့၏မိသားစုများကို စာနာနှစ် သိမ့်ခြင်းလည်းဖြစ်ကြောင်း၊ ယခုကဲ့သို့သေဆုံးမူဦးရေတိုးမြှင့်ရခြင်းမှာ အချိန်မှီကျန်းမာရေးစောင့်ရှောက်မူမပေးနိုင်ခြင်း၊ ကာကွယ် ဆေးထိုးနှံပေးမူနောက်နှေးခြင်း၊ ကိုယ်တိုင်သတိဖြင့်ကာကွယ်မူပြုနိုင်သောနည်းလမ်းများဖြစ်သည့် နှာခေါင်းစည်းများမရှိခြင်း၊ ပိုး မကူးစက်နိုင်အောင်တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားသည့်အတိုင်းခြား၍မနေခြင်းစသောအားနည်းချက်များကြောင့်လည်းဖြစ်သည်။         

            ‘တစ်နိုင်ငံလုံး၏ ဆုတောင်းခြင်းနေ့’ အဖြစ်သတ်မှတ်ခြင်းဖြင့် ဆုတောင်းခြင်း၏အစွမ်းကိုယုံကြည်သည်ဖြစ်စေ၊ မယုံ ကြည်သည်ဖြစ်စေ ဤရောဂါကပ်ဆိုးနှင့်ပတ်သက်၍ အချိန်အနည်းငယ်ပေးကာ စဉ်းစားရန်သတိပေးလိုက်ခြင်းဖြစ်သည်။ ကပ်ရော ဂါကိုကိုင်တွယ်ရာ၌ စီမံခန့်ခွဲမူလွဲချော်နေသည်ကို ဘရာဇီးလ်ကက်သလစ်သာသနာတော်ကြီးက ထောက်ပြသုံးသပ်နေခဲ့သည်။ အ ဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ဆိုးရွားစွာမကူးစက်မပျံ့နှံ့ခင်၌ပင် ကူးစက်မူအနည်းငယ်ရှိနေစဉ်ကပင် ထိရောက်သော ကိုင်တွယ် ထိန်းချုပ်ကိုပြုလုပ်ရန်တင်ပြခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အတွင်းရေးမှူးဖြစ်သော Rio de Janeiro ၏လက်ထောက်ဆရာတော် Joel Portella Amado ကရှင်းပြခဲ့သည်။

            ဘရာဇီးလ်သမ္မတ Jair Bolsonaro ကလည်းရောဂါ ၏ဆိုးရွားလာမူကို မျက်ခြေမပြတ်တိုက်ခိုက်နေကြောင်းနှင့်ယခုထက်ပို၍တင်းကြပ်သောတားမြစ်မူကိုမှုပြုလုပ်ရန်ငြင်းဆန်ထား သည်။ လက်ရှိ၌ နိုင်ငံ၏လူဦးရေ (၁၀) ရာခိုင်နှုန်းသည် ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်သည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3zCLCnp

Add new comment

12 + 1 =