ဘရာဇီးနိုင်ငံ၌ကိုဗစ် (၁၉) ကြောင့်ဒုက္ခရောက်နေသူများအားကူညီပေးသောလှုပ်ရှားမူကို ပုပ်ဖရန်စစ်ချီးမွမ်း

ဘရာဇီးနိုင်ငံ၌ကိုဗစ် (၁၉) ကြောင့်ဒုက္ခရောက်နေသူများအားကူညီပေးသောလှုပ်ရှားမူကို ပုပ်ဖရန်စစ်ချီးမွမ်း

ကမ္ဘာကြီးတစ်ခုလုံးသည် ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးကိုလုံးထွေးသတ်ပုတ်လာခဲ့သကဲ့သို့၊ ဆက်လက် ၍သတ် ပုတ်နေရဆဲဖြစ်ပါသည်။ ထိုသို့ သတ် ပုတ်နေကြသူများထဲ၌ဘရာဇီးနိုင်ငံလည်း အဆိုးဆုံးစာရင်းထဲတွင်ပါ၀င်သည်။ ဤကပ်ဆိုးကြီးကြောင့်အတိဒုက္ခရောက်နေသူများအားချမ်းသာလှ၍မဟုတ်ဘဲ ရှိသမျှထဲ မှ ဝေမျှခြင်းကို Sem Terra (နယ်ခြားမဲ့လုပ်သားများ) အမည်ရသည့်အဖွဲ့ကဘရာဇီး၌အစားအစာပြတ်လတ်မူနှင့်ကြံနေရသောသူတို့ကိုကူ ညီပေးခဲ့ကြသည်။ ဤအဖွဲ့သည်အစားအစာတန်ချိန်ပေါင်း (၂၅၀၀) ကိုပေးဝေနိုင်ခဲ့သည်။

ဇူလိုင်လ (၂၅) ရက်နေ့သည် ဘရာဇီးနိုင်ငံ၏မဖွံ့ဖြိုးသေးသောဒေသရှိအလုပ်သမားများနေ့ဖြစ်သည်။ ထိုနေ့၌ကာဒီနယ် Michael Czerny (SJ) က ဗာတီကန်၏လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးရုံးတော်သို့စာတစ်စောင်ရေးသား ပေးပို့ခဲ့သည်။ ထိုစာ၌လူမူရေးစိတ်ဓာတ်ပြည့်၀စွာဖြင့်ရှိသမျှကိုဝေမျှခဲ့ကြသောလုပ်ရပ်အတွက်ပုပ် ရဟန်းမင်း ကြီးကချီးမွှမ်းကြောင်း၊ ရဟန်းမင်းကြီးနှင့်ကျွန်ုပ်တို့ သည်လည်းအလွန်၀မ်းသာရပါကြောင်း၊ စိုက်ပျိုးလုပ်ကိုင်ရာမှရရှိသောအသီးအနှံများကို‌ ချို့တဲ့သူများနှင့်ဝေမျှခြင်းသည် ကောင်းကင်နိုင်ငံ တော် ၏အမှတ် လက္ခတစ်ခုဖြစ် သည်။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုရင်းစိတ်ဓာတ်ကိုပြသခြင်းဖြစ်သည်။ ဝေမျှခြင်းသည်အသက်ရှင်သန်ခြင်းကိုဖြစ်စေ သည်။

အဘယ်ကြောင့်ဆိုသော်

ယေဇူးသခင်သည်လူအုပ်ကြီးကိုမြင်လိုက်ရသောအခါ သနားစိတ်ဖြစ်ပေါ်လာ၍ ရှိသမျှမုန့်နှင့်ဝေမျှစားခဲ့ကြသည်။ လူအုပ်ကြီးစား၍ ၀ကြပြီး နောက်အကြွင်း အကျန်ကိုလည်းကောက်သိမ်းခဲ့ရသေးသည်အထိတိုးပွားခဲ့သည်။ (ရှင်မာကု ၆:၃၄-၄၄) ဝေမျှခြင်းသည်ရှင်သန်စေသည်။ ညီအစ်ကိုရင်း စိတ် ဓာတ်ကိုသွေးစည်းစေသည်။ လူ့အသင်း အဖွဲ့ကိုအသွင်ပြောင်းလဲစေသည်။ ယခုဤအဖွဲ့၏လုပ်ဆောင်ချက်သည်လည်း တိုးပွားမည်။ အဘယ် ကြောင့်ဆို သော်အခြားသူများအားဤသို့ပြုလုပ်ရန်အလင်း တန်းတစ်ခုဖြစ်သွားစေမည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် နည်းခြင်း၊ များခြင်းထက်ရက်ရောစွာ ပေးကမ်းသောသူအားချစ်ခင်နှစ်သက်သည်။ (ဒုကော် ၉:၇) သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည် သင်တို့အားကိုဗစ် (၁၉) ရောဂါကပ်ဆိုးဘေးမှလွှတ် ကင်းစေရန်ကာကွယ်ပေးပါစေ။ ထို့အတူယခုကဲ့သို့ လူစုလူဝေးဖြင့်နေခွင့်မရှိသော အခြေအနေမျိုး၌သတ္တိနှင့်မျှော်လင့်ချက်များလည်းပေးသနားတော်မူပါ စေ။ ထို့အတူအားလုံးအတွက် စိုက်ပျိုးရေးကိုလုပ်ကိုင်နေကြသောတောင် သူဦးကြီးများနှင့်လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်နေကြသောမိသားစုတိုင်းကို လည်းဘုရားသခင်ကောင်းကြီးပေး၍ အထွက်တိုးပါစေဟုဆုတောင်းပေး၍ သတင်း စကားကိုအဆုံးသတ်ထား သည်။

ဤမြေယာမဲ့အဖွဲ့ကို (၁၉၈၀) ခုနှစ်ကတည် ထောင်ခဲ့သည်။ တည် ထောင်ခဲ့သည့်ရည်ရွယ် ချက်မှာဘရာဇီးမြောက်ပိုင်းရှိဆင်းရဲသောအလုပ်သမားများကိုကူညီရန်ဖြစ်သည်။ ယခုအခါဤအဖွဲ့သည်ဘရာဇီးတစ်နိုင်ငံလုံး၌ (၂၆) ပြည်နယ်အနက် (၂၄) ပြည်နယ်တွင်ဖွဲ့စည်းထားပြီးဖြစ်သည်။ ဤအဖွဲ့မှ အခြေအ‌‌နေမဲ့သောမိသားစုပေါင်း (၃၇၀၀၀၀) ကိုလည်းကူညီကူညီနိုင်ငံခဲ့ကြောင်း၊ ဤအဖွဲ့သည်လုပ် ငန်းပေါင်း (၁၀၀) နှင့်စက်မူလုပ် ငန်းပေါင်း (၉၆) မျိုးနှင့်အဖွဲ့အစည်းပေါင်း (၁၉၀၀) နှင့်ချိပ်ဆက်လုပ်ကိုင်လျှက်ရှိသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/2D9hUxN

Add new comment

3 + 10 =