ဘရာဇီးနိုင်ငံအတွက်ပုပ်ရဟန်း မင်းကြီး၏အလှူဒါန

ဘရာဇီးနိုင်ငံအတွက်ပုပ်ရဟန်း မင်းကြီး၏အလှူဒါန

ဘရာဇီးနိုင်ငံအတွက်ပုပ်ရဟန်း မင်းကြီး၏အလှူဒါန

ဘရာဇီးနိုင်ငံသည် ကိုဗစ် (၁၉) ၏ရိုက်ခတ်မူကိုဆိုးရွားစွာခံခဲ့ရသောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည်။ ထို့ ကြောင့်ရဟန်း မင်း ကြီးအနေဖြင့် ရောဂါ၏တိုက်ခိုက်ခံရသောနိုင်ငံအတွက်လည်း ကောင်း၊ ရောဂါခံစားရသောလူနာများ နှင့်မိသားစု၀င်များအားပစ်မထားရန်၊ အနီးကပ်စောင့်ရှောက်ကူညီပေးကြရန်၊ စာနာစိတ်များရက်ရောစွာပြ သ၍မေတ္တာ ထားကြရန်ရင်ထဲမှလှိုက်လှိုက်လှဲလှဲမေတ္တာရပ်ခံပန်ကြားခဲ့သည်။ ယခုပြုသောအလှူသည် ကမ္ဘာတစ်၀န်းမှကက်သလစ် ဘာသာတူများမှ ရဟန်းမင်းကြီး၏အလှူခေါင်းစဉ်အောက်၌ထည့်၀င်လှူဒါန်းသောအလှူငွေမှဖဲ့၍လှူဒါန်းခြင်းဖြစ် သည်။ ရဟန်းမင်းကြီး၏အလှူကိုဘာရာဇီးနိုင်ငံ၌လိုအပ်သောဆေးရုံသို့ပေးပို့မည့်သတင်းကိုဗာတီကန်သတင်းဌာနမှတနင်္လာနေ့ကထုတ်ပြန်ခဲ့သည်။ ပေးပို့လှူဒါန်းမည့်ကျန်းမာရေးပစ္စည်းများမှာအထူးကြပ်မတ်ဆောင်သုံးပတ်ကာ (၆) လုံး၊ အာထရာဆောင်းစကင်ဖတ်စက်များဖြစ်ကြသည်။

မျှော်လင့်ခြင်းအဖွဲ့အစည်း

ဤကဲ့သို့လှူဒါန်းနိုင်ခြင်းသည် မျှော်လင့်ခြင်းအဖွဲ့အ စည်း၏ ကြိုး စားအားထုတ်မှုဖြစ်သည်။ ဤအဖွဲ့အစည်းသည်အီတလီနိုင်ငံအခြေဆိုက်သည့်အဖွဲ့ဖြစ်ပြီး၊ အမှန်တ ကယ်လိုအပ်နေသောကလေးသူငယ်များနှင့်အသင်းအဖွဲ့များကိုအမြတ်အစွန်းမယူဘဲကူညီနေသောအသင်းအဖွဲ့ဖြစ်သည်။ လူမှုကူညီရေးစီမံ ကိန်း အထူးသဖြင့်ကျန်းမာ ရေးနှင့်ပညာ ရေးကိုဇောင်း ပေးကူညီသောအသင်းအဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည်လူ့အသက်ကိုကယ်နိုင်ရန်အ တွက်အမြင့်ဆုံးသောနည်း ပညာဆိုင်ရာကျန်းမာရေးဆိုင်ရာအကူပစ္စည်းများကိုလှူဒါန်းလေ့ရှိသည်။ ပစ္စည်းများကိုသယ်ယူပို့ဆောင်ရာ၌ လည်းအဖွဲ့ အစည်းမှစီစဉ်ပေးပြီး၊ တပ်ဆင်ပေးလေ့ရှိသည်။ အမှန်ပင်အလိုအပ်ဆုံးသော၊ အလွန်ချို့တဲ့လွန်းသူများကိုကူညီသောအ သင်းအဖွဲ့ဖြစ်ကြောင်း ရဟန်းမင်း ကြီး ၏အလှူကိုတာ၀န်ယူရသောကာဒီနယ် Krajewski ဖြည့်စွပ်ပြောကြားထားသည်။

ယခုပေးပို့မည့်ဆေးရုံသုံးပစ္စည်းများကိုရဟန်းမင်း ကြီး၏ ကိုယ်စား လှယ်မှ
တဆင့်ဘရာဇီးသို့သင်္ဘောဖြင့်ပို့ဆောင် မည်ဖြစ်သည်။ သို့မှသာလိုအပ်သူများအတွက်စာနာသနားစိတ်ဖြင့်လှူဒါန်းသကဲ့သို့ ဤပစ္စည်းများသည်အမှန်တကယ်လို အပ်သူများထံသို့ရောက်ရှိသွားပေမည်။ အခြေအနေများစွာ၌ ရဟန်း မင်းကြီး၏အလှူရုံးတော် သည် ဆေး၀ါး၊ ဆေးရုံ များ ၌လိုအပ်သောပစ္စည်းများကိုလိုအပ်နေသောကမ္ဘာ့နိုင်ငံများသို့ပေးပို့လှူဒါန်းခဲ့ပြီး၊ လူ့အသက်ပေါင်းများစွာကိုလည်း ကူကယ်တင်ပေးနိုင်ခဲ့သည်။

ကမ္ဘာပေါ်၌အမေရိကန်ပြည် ထောင်စုပြီးလျှင် ဘာရာဇီးနိုင်ငံသည် ကိုဗစ် (၁၉) ၏ ရိုက်ခတ်မှုကိုအဆိုးရွားဆုံးခံရသောနိုင်ငံတစ်ခုဖြစ်နေ သည်။ အဘယ်ကြောင့်ဆိုသော် ရောဂါစတင်ဖြစ်ပွားချိန်မှယနေ့ထိတိုင်အ ပေါင်း (၃.၃) သန်းရှိခဲ့ပြီး၊ သေဆုံးသူ (၁၀၈၀၀၀) ရှိခဲ့ကြောင်းသ တင်းထုတ်ပြန်ထားပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3kRmyBE

Add new comment

1 + 0 =