ဘယ်လ်ဂျီယမ်တွင် ဇန်နဝါ ရီလအထိ လူထုနှင့်ကျင်းပသော မစ္ဆားရှိမည်မဟုတ်သေး

ဘယ်လ်ဂျီယမ်တွင် ဇန်နဝါ ရီလအထိ လူထုနှင့်ကျင်းပသော မစ္ဆားရှိမည်မဟုတ်သေး

ဘယ်လ်ဂျီယမ်တွင် ဇန်နဝါ ရီလအထိ လူထုနှင့်ကျင်းပသော မစ္ဆားရှိမည်မဟုတ်သေး

အင်္ဂါနေ့တွင် ဘယ်လ်ဂျီယံကက်သလစ်ဆရာတော်များနှင့်အစိုးရတို့တွေ့ဆုံဆွေးနွေးပွဲရလဒ်အရ ဇန်နဝါရီလ ၁၅ ရက် အထိ လူထုမစ္ဆား ပြုလုပ်မည်မဟုတ် ဟုဆိုသည်။

လူဦးရေ ၆.၅ သန်းရှိသော ကက်သလစ်ဘာသာဝင်များအား ခရစ္စမတ်ကို နေအိမ်များတွင်သာ ကျင်းပကြရန်လည်း လမ်းညွှန်ထားသည်။

ဒီဇင်ဘာ ၁ရက် က ထုတ်ပြန်သော ကြေညာချက်တွင် ဆရာတော်ကြီးများက အစိုး ရ၏ကျန်းမာရေးအသိပေးချက်ကို လိုက်နာကြရန် တိုက် တွန်းခဲ့ပြီး ယုံကြည်ခြင်း၌ အ ခိုက်အတန့်သော ဒုက္ခဖြစ် သည်ဟု မှတ်ယူကြရန်ကြေ ညာသည်။

ပြင်သစ်၊ဂျာမနီ၊လူဇင်ဘာ့ခ်၊နယ်သာလန်တို့နှင့်နယ်နိမိတ်ထိစပ်နေသော ဘယ်လ်ဂျီယမ်သည် ကိုဗစ်ကြောင့် သေဆုံးမှုများပြားနေသော နိုင်လံလည်းဖြစ်သည်။ နိုင်ငံလူဦးရေ ၁၁.၅ သန်းရှိပြီး ၅၇၇၀၀၀ ခန့်ရော ဂါကူးစက်ကာ ၁၆၁၆၄၅ ဦးသေဆုံးခဲ့သည်။

ကိုဗစ်ပထမလှိုင်း မတ်လကတည်းက ဘုရားကျောင်းများတွင် မစ္ဆားတရားမကျင်း ပတော့ပဲ တစ်ဦးချင်းဆု တောင်းသူများအတွက် ဖွင့်ပေးခဲ့သည်။ လက်ထပ်ခြင်း၊ဆေးကြောခြင်းပေးခြင်း၊အသု ဘတို့အတွက် လူအနည်းငယ်ဖြင့်ဆောင်ရွက်ပေးခဲ့သည်။ဇွန်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း နိုဝင်ဘာလတွင် ပြန်ပိတ်ခဲ့ရသည်။

ဘုန်းတော်ကြီးများအနေဖြင့် ဘာသာတူများ ဘုရားကျောင်းတံခါးကို ဖွင့်ပေးနေဆဲဖြစ်ပြီး"မစ္ဆား၌မပါဝင်ရသော်လည်း ကိုယ် တော်မြတ်စက္ကရာမင်တူး၌ ပေါင်း စည်းကြရန်"တိုက်တွန်းထားသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of : Alvesgaspar via Wikimedia Commons (CC BY-SA 4.0).

https://bit.ly/2VExR4O

Add new comment

3 + 8 =