ဘယ်လာရုစ်တွင် ငြိမ်းချမ်းရေးအတွက်အဖြေတစ်ခုရမည်ဟု ဗာတီကန်မျှော်လင့်

ဘယ်လာရုစ်တွင် ငြိမ်းချမ်းရေးအတွက်အဖြေတစ်ခုရမည်ဟု ဗာတီကန်မျှော်လင့်

ဘယ်လာရုစ်တွင် ငြိမ်းချမ်းရေးအတွက်အဖြေတစ်ခုရမည်ဟု ဗာတီကန်မျှော်လင့်

ဗာတီကန်မြို့ပြနိုင်ငံ၏ကုလသမ္ဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် စောင့်ကြည့်လေ့လာသူဖြစ်တော်မူသော ဆရာတော်ကြီး Archbishop Ivan Jurkovic သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ကျင်းပသော ဒီဘိတ်စကားဆွေးနွေးပွဲ၌ ဤသို့ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုစကားဝိုင်းဆွေးနွေးပွဲကို ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ၏၄၅ကြိမ်မြောက်အစည်းအဝေးတွင် "ဘယ်လာရုစ်ရှိလူ့အခွင့်အရေးများအပေါ်အမြင်"ဟူသော ခေါင်းစဥ်ဖြင့်ကျင်းပခဲ့သည်။ ဘယ်လာရုစ်၌ဖြစ်ပွားနေသော အာဏာရှင်ဆန်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် ဖြစ်ပွားနေသော ပြဿနာများကို ငြိမ်းချမ်းစွာအဖြေရှာနိုင်လိမ့်မည်ဟုမျော်လင့်သည်ဟုဆိုသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စသ်ကလည်း နိုင်ငံအတွက်သော်လည်းကောင်း၊ အထူးသဖြင့် ဒေသခံကက်သလစ်ဘာသာဝင်သားသမီးများအတွက် မျှော်လင့်ပြီး ဆုတောင်းပေးနေပါကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် အမုန်းတရားများမပါဝင်စေရန် ဂရုပြုသင့်ကြောင်း သတိပေးခဲ့သည်။

ထို့အပြင် အတိုက်အခံများအနေဖြင့်လည်း အကြမ်းမဖက်ရေးလမ်းစဥ်ကို ကျင့်သုံးကြရန်နှင့်အစိုးရအနေဖြင့်လည်း ပြည်သူပြည်သားများ၏အသံများကို မသိကျိုးကျွံမပြုဘဲ အရေးပေးနားထောင်ပေးရန်၊ ငြိမ်းချမ်းရေးစကားဝိုင်းကိုအကောင်အထည်ဖော်ရန် မီးမောင်းထိုးပြခဲ့သည်။ လွန်ခဲ့သောတနင်္ဂနွေနေ့ အန်ဂျလူးမေတ္တာဆိုခြင်းအပြီးတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘယ်လာရုစ်ရှိ ပဋိပက္ခများကို ထည့်သွင်းမြွက်ကြားခဲ့သည်ဟုသိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/33V5ByH

Add new comment

8 + 0 =