ဘယ်နေရာမှာ ပဲရှိ နေ ရှိ နေ ဘာတွေပဲလုပ်ဆောင်နေပါစေ အများအတွက် လုပ်ဆောင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့သ ည် မားဂျစ်(စ်)၏ လုပ်ဆောင်မှုဖြစ်

ဘယ်နေရာမှာ ပဲရှိ နေ ရှိ နေ ဘာတွေပဲလုပ်ဆောင်နေပါစေ အများအတွက် လုပ်ဆောင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့သ ည် မားဂျစ်(စ်)၏ လုပ်ဆောင်မှုဖြစ်

ဘယ်နေရာမှာ ပဲရှိနေရှိနေ ဘာတွေပဲလုပ်ဆောင်နေပါစေ အများအတွက် လုပ်ဆောင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့သည် မားဂျစ်(စ်)၏ လုပ်ဆောင်မှုဖြစ်

 

ရန်ကုန်မြို့ရှိမားဂျစ်(စ်)မြန်မာလူငယ်များဦးဆောင်သော သုံးရက်တာသင်တန်းတစ်ခုကို ရန်ကုန်မြို့ ၌ ဧပရယ်လ(၁၀-၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

(၃)ရက်တာသင်တန်း၌ ရန်ကုန်မြို့ရှိ ဂျက်ဇွစ်များဖွင့်လှစ်ထားသော သင်တန်း ကျောင်း(၃)ခု တွင်တက်ရောက်နေကျသော ဘာသာပေါင်းစုံ ကျောင်းသားများထဲမှ စိတ်ပါဝင်စားသော ကျောင်းသား (၂၀) ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မားဂျစ်(စ်)မြန်မာတာဝန်ခံ Bro. Stephen Tun Tun(SJ) က (၃) ရက်တာ သင်တန်း ပြုလုပ်ခဲ့ပုံကိုပြောပြရာမှာ “ လူငယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူငယ် တစ်ယောက်စီချင်း စီတိုင်းရဲ့ ဘဝ မှာ သူတို့လုပ်ဆောင်နေတဲ့အရာကို ပိုပြီးတော့မှ ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့ ၊ ကိုယ်လုပ်နေ တဲ့ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ Magis Spirit နဲ့ လူငယ်အယောက်စီတိုင်းကို လမ်းပြပေး ခြင်းဖြစ်တယ်။ဒီ့အပြင် ဝိညာဉ်ရေးကောင်းမွန်ဖို့ရန်အတွက်လည်း လမ်းပြပေးထားတာဖြစ်တယ်။” ဟုဆို ကာ သင်တန်းကို ပြုလုပ်ရခြင်းသည် လူငယ်များ၏ ဘဝလမ်းတွင် မားဂျစ်စိတ်ဓာတ်ဖြင့် လုပ်ငန်း များကိုလုပ်ဆောင်တက်စေရန် ရည်ရွယ်၍ သင်တန်းပြုလုပ်ပေးခြင်းဖြစ်ကြောင်းကို အာဗီအေမြန်မာကို ပြောပြခဲ့သည်။

(၃) ရက်တာကာလအတွင်း Ignatian Spiritually, Ignatian Leadership, Church & Youth, Social, Selfcare, Ecology စသည့်ခေါင်းစဉ်များကို Fr. Irsan Rimawal (SJ), Fr. Mark (SJ), Fr. Joseph Eh Khaw Htoo (NCYC), Fr. Amal (SJ), Sr. Maria Narni (FCJ), Br. Stephen Tun Tun (SJ) အသီးသီး တို့က ပို့ချပေးခဲ့ကြသည်။

ဆက်လက်ပြီး ဘရယ်သာရ်ထွန်းထွန်းက သင်တန်းကာလအတွင်း ထည့်သွင်းပို့ချပေးမည့် ခေါင်းစဉ်များကိုရွေးချယ်ခဲ့ပုံနှင့်ပတ်သက်ပြီးပြောပြရာမှာ “ ဒီခေါင်းစဉ်ခြောက်ခုကို ရွေးဖြစ်တာက မားဂျစ် Core Team member တွေနဲ့လည်းတိုင်ပင်ပြီးတော့ ခေတ်ကာလနဲ့ လိုက်လျော ညီထွေ ဖြစ်စေမယ့်အရာ၊လူငယ်တွေအတွက် အကျိုးဖြစ်စေမယ်လို့ထင်တဲ့အတွက် အဲ့ဒီခေါင်းစဉ်ကြီးတွေနဲ့ ပို့ချချက်တွေကိုပြုလုပ်ပေးခဲ့တာပါ။ “ ဟုဆိုကာ သင်တန်းကာလ အတွင်းပို့ချချက်ခေါင်းစဉ် များနဲ့ ပတ်သက်ပြီး အာဗီအေကိုပြောပြခဲ့သည်။

ယခုသင်တန်းတွင် ခရစ်ယာန်၊ဗုဒ္ဓ၊အစ္စလာမ်ဘာသာဝင်များပါ ပါဝင်တက်ရောက်ခဲ့ ကြသည်။ ဘာသာ ပေါင်းစုံမှလူငယ်များပါဝင်တက်ရောက်ခြင်းနှင့်ပတ်သက်ပြီးမေးမြန်းရာ ဘရာသာရ်ထွန်းထွန်းက မားဂျစ်ရဲ့လုပ်ဆောင်မှုတွေဟာ ကက်သလစ်တွေအတွက်ပဲရည်ရွယ် တဲ့လုပ်ဆောင်မှု တွေ မဟုတ်ပါဘူး။ မားဂျစ်(စ်)ဆိုတာ လူငယ်လူရွယ် ဘယ်ဘာသာဝင်မဆိုပါဝင်လို့ရတယ်။မားဂျစ်(စ်)ဆိုတာ ပိုမိုကောင်းမွန်တဲ့အရာတွေကိုအတူတကွလုပ်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ဘဝကို လူတိုင်းရစေဖို့ ရည်ရွယ်တဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့အတွက် ဒီမားဂျစ်(စ်)ပရိုဂရမ်တွေမှာ လူတိုင်းပါဝင်လို့ရတယ်။ အတူတူ တိုင်ပင်ပြီးတော့အတူတူလက်တွဲလုပ်ဆောင်ကြတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်တယ်။” ဟုဆိုကာ မားဂျစ်(စ်)သည် ကက်သလစ်များအတွက်သာမက လူငယ်လူရွယ်တိုင်းပါဝင်လို့ရသည့်အဖွဲ့ဖြစ်ကြောင်းကို အာဗီအေကို ပြောပြခဲ့သည်။

ဆက်လက်ပြီးဘရယ်သာရ်က “ဘယ်နေရာမှာမဆိုလူငယ်ဆိုတာရှိတယ်။မတူညီတဲ့အခြေအနေတွေမှာရှိနေကြတဲ့လူငယ်တွေ ဒီလို အခြေအနေ မှာ ကိုယ်လုပ်နိုင်တဲ့အရာကိုလုပ်ဆောင်တတ်ဖို့လိုအပ်တယ်။လူငယ်တိုင်းဟာ ကောင်းတဲ့ အရာတွေကိုလုပ်ဆောင်နေကြတာြဖစ်တဲ့အတွက်လူငယ်တိုင်းကိုယ့်ရွေးချယ်မှုအပေါ်မူတည်ပြီးရှင်သန်လှုပ်ရှားနေကြတယ်။သေချာတာတော့လူငယ်တိုင်းကောင်းတဲ့အရာတစ်ခုကိုလုပ်ဆောင်နေကြတယ်။လူငယ်တွေကျနော်တို့ရွေးချယ်မှုတွေမှာကျနော်တို့တာဝန်အပြည့်အဝယူစေချင်တယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်ရွေးချယ်ထားတဲ့ဘဝ ကိုယ်လျှောက်လှမ်းနေတဲ့ဘဝဟာ ကိုယ့်အတွက်ဖြစ်သလို တစ်ပါး သူအတွက်လည်းဖြစ်ဖို့က မားဂျစ်(စ်) ရဲ့ စကားတစ်ခုလဲဖြစ်တဲ့ “ ကိုယ်ကိုယ်တိုင်က အခြားသူ အတွက် ဖြစ်ရမယ်။” အဲ့ဒီစိတ်ထားနဲ့ ရှင်သန် နေထိုင်သွားကြဖို့လည်း လူငယ်တွေကို တိုက်တွန်းချင်ပါတယ်။” ဟုဆို ကာ ဘယ်နေရာမှာ ပဲရှိ နေ ရှိ နေ ဘာတွေပဲလုပ်ဆောင်နေပါစေ အများအတွက် လုပ်ဆောင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့သ ည် မားဂျစ်(စ်)၏ လုပ်ဆောင်မှုဖြစ်ကြောင်းကို အာဗီအေကိုပြောပြခဲ့သည်။

သင်တန်းတွင်ပါဝင်တက်ရောက်ခဲ့သည်လူငယ်တစ်ဦးဖြစ်သူမအိမ့်ကြာဖြူသည် ဂျက်ဇွစ်အသင်း ဂိုဏ်းမှဖွင့်လှစ်ထားသော YLCC သင်တန်းကျောင်းမှ ကျောင်းသူတစ်ဦး ဖြစ်သည်။သူမသည် ဗုဒ္ဓဘာသာတစ်ဦးဖြစ်သော်လည်း မားဂျစ်(စ်)သင်တန်းတွင်ပါဝင်တက်ရောက်ခဲ့သည်။ သူမကသင်တန်း တက်ရောက်ခြင်းနဲ့ပတ်သက်ပြီးပြောပြရာမှာ “ YLCC က Bro. James (SJ) , ကပြောပြလို့သိပြီး လာတက်ဖြစ်တာပါ။ဒီလိုတက်ဖူးတာလည်းပထမဆုံးအကြိမ်ပါ။ အတွေ့အကြုံ တွေလည်း အများကြီး ရလိုက်တယ်။ဗဟုသုတတွေလဲ အများကြီးရတယ်။ခရစ်ယာန်တွေက လူငယ်တွေကို ဦးစားပေးတာ ကိုလည်းတွေ့ရတယ်။သူတို့က ပညာပိုင်းကိုလည်းအမြဲအားပေးကြတယ်။ တစ်ခုခုလုပ်မယ်ဆို စည်းစည်းလုံးလုံးတက်တက်ကြွကြွနဲ့ပါဝင်ပြီး အားတက်သရောလုပ်ဆောင်ကြတာကိုတွေ့ရလို့ တော်တော်လေးသဘောကျမိပါတယ်။ မားဂျစ်(စ်)ရဲ့လုပ်ဆောင်မှုတွေဟာ လူငယ်တွေရဲ့ ဘဝကိုအကျိုးရှိရှိ အသုံးချတတ်ဖို့ လုပ်ဆောင်ပေးနေတဲ့အရာတွေလို့မြင်မိတယ်။အသက်ကြီးလာလို့ကိုယ့်ရဲ့ငယ်ဘဝကို ပြန်တွေးလိုက်တိုင်း ငါငယ်ငယ်က လူငယ်ဘဝမှာဘာမှမလုပ်ခဲ့လိုက်ရပါလားလို့ထင်တာထက် သူတို့ ဟာ လူငယ်ဘဝကို အကျိုးရှိရှိ နဲ့ပျော်ပျော်ပါးပါးအသုံးချတယ်။ ဒါကြောင့်မို့လို ဒီမားဂျစ်(စ်)အဖွဲ့နဲ့ သူတို့ရဲ့ လုပ်ဆောင်နေတဲ့လုပ်ငန်းတွေကို တော်တော်လေးသဘောကျပြီး တော်တော်လေး ပီတိ ဖြစ်မိပါ တယ်။ အခွင့်အရေးရခဲ့ရင်လည်း ဒီမားဂျစ်(စ်)ရဲ့ပရိုဂရမ်တွေမှာဆက်လက်ပါဝင်သွားမှာပါ။ “ ဟုဆိုကာ မားဂျစ်(စ်)လူငယ်များ၏အဖွဲ့၏အများအတွက်လုပ်ဆောင်ချက်များကို သဘောကျနှစ်သက် ကြောင်း ကို အာဗီအေကိုပြောပြခဲ့သည်။

ဆက်လက်ပြီး ဖယ်ခုံသာသနာမှ ရန်ကုန်တွင်သင်တန်းတက်ရောက်ရင်း မားဂျစ်(စ်)သင်တန်းသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သူ ဧမာနွေအဲလ် မောင်ချစ်မောင်က “ အစက ကိုယ့် ရည်မှန်းချက်တောင် ကိုယ်ပျောက်နေတာ။ဒါပေမဲ့ဒီမားဂျစ်(စ်)သင်တန်းမှာပို့ချချက်တွေက ကျနော့်ရဲ့ရည်မှန်း ချက်တွေကို ပြန်အသက်ဝင်လာစေတယ်။ Communication Skill တွေလဲတိုးတက်လာတယ်။ ဒီမားဂျစ်(စ်)ရဲ့ လုပ်ဆောင်မှုတွေကကောင်းတဲ့အလုပ်တွေလို့မြင်တယ်။လူငယ်တွေအတွက်လမ်းဖွင့်ပေးနေတဲ့အဖွဲ့တစ်ခုလို့လဲမြင်တယ်။” ဟုဆိုကာ မားဂျစ်(စ်)သင်တန်းမှ ပို့ချချက်များကြောင့် အသိအမြင်များ ပိုမိုတိုး တက် လာပြီးပျောက်ဆုံးနေတဲ့ရည်မှန်းချက်ကိုပင် ပြန်လည်ရှာတွေ့ခဲ့ကြောင်းကို အာဗီအေကို ပြောပြခဲ့သည်။

ဆက်လက်ပြီး အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ Qurish (ခေါ် )မသင်းသင်းထွေးကလည်း “ဘရယ်သာရ်တစ်ပါးကပြောပြလို့ ဒီသင်တန်းကိုလာတက်ဖြစ်တာပါ။ဒီလိုမျိုး ဖာသာရ်တွေ၊ စစ္စတာရ်တွေရဲ့ပို့ချချက်တွေမှာပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ပျော်လည်းပျော်လည်း ဂုဏ်လည်း ယူမိပါတယ်။ပို့ချချက်တွေထဲက  Life Skills ကိုပိုပြီးကြိုက်တယ်။ဒီကပို့ချချက်တွေအကုန်လုံးက တစ်လုံးမကျန် အဓိပ္ပါယ်ရှိတဲ့အရာတွေဖြစ်နေလို့ ကိုယ့်ပတ်ဝန်းကျင်မှာလဲ ပြန်ပြီးအသုံး ချသွားဖို့ရှိပါ တယ်။ခရစ်ယာန်တွေအပေါ် တစ်ခုသဘော ကျတာကသူတို့က လူငယ်တွေကို ဦးစားပေးတယ်။ ပညာရေးကို အမြဲလိုက်စား တယ်။သူတို့ဖွင့်ထားတဲ့သင်တန်းတွေမှာဆိုရင်လဲ ငွေကြေး မတက်နိုင်တဲ့ သူတွေဆိုရင်လဲ အခမဲ့သင်ကြားပေးတာတွေရှိတယ်။ပညာရေးသာလိုက်စားပေး သူတို့က ထောက်ပံ့ဖို့ အဆင်သင့်ပဲ အဲ့ဒီအချက်တွေကိုတော့ တကယ်သဘောကျတယ်ဟုဆိုတာ “ ဂျက်ဇွစ်အသင်းဂိုဏ်းမှ ဖွင့်လှစ်ထား သော YLCC သင်တန်းကျောင်းတွင်တက်ရောက်နေသူတစ်ဦးဖြစ်သည့် Qurish က ခရစ်ယာန်များသည် လူငယ်များအားဦးစားပေးသည်ကိုသူမအနေနဲ့တွေ့မြင်ရကြောင်းကို အာဗီအေ ကိုပြောပြခဲ့သည်။

မားဂျစ်(စ်)မြန်မာအနေဖြင့် နေရှင်နယ်အလိုက်သင်တန်းကို ဧပရယ်သင်္ကြန်ကာလရောက်တိုင်း တောင်ကြီး မြို့တွင်ပြုလုပ်နေကြဖြစ်သော်လည်း ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်နှင့် တောင်ကြီး နေရာနှစ်ခုခွဲ၍ သီးခြားလုပ်ဆောင်ခဲ့သည်။ ရန်ကုန်မြို့တွင် ဧပရယ်လ (၁၀-၁၂)ထိပြုလုပ်၍ တောင်ကြီး၌ (၁၁-၁၃) ရက်ထိ လုပ်ဆောင်ခဲ့သည်။မားဂျစ်(စ်)သင်တန်းတိုင်းတွင် အဖွဲ့လိုက် Immersion အစီအစဉ်များပါဝင်လေ့ရှိသော်လည်း ယခုနှစ်တွင် ရန်ကုန်တွင်ပြုလုပ်သောသင်တန်း၌ အကြောင်း အမျိုးမျိုးကြောင့်ထိုအစီအစဉ်များ ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

Magis ဆိုသည့်စကားလုံးမှာ လက်တင်ဘာသာမှဆင်းသက်လာြခင်းဖြစ်ပြီး (More, Better) ဘုရားရှင် အတွက်ပိုမိုကောင်းမွန်ပြည့်ဝသော အရာများကိုလုပ်ဆောင်သည့်စိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်သည်။ မားဂျစ်(စ်)စိတ်ဓာတ်သည် ဂျက်ဇွစ်အသင်းဂိုဏ်းအားတည်ထောင်သူ ရဟန္တာ စိန့်အစ် ဂနေးရှစ်(လိုယိုလာ) ၏ လမ်းစဉ်ဖြစ်သည်။မားဂျစ်တွင် အဓိကအချက်သုံးချက်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ (Spirituality)ဝိညာဉ်ရေးအားမာန်ဖြင့်(Companionship) မိတ်ဆွေအပေါင်းအသင်း များနှင့်အတူ လူအများအတွက် (Service) အမှုတော်ဆောင်ခြင်း စသည်တို့ဖြစ်သည်။

Add new comment

11 + 0 =