ဘယ်နဒစ်တင်းရသေ့ကျောင်းကို တောမီးကရှောင်ကွင်းသွားသဖြင့် ပျက်စီးမှုမရှိခဲ့

ဘယ်နဒစ်တင်းရသေ့ကျောင်းကို တောမီးကရှောင်ကွင်းသွားသဖြင့် ပျက်စီးမှုမရှိခဲ့

ဘယ်နဒစ်တင်းရသေ့ကျောင်းကို တောမီးကရှောင်ကွင်းသွားသဖြင့် ပျက်စီးမှုမရှိခဲ့

အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်ရှိ စိန့်အန်ဒရူးအမည်ခံ ဘယ်နဒစ်တင်းရသေ့ကျောင်းကို တောမီးက ရှောင်ကွင်းခဲ့ကြောင်းသိရသည်။

ထိုရသေ့ကျောင်း၏အကြီးအကဲမှာ Fr. Damien Toiloloဖြစ်ပြီး Valyermo အရပ်ဒေသတွင်တည်ရှိသည်။ Antelope ချိုင့်ဝှမ်းအတွင်းရှိ ဧကကိုးသောင်းငါးထောင်ခန့်ကို တောမီးလောင်ကျွမ်းခဲ့ပြီး ထိုဒေသည် လော့စ်အန်ဂျလိစ်မြို့၏အရှေ့မြောက်အရပ်တွင်တည်ရှိသည်။ရသေ့

အကြီးအကဲနှင့် သူ၏အဖော် ရသေ့အပါးနှစ်ဆယ်တို့သည် မိမိတို့၏ဧက၂၀၀၀ရှိသော ကျောင်းတော်ကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။

ရသေ့ကြီးက "ဤကျောင်းတော်ကို မီးလောင်ပြာကျမည်ဟုထင်၍ တိမ်းရှောင်ခဲ့ကြပြီး ထိုသောကြာညက အိပ်ရာမဝင်ခင် ဘုရားသခင်၏အလိုတော်ကို တောင်းခံခဲ့ပြီး မည်သည့်အရပ်သို့သွားရောက်စေလိုကြောင်း၊မည်သည့်အရပ်သို့သွားရမည်ဖြစ်ကြောင်း အလင်းပေးရန် အသနားခံခဲ့သည်"ဟုပြောကြားသည်။ သို့သော်လည်း တောမီးသည် ပင်မအဆောက်အအုံများကို အနည်းငယ်မျှပင် မထိခိုက်ပဲ ရှောင်ကွင်းသွားခဲ့သည်။"

ဤဖြစ်ရပ်သည် ဓမ္မဟောင်းကာလ၌ ပင်လယ်နီကိုဖြတ်သန်းခြင်းကို သတိရစေသည်"ဟု ထပ်မံပြောကြားခဲ့သည်။ ယခုအခါ ရသေ့များသည် ဘေးလွတ်ရာ ကမ်းခြေရှိ ကျောင်းအိုတစ်ဆောင်တွင် နေထိုင်နေကြပြီး ရသေ့ငါးပါးမှာ နေရာအခက်အခဲကြောင့် ဘာသာတူများ၏အိမ်တွင် သီတင်းသုံးနေထိုင်နေကြရသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: JOSH EDELSON | AFP

https://bit.ly/33eQlO7

 

Add new comment

19 + 0 =