ဘန်ကောက်အခြေဆိုက် ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ်ရုံးတော်မှသီတဂူဆရာတော်ထံသို့ပေးပို့သော ကျေးဇူးတင်လွှာ

ဘန်ကောက်အခြေဆိုက် ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ်ရုံးတော်မှသီတဂူဆရာတော်ထံသို့ပေးပို့သော ကျေးဇူးတင်လွှာ

ဘန်ကောက်အခြေဆိုက် ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ်ရုံးတော်မှသီတဂူဆရာတော်ထံသို့ပေးပို့သော ကျေးဇူးတင်လွှာ

ဘန်ကောက်မြို့  ၂၄၊ ဧပြီ၊ ၂၀၂၀

ရိုသေလေးစားရပါသောသီတဂူဆရာတော်၊

မန်းတလေးဂိုဏ်းချုပ်ဆရာတော်မာကုတင်၀င်းမှအသိပေးအ ကြောင်း ကြားလာ၍ဆရာတော်၏ ရက်ရောလှသောအလှူ၀တ္ထုများဖြစ်သော ဆန် (၁၀၀) အိတ်၊ ဆီ (၁၀၀) လုံး၊ ဆန်နှင့်ကြက်သွန်များ လှူဒါန်းခဲ့ကြောင်းနှင့်ဤ၀တ္ထုများသည်ယခုကဲ့သို့သောအရေးပေါ်ကပ်ရောဂါကာလ၌အလွန်လိုအပ် ပါသည်။ ဤ၀တ္ထုများအပြင်ကျွန်ုပ်ကျေးဇူးအထူးတင်လိုသည်မှာငွေကြေးအလျှူ အမေရိကန်ဒေါ်လာ (၁၀၀၀၀/ တစ်သောင်း) တိတိကိုပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ကိုဗစ် (၁၉) ကိုဆိုးဆိုးရွားရွားခံစားရသော အရေးပေါ်ဒေသသို့ကူညီမည့်ရံပုံငွေသို့ထည့်၀င်လှူဒါန်းပေးခြင်းအတွက်ဖြစ်ပါသည်။

မန်းတလေးတိုင်းဒေသကြီးရှိကက်သလစ်သာသနာတော်ကြီးနှင့်ကမ္ဘာတ၀န်းရှိချို့တဲ့သူများအား ပုပ်ရဟန်းမင်းကြီးမှတဆင့်ဆရာတော်၏သနားကြင်နာသောအပြုအမူကြောင့် ကျွန်ုပ်လွန်စွာပင်ကျေနပ်ခဲ့ရပါသည်။

ပုပ်ရဟန်းမင်းကြီးသည်လည်းဆရာတော်ဘုရား၏ကြီးမြတ်သောအလျှူကြောင့်၀မ်းသာမည်မှာ သေချာပါသည်။ ဤအလှူတော်နှင့်ဆရာတော်ဘုရား၏စိတ်ကောင်းနှလုံးကောင်းအတွက်ကျွန်ုပ်အနေဖြင့်ရိုးသားစွာကျေးဇူးတင်ပါသည်။ ဆရာတော်ဘုရားနှင့်အတူကျွန်ုပ်လည်း ကမ္ဘာကြီးကတွေ့ကြုံခံစားနေရသော ပဋိပက္ခများအားလုံးအမြန်ဆုံးအဆုံးသတ်သွားစေရန်အားလုံးစုံကိုတတ်နိုင်သောသူထံဆုတောင်းဆန္ဒပြုပါသည်။

ဆရာတော်ဘုရားပြုသောအလျှူကြောင့် ကောင်းကျိုးချမ်းသာခံစားရပါစေ။ ရွှင်ပြုံးနှလုံး ကိုပိုင်ဆိုင်နိုင်ပါစေ။ သာသနာအကျိုး ဆထက်တိုး၍သယ်ပိုးဆောင်ရွက်နိုင်ပါစေ။

ဆရာတော်ဘုရား၊ ဆွေမျိုး သားချင်းနှင့်သံဃာအဖွဲ့များလည်းလုံခြုံပြီး၊ ကျန်းမာ၊ ကျေနပ်ပျော်ရွှင်ပါစေ။

ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ချန်အင်နဲမ်
ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော်

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Add new comment

3 + 1 =