ဘတ်စကက်ဘောကစားသမား ငါးဦး ပုပ်ဖရန်စစ်အား လာရောက်တွေ့ဆုံ

ဘတ်စကက်ဘောကစားသမား ငါးဦး ပုပ်ဖရန်စစ်အား လာရောက်တွေ့ဆုံ

ဘတ်စကက်ဘောကစားသမား ငါးဦး ပုပ်ဖရန်စစ်အား လာရောက်တွေ့ဆုံ

နိုင်ငံတော် ဘတ်စကက်ဘောကစားသမားအဖွဲ့မှ ကိုယ်စားလှယ်အားကစားသများငါးဦးသည် ပုပ်ရဟန်းမင်းကြီးအား တမန်တော်များ၏နန်းတော် စာကြည့်တိုက်တွင် လာရောက်တွေ့ဆုံခဲ့ကြသည်။

ထိုအဖွဲ့မှာ Kyle Kover နှင့် Marco Retnelli တို့ဦးဆောင်သောအဖွဲ့ဖြစ်သည်။ သူတို့သည် ပုပ်ရဟန်းမင်းကြီးနှင့်တစ်ဦးစီဆွေးနွေးခွင့်ရရှိခဲ့ကြသည်။ " ကျွန်ုပ်တို့တစ်ဦးစီ၏အမှားအယွင်းများနှင့် အဖွဲ့အစည်း၏မှားယွင်းမှုများကို သိရှိလာကြပါသည်"ဟု သူတို့က ပြောကြားကြသည်။

သူတို့သည် ပုပ်ဖရန်စစ်အတွက် လက်ဆောင်များလည်း ယူဆောင်ဆက်သကြပြီး သူတို့နာမည်ထိုးထားသော ဂျာစီအင်္ကျီအားလည်း အမှတ်တရ ဆက်ကပ်ခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးကလည်း "အားကစားဖြင့် လောကကြီး၏အခက်အခဲများကို ပြေပျော်စေသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အားကစားသမားများသည် အဖွဲ့အစည်း စိတ်ဓာတ်ရှိ၍ရိုးသားကြကြောင်း ချီးမွမ်းခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: CluthPoints

https://bit.ly/33m4yYX

Add new comment

9 + 2 =