ဘင်္ဂလား​ဒေ့ရှ်ကက်သလစ်သာသနာက သစ်ပင်စိုက်ပျိုး​ရေးကမ်ပိန်းတစ်ခုကို ပြုလုပ်ကျင်းပ ​

ဘင်္ဂလား​ဒေ့ရှ်ကက်သလစ်သာသနာက သစ်ပင်စိုက်ပျိုး​ရေးကမ်ပိန်းတစ်ခုကို ပြုလုပ်ကျင်းပ ​

ဘင်္ဂလား​ဒေ့ရှ်ကက်သလစ်သာသနာက သစ်ပင်စိုက်ပျိုး​ရေးကမ်ပိန်းတစ်ခုကို ပြုလုပ်ကျင်းပ ​

ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ ကက်သလစ်သာသနာသည် "Laudatosi"စာချွတ်​တော် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သစ်ပင် ၄၀၀၀၀၀ စိုက်ပျိုး​ရေးကမ်ပန်းကို ပြုလုပ်ခဲ့ကြသည်။

ထိုသစ်ပင်များကို "ကျွန်ုပ်တို့အားလုံး၏​နေအိမ်"အမည်ရှိ စာချွန်​တော်၏ ငါးနှစ်​မြောက် အမှတ်တရအဖြစ် တစ်နိုင်ငံလုံးတွင် ကျင်းပသွားမည်ဖြစ်သည်။

ထိုအစီအစဥ်ကို မြို့​တော် ဒါကာတွင် သြဂုတ်လ ၁၄ ရက်က ကျင်းပခဲ့ပြီး ဒါကာ ဂိုဏ်းချုပ်သာသနာမှ ကာဒီနယ် Patrick D'Rozarioက ဦး​ဆောင်​ပေးခဲ့သည်။ ထိုအခမ်းအနားတွင် ကိုဗစ်ကာလစည်းကမ်းအရ ရဟန်း၊သီလရှင်၊ဘာသာဝင်အနည်းအကျဥ်းသာ တက်​ရောက်ခဲ့ပြီး သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

ကာဒီနယ်၏ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးရှိ ကက်သလစ်တို့သည် ယခုနှစ်မကုန်မီတွင် သာသနာ ၈ခု နှင့်စီရင်စုအသီးသီးတွင် စိုက်ပျိုးကြရမည်ဖြစ်သည်။ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ပုပ်ရဟန်းမင်းကြီးစာချွန်​တော်ကို ၂၀၁၅ခု​မေလ ၂၄ရက်တွင် ပုပ်ဖရန်စစ်က ထုတ်ပြန်ခဲ့ပြီး ယခုနှစ်တွင် ငါးနှစ်ပြည့်ပြီဖြစ်သည်။ ထို့​ကြောင့် ၂၀၂၀​ မေလ ၂၄ ရက်မှ ၂၀၂၁​ မေလ ၂၄ရက် အထိ Laudatosi ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှစ်ဟု သတ်မှတ်ခဲ့သည်ဟုဆိုသည်။

ဤကမ်ပိန်းသည် စာချွန်​တော်အထိမ်ူအမှတ်အပြင် လွတ်လပ်​ရေးရခြင်း နှစ်၅၀ ပြည့်ကိုလည်း ဂုဏ်ပြု​ကြောင်းသိရသည်။ ဘင်္ဂလား​ဒေ့ရှ်သည် ပါကစ္စတန်လက်​အောက်မှ ၁၉၇၁ ခုနှစ်တွင် လွတ်လပ်​ရေးရခဲ့သည်။ ထို့ပြင်လွတ်လပ်​ရေးဗိသုကာကြီးဖြစ်​​သော ရှိတ် မူဂျီဘာ ရာမန်၏​မကြာခင်ကျ​ရောက်မည့် မွေး​နေ့ကိုလည်း ဂုဏ်ပြုခြင်းဖြစ်သည်ဟု ကာဒီနယ်ကြီးက ​ပြောကြားခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/3aCdegl

Add new comment

3 + 9 =