ဘင်္ဂလားဒေ့ရှ် မှ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ မတူညီသောယဉ်ကျေးမှုကိုသိခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်

ဘင်္ဂလားဒေ့ရှ် မှ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ မတူညီသောယဉ်ကျေးမှုကိုသိခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်

ဘင်္ဂလားဒေ့ရှ်​   မှ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ မတူညီသောယဉ်ကျေးမှုကိုသိခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်

 

            ဖေဖော်၀ါရီလ (၂၀) ရက်နေ့က ဘဂ်လာဒေ့ရှ်နိုင်ငံ၏မြို့တော် Dhaka ၌ ‘International Mother Language Day’ (အပြည်ပြည်ဆိုင်ရာ မိခင်ဘာ သာစားများနေ့) ကိုကျင်းပရင်း ကလေးအားပညာပေး၊ စောင့်ရှောက်သည့်အစီအစဉ်ကိုကျင်းပခဲ့သည်။ ထိုနေ့ကိုကျင်းပရခြင်းမှာ ဘာသာစကားကိုတတ်ကျွမ်း ပိုင်နိုင်ခြင်းသည် အရေးကြီးကြောင်း နှင့်မတူညီ သောယဉ်ကျေးမှု ကိုသိစေရန်ဖြစ်ကြောင်း၊ ဘာသာစကားများစွာကိုလည်းသင်ယူရန်မြှင့်တင်လုပ်ဆောင်သည့်အနေ ဖြင့် (၁၈) လပြည့်မှသည် (၆) နှစ်ကလေးများ အခြားသောဘာသာ စကားများကိုသင်ယူရန်နိုင် ရန်စီစဉ် ထားကြောင်း၊ ဤနေ့ကိုကျင်းပရခြင်းမှာ (၁၉၅၂) ၌ နိုင်ငံ အတွက်အသက်‌ပေးသွားခဲ့ကြသော ‘အာဇာနည်များ’ ကို အောက်မေ့ဂုဏ်ပြုကျေးဇူးတင်သည့်အနေဖြင့်ဖြစ်ကြောင်း၊ ဤနေ့ကို ကြွေးကြော်သံများဖြင့် လေးလေး စားစားကျင်းပကြကြောင်း၊ ယူနက်စကို၏ယခင် အထွေထွေညွှန်ကြားရေးမှူးဖြစ်ခဲ့သော Irina Bokova က ဤနေ့သည် ကျွန်ုပ်တို့အတွက် နိုင်ငံ တော်အလံကို မြောက်၍ မိခင်ဘာသာစကားဖြင့် ပညာရေး ကဏ္ဍအ စုံကိုလုပ်ဆောင်သင့်ကြောင်း၊ သင်ကြားမှုအပိုင်းကိုလည်းပြုပြင်ပြောင်းလဲရန်၊ ပညာရေးနှင့်အလှမ်းဝေးနေသူများအား အရောက်လှမ်းရန်လုပ်ဆောင်သင့်သည်’ ဟုပြောကြားခဲ့သည်။

အကြီးတန်းအစိုးအရာရှိ Sweety Cicilia Purification ကလည်း ‘အာဇာနည် များနေ့ နှင့် ကမ္ဘာ့ မိခင်ဘာသာစကား’ အကြောင်းပြောကြားခဲ့သည်။ ကလေးအရွယ်မှစ၍ ဂရုစိုက်ကာ သင်ကြားပေး ခြင်းသည်အုတ်မြစ်ဖြစ်ကြောင်း၊ ပညာရေး သည် အသုံးများသောဘာသာစကား၊ သို့မဟုတ် မိခင်ဘာသာစကားအပေါ်မှုတည်ကြောင်းပြောကြားခဲ့သည်။      

            အစီအစဉ်၏တာ၀န်ခံကျောင်းအုပ် Dalia Rodriguez ကလည်း မိမိတို့၏မိခင် ဘာသာ စကားကိုလေးစားပြီး၊ လေ့ကျင့်သင်ကြရန်၊ ဆရာမ Anjali က လည်း ‘Shaheed နေ့’ နှင့်ပတ်သက်၍ ကျောင်းသူကျောင်းသားများအားပြောပြခဲ့သည်။ (၁၉၅၂) နှစ် ယနေ့လိုနေ့၌ Dhaka တက္ကသိုလ်မှ ကျောင်းသား များနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူအချို့တို့သည် မိမိတို့၏မိခင် ဘာသာစကား ကိုဆက် လက်ထိန်းသိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သည်။ မကြာမီဆန္ဒပြသောသူများ အားသက်ဆိုင်ရာ မှလာရောက်ပစ်ခတ်ဖမ်းဆီးသတ်ဖျက်ခဲ့ကြသည်။ ထိုအခင်း၌ (၁၆) ဦးအသက်ဆုံးရှုံးခဲ့သည်။ ထိုအာဇာနည်တို့အားအောက်မေ့ဂုဏ်ပြုသော အားဖြင့် ယနေ့အခမ်းအနားကိုအမှတ်ရကျင်းပခြင်းဖြစ် ကြောင်းရှင်းပြခဲ့သည်။ အမျိုးသားရေးစိတ်ဓာတ်ပြန်လည်ရှင်သန်ရေးအတွက် ဇာတ်လမ်းတင်ဆက်ခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ သီးချင်းများသီဆိုခြင်း၊ သံချပ်ထိုးခြင်းများကိုပြုလုပ်ကြသည်။  

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3sd0QxS

Add new comment

5 + 1 =