ဘင်္ဂလားဒေ့ရှ်အတွက် နိုင်ငံခြား သာသနာပြုဘုန်းတော်ကြီးတပါး ကိုဗစ်ကြောင့် ပျံလွန်

ဘဘင်္ဂလားဒေ့ရှ်အတွက် နိုင်ငံခြား သာသနာပြုဘုန်းတော်ကြီးတပါး ကိုဗစ်ကြောင့် ပျံလွန်

ဘင်္ဂလားဒေ့ရှ်အတွက် နိုင်ငံခြား သာသနာပြုဘုန်းတော်ကြီးတပါး ကိုဗစ်ကြောင့်  ပျံလွန်

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် သာသနာပြုနေသော အမေရိကန်ဘုန်းတော်ကြီး ဖာသာရ်ယူဂျင်း Fr.Eugene Eduard Homrich, သက်တော် ၉၂ နှစ်သည် ဂျုလိုင် ၂၆ ရက်နေ့က ကိုဗစ် ၁၉ ကြောင့် အမေရိကားတွင် ပျံလွန်သွားပါသည်။

ဖာသာရ်ယူဂျင်းသည် ၆၂ နှစ်တာလုံး ဘင်္ဂလားဒေ့ရှ်တွင် သာသနာပြုဆက်ကပ်ခဲ့သူဖြစ်ကြောင်း

၄င်းကို ၁၉၂၈ ခုနှစ် ဒီဇင်ဘာ ၈ ရက် တွင် မီချီဂန် ၌ မွေးဖွားခဲ့ကြောင်း ၁၉၈၈ ခုနှစ် ရဟန်းသိက္ခာ ခံယူပြီးချိန်မှ စပြီး ဘင်္ဂလားဒေ့ရှ် အတွက် သာသနာပြု ဖြစ်ခဲ့ကြောင်းနှင့် ဘင်္ဂါလီ စကား ကိုလည်းသင်ယူခဲ့ကြောင်း

ကလေးများအတွက် စာသင်ကျောင်း ၃၀ ကျော်ကို တည်ထောင်ခဲ့သူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အသိအမှတ်ပြုခြင်းကို ခံရသည့် ဘုန်းတော်ကြီး တစ်ပါးလည်းဖြစ်ကြောင်း

ဘင်္ဂလားဒေ့ရှ်၏ ကာဒီနယ် ပက်ထရိတ်က ဖာသာရ်ယူဂျင်းအား ဘင်္ဂလားဒေ့ရှ် အတွက် ဟီးရိုးသာသနာပြု အဖြစ် တင်စားခဲ့ပါသည်။

ပညာရေးသည် နိုင်ငံ၏ ပင်မ ကြောရိုးဖြစ်သည်ဟု အမြဲပြောခဲ့သည့်ရဟန်းဖြစ်ကာ ကလေးများ ပညာသင်​ကြားနိုင်ရေးကို အထူးစွမ်းဆောင်ခဲ့သလို သူတော်စင်ဘောင် ရဟန်းဘောင်သို့ ခေါ်တော်မူခြင်းများစွာရရှိရန်လည်းကြိုးပမ်းခဲ့သူ မစ်ရှင် စိတ်ဓာတ်အပြည့်ရှိသူဖြစ်သည် ဆိုခြင်းကို RVA မှ သတင်းရယူထားပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/3066lQO

Add new comment

2 + 1 =