ဘင်္ဂလားဒေ့ရှ်မှကျောင်းသားများ စာဖတ်ခြင်းအလေ့အထကိုမြှင့်တင်ရန်ရည်ရွယ်၍ အခမဲ့စာအုပ် ပွဲတော်ကျင်းပ

ဘင်္ဂလားဒေ့ရှ်မှကျောင်းသားများ စာဖတ်ခြင်းအလေ့အထကိုမြှင့်တင်ရန်ရည်ရွယ်၍ အခမဲ့စာအုပ် ပွဲတော်ကျင်းပ

ဘင်္ဂလားဒေ့ရှ်မှကျောင်းသားများ စာဖတ်ခြင်းအလေ့အထကိုမြှင့်တင်ရန်ရည်ရွယ်၍ အခမဲ့စာအုပ် ပွဲတော်ကျင်းပ

        ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တစ်မြို့ဖြစ်သော Rajshahi မှမြို့သူမြို့သားများသည် အခမဲ့စာအုပ်ရ ယူရန်အတွက် နှစ်စဉ် ဖေဖော်၀ါရီလ (၂၁) ရက်နေ့၌ ကျင်းပသော ‘International Mothers Language Day’ (အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားများနေ့) ပွဲတော်ကိုကျင်းပနေသော Circuit House လမ်း၌ ရောက်ရှိ နေကြသည်။ ကျောင်းသားတစ်ဖွဲ့က လူမှုကွန်ရက်မှဦးဆောင်စီစဉ်ခြင်းဖြစ်သည်။ အခမဲ့စာအုပ် ရရှိရန်အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ယခုကဲ့သို့ အခမဲ့စာအုပ်ပေးဝေနိုင်ရန်အတွက် တစ်လ တာနှိုးဆော်၍ စာအုပ်ဟောင်းထောင်သောင်းများစွာကိုအလှူခံခဲ့ရသည်။ တစ်ဦးလျှင် နှစ်အုပ်စီအခမဲ့ ယူခွင့်ရှိသည်။ ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ စာအုပ်ဖတ်လိုသော်လည်း အချို့မှာ၀ယ် ယူရန်ငွေ ကြေးအပိုမသုံးနိုင်သောကြောင့်စာ ဖတ်ခွင့်မရှိဖြစ် နေသောကြောင်း၎င်း၊  ယခုကဲ့သို့ စာအုပ်ကို အခမဲ့ပေး ခြင်းဖြင့် စာဖတ်သည့်အလေ့အထရှင် သန်လာလိမ့်မည် ဟုမျှော်လင့်ကြောင်း နှင့်ဉာဏ်ရည် ဉာဏ်သွေး ရှိသောနိုင်ငံ တစ်ခုအဖြစ်တည်ဆောက်လိုကြောင်းရှင်းပြသည်။  

          ဘင်္ဂလားဒေ့ရှ်  ကျောင်းသားအဖွဲ့၏တွဲဖက်တာ၀န်ခံဘုန်းတော်ကြီး ဖာသာရ် Proshanto Anid ကလည်း လူတန်းစားအလွှာအသီးသီး၊ အသက်အရွယ်အမျိုးမျိုး တို့သည် စာဖတ်သည့်အလေ့ အထမရှိကြပေ။ ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် စာအုပ်၀ယ်မဖတ်နိုင်သူ များအတွက်လည်း အဆင်ပြေသွား ကြောင်း၊ တစ်ကြိမ်ဌားလျှင် (၂) အုပ် ဌားရမ်းနိုင်ကြောင်း၊ ဤသို့ဖြင့် ဖုန်းများ၊ ရုပ်မြင်သံကြား၊ အပျော်အပါးများ၌သာ အချိန်ကုန်မနေစေရန်လည်းဖြစ်ကြောင်း၊ မြို့သူမြို့သားများသည်လည်း ယခုစာအုပ်ပွဲ တော်မှများစွာသင်ယူခဲ့ကြကြောင်း၊ ဤစာအုပ်ပွဲတော်၏ရည်ရွယ်ချက်သည်လည်း အောင်မြင် စေရန် ဆန္ဒပြုကြောင်း၊ အနားတ်၌လည်း ဆက်လက်ဖော်ဆောင်နိင်ပါစေ ကြောင်းပြော ကြားခဲ့သည်။

            ၀မ်းနည်းခြင်းမယ်တော် အသင်း၀င်စစ္စတာရ် Shibly Purification ကလည်း ‘စာအုပ်တစ်အုပ်ကို မိတ်ဆွေကောင်းတစ်ဦးနယ်’ ရွေးချယ်ရန် အကြံပေးပြီး၊ ထို စာအုပ်သည် စာဖတ်သူအား လမ်းညွှန် ပေးသည့် အပြင်၊ ဦးနှောက်အဟာရကိုလည်းဖြစ်စေကြောင်း၊ ဗဟုသုတလည်းတိုး ပွားရ ကြောင်း၊ ဘ၀ကို အကောင်းမြင်လာစေ ကြောင်း၊ ဘ၀ရည်မှန်းချက်ကိုလည်း လက်တွေ့ကျကျဖော် ဆောင်ရန်ကူညီပေး ကြောင်း ရှင်းပြခဲ့သည်။

            လူငယ်တစ်ဦးဖြစ်သော Kaniz Fatema ကလည်း စာအုပ်ကိုအခမဲ့ယူသွားနိုင်သောကြောင့် ၀မ်းသာရကြောင်း၊ ဖတ်ပြီးသောစာအုပ်ကိုလည်း အလည်းအလည် လုပ်နိုင်ကြောင်း၊ သူလည်း စာအုပ်နှစ်အုပ်ယူ၍ နှစ်အုပ်ပြန်လှူခဲ့ကြောင်းပြောပြသည်။ ဤကဲ့သို့ဖော်ဆောင်ရန် အစပျိုးပေးခဲ့သူမှာ စာဖတ် ခြင်းကိုအားပေးသော Bangla ဖြစ်ကြောင်း Joy Biswas ကရှင်းပြသည်။

ယခုဤပွဲကိုစီစဉ်သော ‘Aparna Reza’ ကလည်း မြို့သူမြို့သားများစာအုပ်ကိုချစ်ပြီး၊ စာဖတ်လိုကြသည်။ သူ့ အနေဖြင့် စာအုပ်နှင့် ပတ်သက်၍ တစ်ခုခုလုပ်ဆောင်ရန် အလွန်မျှော်လင့်ထားခဲ့သည်။ ထိုဆန္ဒ ပြည့်၀ခဲ့ပြီ။ လက်ရှိ၌ ရည်မှန်းထား သည့်အတိုင်းဖြစ်မြောက်သွားပြီဖြစ် သော်လည်း ၄င်းတို့အား ကိုယ် တိုင်စာ ဖတ်ပြချင် သေးကြောင်း ရင်ဖွင့်လာပါသည်။ မိဘတစ်ဦးဖြစ်သော Gabriel Gomes ကစာ အုပ်ပွဲတော်သို့ သူ၏ကလေးနှင့်လာ ရောက်လည်ပတ်ရင်းမြင်တွေ့ရသောအခြေအနေကြောင့် ဤစာအုပ် ပွဲတော်သည် အနာဂတ်မျိုးဆက်တို့အား နည်းပညာများ၌သာအချိန်ကုန်စေခြင်းမှ ဆွဲထုတ်ပေးနိုင် မည်ဟုမျှော်လင့်ကြောင်းမှတ်ချက်ပေးသွားခဲ့သည်။

 

အာဗီအေ ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်     

https://bit.ly/3vmBKhL

Add new comment

1 + 0 =