ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အီတလီသာသနာပြုဘုန်းတော်ကြီးတစ်ပါးသက်တော် (၈၀) တွင်ပျံလွန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အီတလီသာသနာပြုဘုန်းတော်ကြီးတစ်ပါးသက်တော် (၈၀) တွင်ပျံလွန်

သူ၏အမည်ကား ဖာသာရ် Paolo Ciceri ဖြစ်သည်။ သူသည် နှစ်ပေါင်း (၄၄) ကျော်ဘဂ်လားဒေ့ရှ် နိုင်ငံ Rajshahi နှင့် Dinajpur ဂိုဏ်းအုပ်သာသနာများ၌ သာသနာပြုခဲ့သည်။ သူပျံလွန်ချိန်၌ သက်တော် (၈၀) ရှိပြီး နို၀င်ဘာလ (၉) ရက်နေ့က အီတလီနိုင်ငံ ပီးမေ (PIME) သက်ကြီးဘုန်းတော်ကြီးများအားစောင့်ရှောက် သောကျောင်းတိုက်ရှိရာ Rancio di Lecco ပျံလွန်သွားခဲ့သည်။

သူသည် ပီးမေ (PIME) သာသ နာပြုဘုန်းတော်ကြီးအသင်းသားတစ်ဦးဖြစ်သည်။ သူသည် သာသနာပြုနယ်မြေမှ (၂၀၁၇) တွင်ကျန်းမာ ရေးကြောင့်ကုသရန် အမိရင်းမြေသို့ပြန်သွားခဲ့သည်။ သူသာသနာပြုခဲ့သောဒေသရှိချို့တဲ့နွမ်းပါးသူများအား လူမှုစီးပွားပညာရှိသင်ကြားပေးခဲ့သည်။ သူနှင့်အတူလက်တွဲ၍သာသနာပြုခဲ့သောဘုန်းတော်ကြီးတစ်ပါးက ပျံလွန်သွားသောဘုန်းတော်ကြီးနှင့်အမှုထမ်းခဲ့ရသောအချိန်သည် သက်ရှိသူတော်မြတ်တစ်ပါး နှင့်နေထိုင်ရဘိသကဲ့သို့ခံစားခဲ့ရကြောင်း၊ သူသည် ကောင်းကင်ဘုံသို့တက်ကြွသွားပြီးဖြစ်ကြောင်း၊ ဘုန်း တော်ကြီးသည် ‌ဝေးလံခေါင်ဖျားသောဒေသမှရေကြည်ရာမျက်နုရာမြို့ကြီးများသို့ပြောင်းရွေ့လာသောချို့တဲ့နွမ်းပါးသူများအား မြေကွက်များ၀ယ်ပေး၍နေရာချထားပေးကြောင်း၊ ထို့နောက်ကျောင်းများ၊ ဆေး ခန်းများဆောက်ပေးကြောင်း၊ ချို့တဲ့နွမ်းပါးသူတို့၏ဒုက္ခသည်သူ့ဒုက္ခဟုခံယူကြောင်း၊ အခက်အခဲမှန်သမျှ ကိုကူညီဖြေရှင်းပေးခဲ့ကြောင်း၊ သူသည်ငွေကြေး၊ ပစ္စည်းများဖြင့်သာကူညီခဲ့ခြင်းမဟုတ်။ သွေးများလို အပ်လာလျှင်လည်း လှူဒါန်းပေးခဲ့အသက်ပေါင်းများစွာကိုကယ်ခဲ့ဖူးသည်။ လူငယ်အမျိုးသား၊ အမျိုးသမီး များစွာသည်လည်း လိုအပ်သောပညာရည်ကိုရရှိပြီး အလုပ်အကိုင်ကောင်းများရရှိခဲ့ကြကြောင်း၊ လူတို့ကိုကူညီသောအမှုကိုပြုလုပ်ရန်သူမောသည်ဟုမရှိပေ။ ယေဇူးသခင်နှင့်လည်းပေါင်းစပ်သကဲ့သို့ ချို့တဲ့နွမ်း ပါးသူများကိုလည်းမေတ္တာမပြတ်ပြခဲ့သည်။

သူ့အား အီတလီနိုင်ငံ၊ မီလန်ခရိုင်၊ Monte Siro ၌ (၁၉၄၂၊ နို၀င်ဘာလ ၂၅) ရက်နေ့တွင်မွေးဖွားခဲ့သည်။ အသက် (၁၂) ၌သူသည် ဗာတီကန်၌ဖွင့်လှစ်ထားသော Opera Don Folci အခြေခံရဟန်းလောင်း ကျောင်းသို့၀င်ရောက်ခဲ့ပြီး သုံးနှစ်အကြာတွင် ထိုကျောင်းမှထွက်လာပြီး မီလန်ဂိုဏ်းချုပ်သာသနာမှဖွင့်လှစ်ထားသော ရဟန်းဖြစ်သင်ကျောင်းသို့ (၁၉၆၇၊ ဇွန်လ ၂၈) ရက်နေ့တွင်ထပ်မံ၀င်ရောက်ခဲ့သည်။ (၅) နှစ်ကြာပြီးနောက် သူ၏ခေါ်တော်မူခြင်းသည် သာသနာပြုတစ်ပါးဖြစ်လာရန်ဖြစ်သည်ကိုကောင်းစွာဆုံး ဖြတ်ချက်ချမှတ်နိုင်သောအခါ ပီးမေ သာသနာပြုဘုန်းတော်ကြီးအသင်းသို့၀င်ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ (၁၉၇၃) မှ (၂၀၁၇) အထိသာသနာပြုခဲ့သည်။ ဘုန်းတော်ကြီးသည် (၂၀၀၅) မှစ၍ သက်ကြီးရောဂါအမျိုးမျိုးကိုခံစားလာခဲ့ရသည်။ အသဲရောဂါကိုလည်းခံစားခဲ့ရသည်။ ထို့ကြောင့် ကျန်းမာရေးဆုတ်ယုတ်လာမှုကြောင့် ဆေးကုသမှုခံယူရန်မိခင်နိုင်ငံသို့ပြန်သွားခဲ့သည်။ သူသည်မြေများကို၀ယ်ယူ၍ ဘာသာတူရွာများတည်ဆောက်ပေးခြင်း၊ ကျောင်းများ၊ ဆေးခန်းများကိုလည်းတည်ဆောက် ပေးခဲ့သည်။ ပညာရေးထူချွန်သောလူငယ်များအား အဆင့်မြင့်ပညာများကိုလည်းသင်ကြားနိုင်ရန်ထောက်ပံ့ပေးခဲ့သည်။

သူ၏ကူညီထောက်ပံ့ပေးမှုကြောင့်ယနေ့ကျောင်းဆရာမတစ်ဦးဖြစ်နေသော မာဂရက်ဆိုသူကလည်း သူ၏ငွေကြေးထောက်ပံ့ပေးမှု၊ လမ်းညွှန်ပေးမှုကိုရရှိခဲ့ကြောင်း၊ သူ၏ကျေးဇူးကိုမမေ့ ကြောင်း၊ အစဉ်သတိရဆုတောင်းပေးကြောင်း၊ သူသည်ကောင်းကင်သို့ရောက်ရှိနေပြီဖြစ်ကြောင်းရင်တွင်းဖြစ်စကားကိုပြောကြားခဲ့ပါသည်။ ဒေသခံများလည်း ဘုန်းတော်ကြီးကျေးဇူးကိုမစဉ်သတိရပြောဆိုလျှက်ရှိပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3UCaB4l

Add new comment

5 + 7 =