ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကက်သလစ်သာသနာတော်သည် 57 ကြိမ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့ ကျင်းပခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကက်သလစ်သာသနာတော်သည် 57 ကြိမ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့ ကျင်းပခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကက်သလစ်သာသနာတော်သည် မေလ ၂၁ ရက် တနင်္ဂနွေနေ့တွင် Rajshahi ဂိုဏ်းအုပ်သာသနာရှိ Christo Jyoti (ခရစ်တော်၏အလင်း) သာသနာ့အဆောက်အဦးတွင် ကမ္ဘာ့ဆက်သွယ်ရေးနေ့ကို ကျင်းပခဲ့ပါသည်။

လူထုဆက်သွယ်ရေးဆိုင်ရာ ဂိုဏ်းအုပ်သာသနာ ကော်မရှင်သည် "နှလုံးသားဖြင့်ပြောပါ" ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ Rajshahi ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော် Gervas Rozario၊ ဂိုဏ်းအုပ်သာသနာလူထုဆက်သွယ်ရေးကော်မရှင်မှဘုန်းတော်ကြီး Bablu Corraya၊ ခရစ်ယာန် ဆက်သွယ်ရေး စင်တာမှ ဒါရိုက်တာ Father Bulbul Rebeiro နှင့် RVA ဘင်္ဂါလီဘာသာ တာ၀န်ခံ Father Nikhil Gomes တို့ တက်ရောက်ခဲ့ပါသည်။
ဤကမ္ဘာ့ဆက်သွယ်ရေးနေ့ အစီအစဉ်သို့ Rajshahi ဂိုဏ်းအုပ်သာသနာ၏ နယ်ပယ်အသီးသီးမှ 70 ခန့် တက်ရောက်ခဲ့ပါသည်။

“ယနေ့၊ ကမ္ဘာတစ်ဝှမ်းရှိ သတင်းစာဆရာများနှင့် သတင်းမီဒီယာသမားများအားလုံး အမှန်တရားကို ဖော်ဆောင်ရန်အတွက် မကြောက်မရွံ့ လုပ်ဆောင်ကြပါရန် ဆုတောင်းလိုက်ပါတယ်” ဟု ဆရာတော် Gervas Rozario မှ မိန့်ကြားပါသည်။

သတင်းသမားများသည် အမှန်တရားကို ဆောင်ကြဉ်းသူများ ဖြစ်လာရန်နှင့် သူတို့ထုတ်ပြန်သောသတင်းသည် မှန်ကန်ပြီး ရိုးသားသင့်သည် ဟု သတင်းသမားများအား ဆရာတော်မှ သတိပေးခဲ့ပါသည်။

ဆရာတော် ရိုဇာရီယိုက သတင်းမီဒီယာသမားများအား မိန့်ကြားသည်မှာ "သင်တို့သည် အန္တရာယ်ရှိသော အခြေအနေမျိုးမှာပင် အမှန်တရားနှင့် တရားမျှတမှုကို ထူထောင်ရန် သင်တို့နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းနှင့် သာသနာတော်အတွက် အလုပ်လုပ်နေကြပါသည်။ ထို့ကြောင့် သင်တို့၏ ကြိုးစားမှုနှင့် ခံယူချက်များအတွက် ကျွန်ုပ် ချီးကျူးပါသည်။"
"သတင်းသမားများဟာ လူ့အဖွဲ့အစည်းရဲ့ ကြေးမုံပြင်ပါပဲ။ ဒါကြောင့် သတင်းမှန်သမျှ အမှန်တရားကို တင်ပြဖို့က သူတို့ရဲ့ ကိုယ်ကျင့်တရားတာဝန်ပဲ" ဟု ဂိုဏ်းအုပ်သာသနာလူထုဆက်သွယ်ရေး ကော်မရှင်မှ ဘုန်းတော်ကြီး Bablu Corraya မှ မိန့်ကြားပါသည်။

“၅၇ နှစ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့အတွက် ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာကို လိုက်နာခြင်းအားဖြင့် သတင်းများထုတ်ပြန်သည့်အခါ အမှန်တရားကို ဦးစွာရှာဖွေရန်၊ ကျွန်ုပ်တို့၏နှလုံးသားဖြင့် နားထောင်ရန်၊ အမှန်တရားကို ထုတ်ဖော်ရန်နှင့် နှလုံးသားဖြင့် မှတ်တမ်းတင်ရန်နှင့် လူသားများကောင်းကျိုးအတွက် သတင်းထုတ်ဝေရန်" ဘုန်းတော်ကြီး Bablu မှ တိုက်တွန်းခဲ့ပါသည်။

ခရစ်ယာန်ဆက်သွယ်ရေးစင်တာ၏ ဒါရိုက်တာ Father Bulbul Rebeiro မှလည်း သတင်းမီဒီယာသမားများ အားလုံးကို မေတ္တာဖြင့် အမှန်တရားသတင်းကို ဖြန့်ဝေရန် တိုက်တွန်းခဲ့ပါသည်။

"ကျွန်ုပ်တို့၏ဆက်သွယ်ရေးသည် နှလုံး သားချင်း ဆက်သွယ်မှုဖြစ်သင့်သည်။ မေတ္တာရှိသော နှလုံးသားသည် ကောင်း မွန်သော စကားများကို ပြောရန် လုံလောက်သည်" ဟု ဘုန်းတော်ကြီး Rebeiro က မိန့်ကြားခဲ့ပါသည်။

ဘုန်းတော်ကြီး Bulbul က “ဒါဆို ငါတို့ ဟောပြောသမျှ ရေးသမျှဟာ စစ်မှန်ပြီး မေတ္တာအပြည့်ရှိပါစေ” ဟု မိန့် ကြားပါသည်။

၅၇ နှစ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့၏ "နှလုံးသားဖြင့်ပြောပါ" ဆောင်ပုဒ်ကို ထောက်ရှု၍ ကလေးများ ရိုးသားရန်နှင့် အမှန်တရားကို ပြောကြားရန် သင်ကြားပေး ခြင်းဖြင့် ကလေးများကို ပြုစုပျိုးထောင်ရာတွင် ကျွန်မ၏ အသက် မွေး၀မ်းကြောင်းနှင့်ဆိုင်သော တာ၀န် ၀တ္တရားကို အသုံးချမည်ဟု အခမ်းအနားတွင် ပါဝင်ခဲ့သည့် မစ္စစ်ကာမိုနာကော်စတာက ၎င်း၏ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

မစ္စစ်ကော်စတာက “သူတို့ပြောတာကို စိတ်နှလုံးနဲ့ နားထောင်ပြီး ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေဖို့ သူတို့နဲ့ စကားပြောဖို့ ပိုကြိုးစားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

Add new comment

5 + 14 =