ဘင်္ဂလားဒေ့ရှ်ဂိုဏ်းချုပ်ဆရာတော်တစ်ပါးကိုဗစ် (၁၉) ရောဂါကူးစက်ခံထားရ

ဘင်္ဂလားဒေ့ရှ်ဂိုဏ်းချုပ်ဆရာတော်တစ်ပါးကိုဗစ် (၁၉) ရောဂါကူးစက်ခံထားရ

ဘင်္ဂလားဒေ့ရှ်ဂိုဏ်းချုပ်ဆရာတော်တစ်ပါးကိုဗစ် (၁၉) ရောဂါကူးစက်ခံထားရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှကက်သလစ်ဘာသာတူများသည် ကိုဗစ် (၁၉) ရောဂါကိုဆိုးရွားစွာခံစားနေ ရသော Chittagong ဂိုဏ်းချုပ်ဆရာတော် Moses Costa အမြန်ဆုံးသက်သာပျောက်ကင်းရန်အတွက်အထူး ဆုတောင်းနေကြ သည်။ ဆရာတော်အားဇွန်လ (၁၃) ရက်နေ့မှစ၍ဒါကာဆေးရုံ၌တင်ထားခဲ့သည်။ ဆရာတော်သည်ကိုဗစ် (၁၉) ပထမဦးဆုံးကူးစက်ခံရသော‌ ကက်သလစ်သာသနာ ၏ ခေါင်း ဆောင်ဖြစ် သည်။

ဆေးရုံသို့ရဟပ်ယာဉ်ဖြင့်ပြီးခဲ့သောစနေနေ့ကပို့ဆောင်ခဲ့ရကြောင်း၊ ဆရာတော်ကြီးဆေးရုံတင် ထားကြောင်းကိုဘုန်းတော်ကြီးများ၊ သီလရှင်များအားလည်းအကြောင်းကြားခဲ့ပြီး၊ ဘာသာတူများကိုမူ ကိုယ်တော်မြတ်ပွဲတော်တနင်္ဂနွေနေ့မစ္ဆားတရား၌လိုင်းမှအသိပေးခဲ့ပြီး၊ ဆုတောင်းပေးရန်ပန်ကြားခဲ့ သည်။ ထိုသတင်းသည်ပြည်တွင်း၊ ပြည်ပရှိဘင်္ဂလားဒေ့ရှ်ကက်သလစ်များထံသို့ပျံ့နှံ့သွားခဲ့ပြီး၊ ဆရာ တော်ကြီးအတွက်အထူးဆုတောင်းပေးနေကြကြောင်း၊ ဘင်္ဂလာဒေ့ရှ်ကက်သလစ်လူငယ်များအဖွဲ့မှ လည်းဆုတောင်းပေးနေကြသည်။

ဆရာတော်ကြီးသည် သက်တော် (၆၉) ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်ကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည်။ သူ့အား (၁၉၉၆) ၌ Dinakpur ဆရာတော်အဖြစ်ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကတင်မြောက်ခဲ့ပြီး၊ (၂၀၁၁) တွင် Chittagong ဆရာတော်အဖြစ်ပြောင်းရွေ့တာ၀န်ထမ်းဆောင်ရန်ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) ၏လက် ထက်၌ပြောင်းရွေ့စေခဲ့သည်။ (၂၀၁၇) ခုနှစ်၌ရဟန်း မင်းကြီးဖရန်စစ်မှ Chittagong ဂိုဏ်းအုပ်သာသ နာကိုဂိုဏ်းချုပ်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့သည်။ ဘင်္ဂလားဒေရှ်နိုင်ငံ၌ပြီးခဲ့သောအင်္ဂါနေ့က ကိုဗစ် (၁၉) ရောဂါကူးစက်သူအသစ် (၅၃) ကိုတွေ့ရှိခဲ့ပြီး၊ ရောဂါဖြင့်ဆုံးပါးသူဦးရေမှာ (၁၂၆၂) ဦးထိတိုးလာ ခဲ့သည်။

ရောဂါကူးစက်ခံရသူပေါင်းမှာ (၉၄၀၀၀) ဦးရှိသည်။ ၄င်းအတို့အနက်ခရစ်ယာန်အယောက် (၃၀) ခန့်ရောဂါကူးစက်ခံခဲ့ရပြီး၊ (၅) ဦးသေဆုံးခဲ့သည်။ Chittagong ဟုလူသိများသောမြို့သည်တရား ၀င်အဖြစ် Chattogram ဟုခေါ်သည်။ ဤမြို့သည်ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး၊ စီးပွားရေးအချက်အချာ ကျသောမြို့လည်းဖြစ်သည်။ ကိုဗစ် (၁၉) ရောဂါသည်ပြီးခဲ့သောအပတ်မှကူးဆက်မူမြင့်တက်လာခဲ့ သည်။ Kotwali သည်ရောဂါပျံ့ပွားမူအမြင့်ဆုံးဒေသဟုသတ်မှတ်ထားသည်။ Chittagong ဂိုဏ်းချုပ်သာသနာသည်ကက်သလစ်သာသနာ (၈) ခုအနက်ကိုဗစ် (၁၉) ကြောင့်ဘုရားကျောင်းများ၊ လူစုလူဝေးပြုခြင်းများ ကိုမတ်လ (၂၆) ရက်ကစပိတ်ထားခဲ့သည်။ ကျန်သာသနာ (၇) ခုမှာမူ (မေလ၊ ၃၁) မှစ၍ဘုရားကျောင်းများပုံမှန်ဖွင့်လှစ်၍၀တ်ပြုနေကြပြီဖြစ် သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fDQT3s

Add new comment

2 + 4 =