ဘင်္ဂလားဒေ့ရှ်ကက်သလစ်သာသနာတော်ကြီး၏အကူ

ဘင်္ဂလားဒေ့ရှ်ကက်သလစ်သာသနာတော်ကြီး၏အကူ

ဘင်္ဂလားဒေ့ရှ်ကက်သလစ်သာသနာတော်ကြီး၏အကူ

ကပ်ရောဂါဆိုးကြီးကာလအတွင်းအကူအညီလိုအပ်သူများကူညီနိုင်ရန်ရံပုံငွေများဖွေရှာသောအစီအစဉ်များရေးဆွဲနေကြသည်။ အခက်အခဲတွေ့နေသူများအားဆုတောင်းခြင်း၊ အနစ်နာခံပေးခြင်းနှင့် တတ်နိုင်သလောက်ငွေကြေးကူညီများပေးခြင်းသည်ခရစ်ယာန်တို့၏၀တ္တရားတစ်ပါးဖြစ်သည်ဟု ကာဒီနယ်ပက်ထရစ်ဒီရိုဇားရီယိုကပြောကြားပါသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သ လစ် ကျောင်းများ၊ ဘာသာရေးအခြေခံအဖွဲ့အစည်းများနှင့်အခြားသောလုပ်ငန်းကြီးသေးလုပ် ကိုင်သူများအားခေါ်ယူပြီး၊ ကပ်ရောဂါဘေးဆိုးကြီးကြောင့်အတိဒုက္ခရောက်နေသူများအားကူညီရန် လိုအပ်သောငွေကြေးများကိုတတ်နိုင်သလောက်ထည့်၀င်ရန်အလှူခံခဲ့သည်။ ကောက်ခံရရှိသောအလှူ ငွေများကိုအခြေခံအစားအသောက်နှင့်ကျန်းမာရေးစောင့်ရှောက်ရာတွင်လိုအပ်သောဆေးဝါးများ၊ ပစွည်းများ၀ယ်မည်ဖြစ်ကြောင်း၊

ကျောင်းထိုင်ဘုန်းတော်ကြီးများကမိမိတို့သာသနာအုပ်စုအတွင်းအ မှန်တကယ်ချို့တဲ့နွမ်းပါးသူများ၏စာရင်းကိုစိန့်ဗင်းဆင်းဒီပေါလ်အသင်းနှင့်သာသနာ့အကျိုးဆောင် များ၏အကူအညီဖြင့်ပြုစုကြရန်၊ ဘင်္ဂလားဒေ့ချ်နိုင်ငံတစ်ဝှမ်းရှိဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာများ သည်မိမိတို့တစ်ပိုင်တစ်နိုင်ဖြင့်ကရုဏာရေးလုပ်ငန်းများကိုလုပ်ဆောင်နေကြကြောင်း၊ နိုင်ငံအတွင်း ဧပြီလ (၂၅) ရက်နေအထိလူနာ (၃၀၉) ဦးရှိခဲ့ပြီး၊ သောကြာနေ့မှစ၍ (၅၀၃) ဦးအထိမြင့်လာခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျင်လူနာ (၄၉၉၈) ဦးရှိခဲ့ကြောင်း၊ (၉) မှာရောဂါဖြင့်ဆုံးပါးသွားခဲ့ ကြောင်းဖြင့်ကျန်းမာရေး၀န်ကြီး၏ တရား ၀င်ပြောရေးဆိုခွင့်ရှိသူပရောဖက်ဆာနာစီမာဆူလ်တာနာက ပြောကြားခဲ့ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3df5gtt

Add new comment

2 + 2 =