ဘင်္ဂလားဒေ့ရှ်ကက်သလစ်လူငယ်များသက်ကြီးရွယ်အိုများအားအစားအစာထောက်ပံ့

ဘင်္ဂလားဒေ့ရှ်ကက်သလစ်လူငယ်များသက်ကြီးရွယ်အိုများအားအစားအစာထောက်ပံ့

ဘင်္ဂလားဒေ့ရှ်ကက်သလစ်လူငယ်များသက်ကြီးရွယ်အိုများအားအစားအစာထောက်ပံ့

ဘင်္ဂလားဒေ့ရှ်မှကက်သလစ်လူငယ်တစ်ဖွဲ့သည်ကိုဗစ် (၁၉) ကြောင့်အလုပ်ပုံမှန်မဆင်းနိုင်၍၀င်ငွေနိမ့်ပါးသူများအားစားစရာများ ထောက်ပံ့သည့်အစီအစဉ်တစ်ရပ်ကိုဖော်ဆောင်ခဲ့သည်။ ဤအစီအစဉ် ကိုစိန့်ဂျိုးဇက်သာသနာအုပ်စုလက်အောက် ရှိလက်ရှိနှင့်ယခင်ဘင်္ဂလာ ဒေ့ရှ်ကက်သလစ်လူငယ်အဖွဲ့၀င်(BCSM) များမှဖော်ဆောင်ခြင်းဖြစ်သည်။

Hubert Sony Ratna ယခင်ကက်သလစ်လူငယ်ဥက္ကဌလည်းဖြစ်ခဲ့ ပြီး၊ ယခုမှာမူအခြားဖွံ့ဖြိုးရေးလုပ်ငန်းကိုလုပ်နေသူကသူဦးဆောင်သောအဖွဲ့သည်မိသားစု (၃၀၀) ခန့်ကိုလွန်ခဲ့သော (၃၃) ရက်ခန့်ကထောက် ပံ့ပေးနိုင်ခဲ့ကြောင်း၊ ကျောင်းသားများသည်မိမိတို့၏ကိုယ်ပိုင်ငွေဖြင့်မိမိတို့၏အနီးတစ်ဝိုက်ရှိချို့တဲ့မိသားစုများကိုထောက်ပံ့ရန်ဤအစီအစဉ် ကိုစတင်ခဲ့ကြောင်း၊ ကျောင်းသားများ၏လုပ်ဆောင်ချက်ကိုတွေ့သွားပြီး၊ အခြားသောဘာသာရေးအဖွဲ့များလည်းလာ ရောက်ပူးပေါင်းမှုများရှိခဲ့ ကြောင်း၊ ဆန်၊ အာလူး၊ ဆား၊ ဆီ၊ ဆပ်ပြာတို့ကိုထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ အမည်စာရင်းဖြင့်ပစွည်းများကိုအိမ်တိုင်ရာ ရောက်ပေးပို့ခဲ့ ကြောင်း၊ ဤဒေသ၌နေထိုင်သောပြည်သူ အများစုမှာနေ့လုပ်နေ့စားများဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

စိန့်ဂျိုးဇက်သာသနာအုပ်စု၏ ကျောင်းထိုင် ဘုန်းတော်ကြီးကလည်း ၄င်းတို့အနေဖြင့်ချို့တဲ့နွမ်းပါးသူများကို အတတ်နိုင်ဆုံးကူညီပေးလျှက်ရှိကြောင်း ပြောကြားပါသည်။

ဘာသာပြန်ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2zPOH99

Add new comment

2 + 13 =