ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးများက မြန်မာနိုင်ငံ၏ အ ကျပ်အတည်းကိုဖြေရှင်းနိုင်ရန် အတွက် တွေ့ဆုံဆွေးနွေးရေးကိုတိုက်တွန်းခြင်း

ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးများက မြန်မာနိုင်ငံ၏ အ ကျပ်အတည်းကိုဖြေရှင်းနိုင်ရန် အတွက် တွေ့ဆုံဆွေးနွေးရေးကိုတိုက်တွန်းခြင်း

ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးများက မြန်မာနိုင်ငံ၏ အ ကျပ်အတည်းကိုဖြေရှင်းနိုင်ရန် အတွက် တွေ့ဆုံဆွေးနွေးရေးကိုတိုက်တွန်းခြင်း

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုများကို ဖြိုခွင်းရာ၌ သေစေနိုင်သည့်အကြမ်းဖက်မှုများနှင့် လူအများအပြားသတ်ဖြတ်နေခြင်းကို ဘင်္ဂလားဒေ့ရှ်မှ ကက်သလစ်ဆရာတော်ကြီးများက ပြင်းထန်စွာရှုတ်ချလိုက်သည်။

ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးများညီလာခံ (Catholic Bishops' Conference of Bangladesh - CBCB) ၏ တရားမျှတမှုနှင့်ငြိမ်းချမ်းရေးကော်မရှင်၏ထုတ်ပြန်ကြေညာချက်တွင် စစ်တပ်အုပ်ချုပ်မှုကိုအဆုံးသတ်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေး ဟူသောမျှော်လင့်ချက်များတွင် မြန်မာပြည်သူများနှင့်အတူ ဆရာတော်ကြီးများက တစ်လုံးတစ်ဝတည်း ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်သူများနှင့်အတူတကွ တွေ့ဆုံဆွေးနွေးရန် မြန်မာစစ်အာဏာရှင်အား တောင်းဆိုလိုက်သည်။ ဧပြီလ (၆) ရက်နေ့တွင် ကော်မရှင်ဥက္ကဌ ဆရာတော်ကြီးဂျဗာ့စ်ရိုဇားရီယိုက လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ကြေညာချက်တွင် မြန်မာပြည်နှင့် မြန်မာနိုင်ငံသားများအပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် သနားကြင်နာမှုကိုတောင်းခံရာ၌ မြန်မာနိုင်ငံရှိ ကက်သလစ် သာသနာတော်နှင့်အတူ ဆုတောင်းခြင်းနှင့် ကိုယ်တော်မြတ်ဖူးမြော်ခြင်းအားဖြင့် ကျွန်ုပ်တို့ ပူးပေါင်းပါဝင်ကြပါသည်။ ကျွန်ုပ်တို့

ဘင်္ဂလားဒေ့ရှ်မှကက်သလစ်သာသနာတော်သည် မြန်မာနိုင်ငံရှိ ကက်သလစ်သာသနာတော်နှင့် နီးကပ်သောအိမ်နီးချင်းများဖြစ်ပြီး၊ မြန်မာလူမျိုးများအား ထောက်ခံ ကြောင်းနှင့် ၎င်းတို့နှင့်တစ်လုံးတစ်ဝတည်းရှိကြောင်းကို ဖော်ပြလိုက်ပါသည်။ အခြားအရာများထက် ဒီမိုကရေစီကိုသာလိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသူများ၏ နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့လည်းထပ်တူပင် ခံစားကြရပါသည်။

အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီအောင်နိုင်ရေးအတွက် သက်ဆိုင်သူများနှင့် ပွင့်လင်းမြင်သာသော တွေ့ဆုံဆွေးနွေးခြင်းများမှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ဆန္ဒပြည့်ဝလာစေ ရေးကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ကြရန်အတွက် ဆရာတော်ကြီးများက စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းပေးနေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့၏ဥက္ကဌ၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာ တော်ကြီး ကာဒီနယ်ချားလ်စ်ဘိုမှ ကိုးရီးယားကက်သလစ်သာသနာတော်အား အကူအညီတောင်းခံမှုကို ဘင်္ဂလားဒေ့ရှ်ဆရာတော်ကြီးများကလည်း သဘောတူထောက်ခံကြောင်း ကြေညာခဲ့သည်။

ကာဒီနယ်ချားလ်စ်မောင်ဘိုက သူ၏ကြေညာချက်တွင် ပြည်သူလူထုအားလုံးကို တည်ငြိမ်မှုရှိကြရန် တောင်းဆိုသည်။ မတရားဖမ်းဆီးထားသော သမ္မတကြီးနှင့် ဝန်ကြီးများ၊ လွှတ်တော်အမတ်များနှင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်နှင့် အမျိုးသားရေးအကျပ်အတည်းကိုဖြေရှင်းရန် အတွက် တွေ့ဆုံဆွေးနွေးမှုကိုစတင်ရန် စစ်တပ်အား တောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရဲသားများရှေ့ဒူးထောက်ကာ အပြစ်မဲ့သူများအားပစ်ခတ်မည့်အစား သူမကိုသာပစ်သတ်လိုက်ရန်တောင်းဆိုသည့် သီလရှင်အန်းနူးတောင်နှင့်အတူ ကျွန်ုပ်တို့ဘဂ်လားဒေ့ရှ် ဆရာတော်များကလည်း ကျွန်ုပ်တို့၏ဘာသာဝင်များကိုယ်စား တောင်းဆိုပါသည်။

မြန်မာလူမျိုးများ ဒုက္ခခံရလျှင် ကျွန်ုပ်တို့ ဒုက္ခခံရခြင်းပင်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း မြန်မာပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုနှင့် ဖိနှိပ်ခံရမှုများကြောင့် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် နာကျင်မှုခံစားကြရသည်။ ဘင်္ဂလားဒေ့ရှ်သာသနာတော်သည် မြန်မာကက်သလစ် သာသနာတော် ကဲ့သို့ပင် ထပ်တူခံစားရပါသည်ဟူ၍ (CBCB) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

https://bit.ly/3wDug8n

Credit: CBCM-OSC

Source: UCAN News

Add new comment

3 + 12 =