ဘင်္ဂလားဒေ့ရ်ှ ဂရုဏာအဖွဲ့အစည်းမှ စာသင်ကျောင်းများတွင် ကလေးသူငယ်ကာကွယ်ရေးအတွက် သင်တန်းပေးခြင်းများ ဆောင်ရွက်

ဘင်္ဂလားဒေ့ရ်ှ ဂရုဏာအဖွဲ့အစည်းမှ စာသင်ကျောင်းများတွင် ကလေးသူငယ်ကာကွယ်ရေးအတွက် သင်တန်းပေးခြင်းများ ဆောင်ရွက်

ဘင်္ဂလားဒေ့ရ်ှ ဂရုဏာအဖွဲ့အစည်းမှ စာသင်ကျောင်းများတွင် ကလေးသူငယ်ကာကွယ်ရေးအတွက် သင်တန်းပေးခြင်းများ ဆောင်ရွက်

လွန်ခဲ့သော သြဂုတ်လ(18-20)ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဂရုဏာအဖွဲ့အစည်းမှ သူ၏၀န်ထမ်းများနှင့် သာသနာ့စာသင်ကျောင်းများတွင် ပညာသင်ကြားပေးနေကြသော ဆရာ/ဆရာမများကို “ကလေးသူငယ်များ ပျော်ရွှင်စွာကျောင်းတက်ရေးနှင့် လုံခြုံမှုကို ခံစားနိုင်ရေး”အတွက် အထောက်အကူဖြစ်စေရန် သင်တန်းပို့ချခြင်းကို ပညာရေးစီမံခန့်ခွဲသူ Shishir Angelo Rozarioနှင့် ဘင်္ဂလားဒေ့ရ်ှဂရုဏာအဖွဲ့အစည်း ပညာရေးပိုင်း၏ ပရိုဂရမ်အရာရှိ Robert Rocky Corrayaတို့၏ အကူအညီအဖြင့် ကျင်းပခဲ့သည်။

Dinajpurနယ်၏ ဂရုဏာဒါရိုက်တာ Jogen Julian Besraမှ ပညာသင်ကြားရာနေရာတိုင်းသည် ကလေးသူငယ်များအတွက် ဒုတိယအိမ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကလေးများသည် အနာဂတ်အတွက် မျိုးဆက်သစ်များဖြစ်သောကြောင့် လူသားတိုင်း ကလေးသူငယ်ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်ကြောင့်လည်း ပြောဆိုခဲ့သည်။

Dinajpurသာသနာ၏ ပညာရေးကော်မရှင်တွင် ပါဝင်သော Fr. Francis Murmuမှလည်း ကလေးသူငယ်များကာကွယ်ရေးအတွက် အစစအရာရာလုပ်ဆောင်ရန် တိုက်တွန်းထားသော ရဟန်းမင်းကြီး၏တိုက်တွန်းစကားအားကိုလည်း ကိုးကားကာ “မိသားစုများနှင့် စာသင်ကျောင်းများသည် ကလေးသူငယ်များ၏ အနာဂတ်ကောင်းမွန်ရေးအတွက် အဓိကဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

ရှင်ဖရန်စစ် အထက်တန်းကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာတစ်ဦးဖြစ်သူ Anjulina Kujurမှ “ယခုသင်တန်းမှ ကလေးသူငယ်ကာကွယ်ရေးအတွက် များစွာသင်ယူခဲ့ရကြောင်း” ပြောဆိုခဲ့သည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/326yE2C

 

Add new comment

8 + 3 =