ဘင်္ဂလာဒေ့ရှ်၌ခရစ်ယာန်တက္ကသိုလ်ကျောင်းသူကျောင်းသားများ ခရစ္စမတ်ပွဲအကြိုကျင်းပ

ဘင်္ဂလာဒေ့ရှ်၌ခရစ်ယာန်တက္ကသိုလ်ကျောင်းသူကျောင်းသားများ ခရစ္စမတ်ပွဲအကြိုကျင်းပ

ဘင်္ဂလာဒေ့ရှ်၌ ခရစ်ယာန်တက္ကသိုလ်ကျောင်းသူကျောင်းသားများ ယေဇူးခရစ္စတူးသခင်၏မွေးနေ့ဖြစ်သော ခရစ္စမတ်အကြိုပွဲကိုမြို့တော် ဒါကာရှိ Jagannath တက္ကသိုလ်တွင် ဒီဇင်ဘာ (၁) ရက်နေ့ကကျင်းပခဲ့သည်။

ထိုအစီအစဉ်ကို တက္ကသိုလ်ကျောင်းသားကျောင်းသူများကသာစီစဉ်ခဲ့ခြင်းဖြစ်သည်။ ဤအခမ်းအနားသို့တက္ကသိုလ်ကျောင်းမှတာ၀န်ရှိသူများအားလည်းဖိတ်ကြားခဲ့ပြီးတက်ရောက်ခဲ့ကြသည်။ ဤအခမ်းအနားအတွက် အထူးဧည့်သည် တော်မှာ ဆရာဆရာမများ၏ဥက္ကဌ Prof. Dr. Md. Abul Hossain၊ အထွေ ထွေအတွင်းရေးမှူး Prof. Dr. A. K. M. Lutfar Rahman၊ Proctor Professor Dr. Mustafa Kamal၊ လက်ထောက် Proctor နှင့်ခရစ်ယာန်ကျောင်းသူကျောင်းသားများတက်ရောက်ခဲ့ကြသည်။

တက္ကသိုလ်၏မော်ကွန်းထိန်းဖြစ်သော Md. Imdadul Haque က ဘာသာရေးအစဉ် အလာသည် ဘင်္ဂလီတို့၏ယဉ်ကျေးမှုနှင့်နွယ်ယှက်နေသည်။ မည်သည့်ဘာသာတရားမှ မူးယစ်ဆေးသုံးစွဲရန်၊ လိမ်ညာမုသားပြောရန်၊ တစ်ဦးတစ်ယောက်အားခိုက်ရန်ဖြစ်ရန်သင်ကြား လေ့မရှိ။ လူတိုင်းသည် မိမိတို့သက်၀င်ယုံကြည်သောဘာသာတရား၏သွန်သင်ချက်အတိုင်း လိုက်နာကျင့်ကြံမည်ဆိုပါက အဘယ်သူမျှလမ်းလွဲချော်သွားမည်မဟုတ်။ ယနေ့ခေတ်ကာလ၌ အကြမ်းဖက်လုပ်ရပ်များသည် ဘာသာရေးကိုခုတုံးလုပ်၍ကျူးလွန်နေကြသည်။ ကမ္ဘာ ပေါ်ရှိမြို့ကြီးပြကြီးများ၌ ဘာသာရေးကိစ္စအသေးအဖွဲပေါ်အကြောင်းပြု၍တည်ငြိမ်မှုမရှိဖြစ် နေသည်ကိုတွေ့နေရသည်။ကျွန်ုပ်တို့အားလုံး ဘာသာတိုင်းကိုလေးစားရမည်။ တက္ကသိုလ်၏အကြီးစားရည်ရွယ် ချက်ဖြစ်သည့်တက္ကသိုလ်ကျောင်း၀င်းအတွင်း၌ အီစ္စလာမ်၊ ဗုဒ္ဓ၊ ခရစ်ယာန်တို့၏၀တ်ပြုဆုတောင်းဆောင်များတည်ဆောက်ခြင်းပြီးစီပြီဖြစ်ကြောင်း၊ ကျောင်းသား တိုင်းသည် မိမိတို့သက်၀င်ယုံကြည်သောဘာသာအတိုင်း၀တ်ပြဆုတောင်းနိုင်ပြီး၊ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရမည်ဖြစ်သည်ဟုဆိုသည်။

Luxmibazar ဘုရားကျောင်း၏ကျောင်းထိုင် ဖာသာရ် Donel Stephen Cruze, CSC သည်လည်းအထူးဧည့်သည်အဖြစ်တက်ရောက်ခဲ့သည်။ သူ၏ထောက်ရှုချက်၌ ခရစ္စမတ်ကာလ၌ အိမ်များကိုမီးများဖြင့်တန်ဆာဆင်ကြသည်။ အဘယ်ကြောင့်ဆိုသော် အမှောင်နှင့်တူသောအပြစ်ကိုချန်ထား၍အလင်းရောင်ထွန်းပရန်ဖြစ်ကြောင်း၊ ထိုအတူယေဇူးသခင်ကိုလက်ခံယုံကြည်ရှင်သန်သူသည် လှပတောက်ပြောင်နေကြောင်း၊ အလင်း ရောင်ဖြာဆင်းသွားသောအခါ အဆင့် အတန်းမရွေးခံယူနိုင်ကြောင်းဖြင့်‌ေ၀ဌသွားသည်။

တက္ကသိုလ်ကျောင်းသူကျောင်းသားများကိုယ်စား Parna Maria Costa ကလည်း တက္ကသိုလ်ကျောင်းသူဘ၀၌ယခုကဲ့သို့သောအစီအစဥ်၌ပါ၀င်ခွင့်ရသည့်အတွက် အလွန်ပျော် ရွှင်ကြည်နူးရကြောင်း၊ ဤအစီအစဉ်သည် ဒုတိယအကြိမ်မြောက်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ဤအစီအစဉ်မျိုးကိုနှစ်စဉ်ကျင်းပနိုင်ရန်မျှော်လင့်ကြောင်း၊ တက္ကသိုလ်၌ကျောင်းတက်ရောက်နေသော ခရစ်ယာန်ကျောင်းသူကျောင်းသား (၄၀ - ၅၀) ဦးရှိကြောင်း၊ ဤသို့စီစဉ်နိုင်ခြင်းဖြင့် ယေဇူးသခင်၏ချစ်ခြင်းနှင့်ခရစ်ယာန်တို့၏ယုံကြည်ခြင်းကို လူတိုင်းမြင်တွေ့နိုင်အောင်ဖော်ထုတ်ပြသနိုင်ကြောင်း၊ ထို့အတူ ယဉ်ကျေးမှုကိုလည်းအခြားသူများအားပြသနိုင်ကြောင်းပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားများကလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတစ်၀ှမ်းရှိတက္ကသိုလ်ကျောင်းများ၌ ယခုကဲ့သို့ကျင်းပခွင့်မျိုးရရှိစေလိုကြောင်း၊ ဤနည်းအားဖြင့် နိုင်ငံသားတိုင်းအား အခြားသူများ၏ ဘာသာတရားကိုလည်းရိုသေ၊ ဂုဏ်ပြုရမည့်အသိကိုဖွံ့ဖြိုးလာအောင်လုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ ဤအစီအစဉ်ကို ခရစ္စမတ်ကိတ်ခွဲ၍ပျော်ရွှင်စွာအဆုံးသတ်ခဲ့ကြ သည်။

ဤတက္ကသိုလ်သည် ယခင်ကကောလိပ်အဆင့်သာဖြစ်ခဲ့ပြီး (၁၈၈၄) ကောလိပ်အဖြစ်သတ်မှတ်ခဲ့သည်။ ၄င်းနောက် တက္ကသိုလ်အဆင့်သို့ (၂၀၀၅) ခုနှစ်ကမြှင့်တင်ခဲ့သည်။ တက္ကသိုလ်၌ ဆရာ၊ ဆရာမ (၆၇၈) ဦးရှိပြီး ဌာန (၆) ခုရှိသည်။ ဘာသာရပ် (၃၆) ခုနှင့်အသက်မွေး၀မ်းကျောင်း (၂) ခုရှိသည်။ ကျောင်းသားစုစုပေါင်း (၈၅၆) ဦးရှိသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3W9TS8M
 

Add new comment

6 + 5 =