ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိဒုတိယအကြီးဆုံးမယ်တော့်ဗိမာန်တော်သို့ဘုရားဖူးသွားခြင်းအားကျင်းပ

ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိဒုတိယအကြီးဆုံးမယ်တော့်ဗိမာန်တော်သို့ဘုရားဖူးသွားခြင်းအားကျင်းပ

ဘုရားဖူးခြင်းများထဲတွင် ဘင်္ဂလားဒေ့ရှ်အတွက် အကြီးမားဆုံးထဲမှ တခုဖြစ်သော မယ်တော့်ထံသဒ္ဒါကြည်ညိုခြင်းအား နိုင်ငံ၏ အရှေ့မြောက်ဒေသရှိ စိန့်လီယိုဘုရားကျောင်း၊ ဖာတီမာမယ်တော်ဘုရင်မ ဗိမာန်တွင် အောက်တိုဘာ ၂၈ ၌ကျင်းပခဲ့သည်။

ယခုနှစ်၏မယ်တော်အားဖူးမြော်ရာ၌ ထားရှိရမည့်ဆောင်ပုဒ်ကား ‘Queen of Fatima, Mother Mary communion, participation, and mission’ (ပေါင်းစည်းခြင်း၊ ပါ၀င်ခြင်းနှင့်သာသနာပြုခြင်း၏ဖာတီမာဘုရင်မ၊ မယ်တော်မာရိယာ) ဟုဖြစ်သည်။

နှစ်စဉ်မယ်တော်ထံသို့ သွား ရောက်ဖူးလေ့ရှိသော်လည်း ကိုးဗစ်ကပ်ဆိုးကြောင့် (၂) နှစ်ကြာရပ်နားထားခဲ့ရသည်။ ယခုနှစ်၌မူ ထောင်သောင်းသောဘာသာတူများမယ်တော့်အားလာရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး လာရောက်ဖူးမြော်သူများ၏ ဆုတောင်းချက်ကားကမ္ဘာကြီး၏ ငြိမ်းချမ်းခြင်း၊ စည်းလုံးခြင်း၊ အချင်း ချင်းသဟဇာတရှိရန်နှင့်အထူးသဖြင့်ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းအမိမယ်တော်၏ ကြား ၀င်ဆုတောင်းခြင်းဖြင့်ငြိမ်းချမ်းခြင်းရှိရန်ဆုတောင်းခဲ့ကြ ကြောင်း ဖာသာရ် Bonowary ကပြောကြားခဲ့သည်။

မစ္ဆားတရားကိုဦးဆောင်ပူဇော်သောဖာသာရ် Gabriel Corraya က သူ၏တရားတော်၌ ဤယခုမယ်တော့်ကိုလာ‌ရောက်ဖူးသည့်ခရီး သည် ယုံကြည်ခြင်း၏ခရီးကိုပုံဆောင်ကြောင်း နက်ရှိုင်း သောယုံကြည်ခြင်း၊ အားကိုးမှုဖြင့်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ဤခရီးအားဖြင့်ကျွန်ုပ် တို့သည်ဘုရားသခင်ကိုအဘယ်မျှယုံကြည်ကြောင်းကိုဖော်ပြနေကြောင်း၊ မယ်တော့်ကြား၀င်ဆုတောင်းပေးခြင်းဖြင့်မရေမတွက်နိုင်သောကျေးဇူး များကိုခံစားခဲ့ရကြောင်း၊ ယနေ့အမိမယ်တော်ကိုလည်းကျေးဇူး တင်ရမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့အားလုံး အမိမယ်တော်၏ ကူညီဆုတောင်းပေး ခြင်းကိုအားပြု၍ ကမ္ဘာကြီးနှင့်ကျွန်ုပ်တို့နိုင်ငံ၊ မိသားစုငြိမ်းချမ်းရေးအတွက်ဆုတောင်းကြစို့။ အမိမယ်တော်သည် မကောင်းမှုခပ် သိမ်းမှဘုရားသခင်ပေးသောအခွင့်အာဏာတော်ဖြင့်ကျွန်ုပ်တို့ကိုကာကွယ်ပေးပါစေဟု​ြဖစ်သည်။

မယ်တော်ဗိမာန်တော်ရှိသောသာသနာ၏သာသနာပိုင်ဆရာတော် Mymensingh ကလည်း အမိမယ်တော်သည်ကျွန်ုပ်တို့နှင့်အတူရှိသည်။ နှစ်စဉ်နှစ်တိုင်းကဲ့သို့ အမိမယ်တော်အား ချစ်ခြင်း၊ ကြည်ညိုခြင်း၊ ယုံကြည်ခြင်း၊ အားကိုးခြင်းနှင့်လာရောက်ဆုတောင်းကြသောကြောင့် ဤဘုရားဖူးခရီးကိုပြုသူများအားကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ဘုရားဖူးသူတစ်ဦးဖြစ်သော Agnes Cruze ကလည်း ဤဘုရားဖူးခရီး၌ပါ၀င်ရခြင်းမှာ မယ်တော်၏ကြား၀င်ဆုတောင်းပေးခြင်းကြောင့် မိသားစုသည် ကျေးဇူးများစွာခံစားခဲ့ရကြောင်း၊ နှစ်စဉ်ဤအစီအ၌ပါ၀င်ဖြစ် ကြောင်း၊ မယ်တော်အရိပ်သို့ရောက်လာတိုင်း အတွင်းစိတ် နှလုံး၏ငြိမ် သက်ခြင်းကိုခံစားရကြောင်းရင်ဖွင့်ပြောကြားခဲ့သည်။

ပါ၀င်ခဲ့ကြသူများစွာလည်း ၀ိညာဉ်ရေးအားသစ်လောင်းခြင်း၊ အတွင်းစိတ်အေးချမ်းငြိမ် သက်ခြင်းကိုခံစားခဲ့ရကြောင်းလည်းပြောကြားခဲ့ကြသည်။ အမိမယ်တော်သည် ယေဇူးသခင်အခွင့်အာဏာတော်အားဖြင့် ကျွန်ုပ်တို့နှင့်အတူရှိ ပါသည်။ မယ်တော့်ရင်ပြင်သို့ရောက်လာတိုင်း မိခင်၏ရင်ခွင်၌ကိုယ်ငွေ့ကိုလုံနေရသကဲ့သို့နွေးထွေးလုံခြုံမှုအပြည့်ခံစားရသည်ဟုလည်း ဘုရား ဖူးသူတစ်ဦးကရင်ဖွင့်ခဲ့သည်။

ဤဗိမာန်သည် အိန္ဒိယနယ်စပ်ဖြစ်သော Garo တောင်၌ တည် ဆောက်ထားသည်။ ထိုဒေသ၌ ဌာနေတိုင်းရင်းသားကက်သလစ် (၈၂၀၀၀) ကျော်နေထိုင်သောဒေသတစ်ခုဖြစ်သည်။ မြို့တော် ၏အရှေ့မြောက်ဖက် (၂၀၀) ကီလိုမီတာခန့်‌ေ၀းသောသာသနာဖြစ်သည်။ သာသ နာသည် Jamalpur, Kishorganj, Netrakona, Sherpur, Tangail, Sunamgonj ခရိုင်များပါ၀င်သည်။

ဤမယ်တော့်ဗိမာန်တော်ဘုရား ဖူးခရီး သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိကက်သလစ်များအတွက်အလွန်လူသိများသော၀ိညာဉ်ရေးခရီးစဉ်တစ်ခုဖြစ်သည်။ လူသိများသောအခြားဘုရားဖူးခရီးမှာ မြို့တော်၏ Gazipur ခရိုင် Nagari ရှိ ပါးဒူအာမြို့မှစိန့်အန်ထော်နီ၏ဗိမာန်သို့ဘုရားဖူးခြင်းနှင့် Chittagong ခရိုင်၊ Diang ရှိလုဒ်မယ်တော်ဗိ မာန်တော်ဖြစ်သည်။

ကိုးဗစ်ကပ်ရောဂါမဖြစ်ပွားမီနှစ်များအထိ နှစ်စဉ်ဘုရားဖူးခရီးစဉ်ရှိခဲ့သည်။ ယခုနှစ်ကိုဗစ်အလွန် ပထမဆုံးအကြိမ်ကျင်းပ ရာ ဘုရားဖူး (၆၀၀၀၀) ကျော်နှင့်ဘုန်းတော်ကြီး (၃၉) ပါးပါ၀င်ခဲ့ကြသည်။

ဤဗိမာန်တော်ကို (၁၉၉၇) ခုနှစ် ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏၀ိညာဉ်ရေးတိုက်တွန်းချက်ဖြစ်သော ယေဇူးသခင်၏မွေးဖွားခဲ့ခြင်း မဟာဂျူဗလီ (၂၀၀၀) ကိုကြိုဆိုသောအားဖြင့် ‘ယုံကြည်ခြင်း၏ခရီးသွား နှစ်’ ကိုပြန်လည်အမှတ်ရသောအားဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မွတ်စလင်၊ ဟိန္ဒူဘာသာ၀င်များလည်းမိမိတို့၏အဓိဌာန်များအတိုင်းလာ ရောက်လှူဒါန်းကြည်ညိုမှုများလည်းရှိသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NEaToP

 

Add new comment

1 + 6 =