ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းရှိ ၇၅ ရာခိုင်နုန်းသော မိခင်များနှင့်ကလေးသူငယ်များ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းရှိ မိခင်နှင့်ကလေးသူငယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းရှိ ၇၅ ရာခိုင်နုန်းသော မိခင်များနှင့်ကလေးသူငယ်များ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ
ဇွန်လ ၅၊ ၂၀၁၉

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းရှိ ၇၅ ရာခိုင်နုန်းသော မိခင်များနှင့်ကလေးသူငယ်များ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ ပြီး သင့်လျှော်သော မိခင်ကျန်းမာရေး စောင့်ရှောက်မူများကို ငြင်းကြမည်ဆိုလျှင် ရာဂဏန်းများစွာသော မိခင်များနှင့် သူတို့၏ မွေးကင်းစ ကလေးသူများသည် ဒီ နှစ်အတွင်းသေဆုံးနိုင်ဖွယ်ရာရှိကြောင်း နိုင်ငံတကာ ကလေးသူငယ်များကယ်တင်ရေး ကမ္ဘာ ထိပ်တန်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းမှ ထုတ်ပြန်လိုက်ပါသည်။

ဒုက္ခသည်စခန်း နေအိမ်များတွင် လူ နှစ်သောင်းနေထိုင်သော အဖွဲ့တစ်ဖွဲ့တွင် ကလေးငယ် ဦးရေ ၄၀၀ ခန့်မွေးဖွားနုန်းရှိနေပြီး ၁၁၉ ဦးသော ကလေးသူငယ်များသာ လုံလောက်သော ဆေးဝါးအထောက်အပံ့အကူအညီဖြင့် ကျန်းမာစွာမွေးဖွား နိုင်ခဲ့ပြီး အများစုမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း ကျန်းမာရေးစောင့်ရှောက်ပေးသည့် ကမ္ဘာ့ ကရုဏာရေး အဖွဲ့၏ ၂၀၁၈ ဇူလိုင်လ မှ ၂၀၁၉ ဧပြီလ ထုတ်ပြန်သော အချက်အလက်မှတ်တမ်းတွင်ဖော်ပြထားပါသည်။

လူတစ်သိန်း ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားမူတွင် မိခင် ၁၇၉ ဦးသေဆုံးနေကြောင်း ယင်းအခြေအနေသည် ကလေးငယ်များနှင့် မိခင်တို့၏ ကျန်းမာရေး စိုးရိမ်ရ အခြေအနေတွင်ရှိနေကြောင်း၊ တချို့သော မိသားစုများသည် သာကြောဖြတ်ခံရခြင်း၊ ကလေးသူငယ်သေဆုံခြင်းများကြုံတွေ့ခဲ့ရသောကြောင့် မည့်သည့် ကျန်းမာရေး အထောက်အကူပြုဌာနထံမှ အကူအညီရယူခြင်းမရှိ ကြကြောင်းကိုလည်း ထုတ်ဖော်ထားပါသည်။

ဗာတီကန် သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

https://www.vaticannews.va/en/world/news/2019-06/bangladesh-mynamar-rohingya-refugees-save-the-children.html

#vatican, #refugees, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

16 + 1 =