ဘဂ်လားဒေ့ရှ်၌ နေ့စဉ်ကလေး (၄၀) ဦးခန့်ရေနစ်မြှုပ်ဟုဆို

ဘဂ်လားဒေ့ရှ်၌ နေ့စဉ်ကလေး (၄၀) ဦးခန့်ရေနစ်မြှုပ်ဟုဆို

ဘဂ်လာဒေ့ရှ်နိုင်ငံ၌ နှစ်စဉ်ရေနစ်သောကလေး (၁၄၀၀၀) ဦးရှိဟုသိရသည်။ ရေနစ်သည့်နှုန်းထားမှာ ကလေး (၄၃) ရာခိုင်နှုန်းမှာအသက်အန္တရာယ်ရှိပြီး၊ ရေနစ်သေဆုံးသောကလေးတို့၏ပျမ်းမျှအသက်များမှာ (၁ မှ ၄ ) နှစ်အတွင်း ဖြစ်သည်ဟုဆိုသည်။

ဇူလိုင်လ (၂၅) ရက်နေ့သည် ‘အပြည်ပြည်ဆိုင်ရာ ကလေးများရေနစ်ခြင်းမှကာကွယ်ရေးနေ့’ အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) နှင့် UNICEF တို့ကအချက်အလက်ထုတ်ပြန်ထားသည်။ ရေမကူးနိုင်သေးသည့်အသက်အရွယ် ဖြစ်သည့် ငါးနှစ်အောက်ကလေးများသည် နေ့စဉ် (၄၀) ရေနစ်သေဆုံးနေကြောင်း၊ ဤအဖြစ်သနစ်မှကာကွယ်ရန်မှာ မိ သားစုအားလည်း ပညာပေးရန်နှင့်အစိုးရမဟုတ်သော လူမှုဖွံ့ဖြိုးမှုလုပ်ငန်းများကိုလုပ်ဆောင်သောအဖွဲ့အစည်းများနှင့် ချိပ်ဆက်လုပ်ဆောင်ရန်လိုကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။

အမျိုးသမီးနှင့်ကလေးရေးရာ နိုင်ငံတော်၀န်ကြီးက နိုင်ငံတော်အနေဖြင့် ကလေးများရေနစ်သေဆုံးခြင်းကိုလုံး၀ မရှိအောင်ဆောင်ရွက်လိုကြောင်းနှင့်ဤအဖြစ်မျိုးနှင့်တူသော ကလေးမီးဖွားမိခင်များသေဆုံးသည့်နှုန်းကိုလည်းအောင် မြင်စွာလျော့ချနိုင်ခဲ့ကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကလေးရေနစ်သေဆုံးခြင်းကို အရေးပေါ်ဆောင် ရွက်ရန်လိုအပ်ချက်နှင့်ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်းလျာထားပြီဖြစ်ကြောင်း၊ ခရိုင် (၁၆) ခု၌ ကလေး (၂) သိန်းအတွက်စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း၊ (၃.၆၀) သောကလေးများကိုလည်း အသက်ငယ်ရွယ်စဉ်၌ပင် ရေ ကူးသင်တန်းကိုပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရေးနစ်သေဆုံးခြင်းမှကြိုတင်ကာကွယ်ရေးအဖွဲ့ (Bloomberg Philanthropies' Drowning Prevention Programme) ၏ဒါရိုက်တာ Kelly Larsen ကလည်း လူမှုအဖွဲ့အစည်းအား အသက် (၄) နှစ်အောက်ကလေးများအားနေ့ပိုင်း ၌ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းသည်လည်း ကလေးများရေနစ်သေဆုံးခြင်းမှ (၈၈) ရာခိုင်နှုန်းကာကွယ်ပေးကြောင်း၊ ဘဂ်လားဒေ့ရှ်အစိုးအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးများရေနစ်သေဆုံးခြင်းအားကာကွယ်သည့် စီမံ ချက်ကိုလုပ်ဆောင်နေသောကြောင့်ကျေနပ်ရကြောင်း ပြောကြား ခဲ့သည်။

ဘဂ်လားဒေ့ရှ်အနေဖြင့် လာမည့် (၂၀၃၀) ၌ အသက် (၅) နှစ်အောက်ကလေးများ ရောဂါကြောင့်သော်လည်း ကောင်း၊ မတော်တဆမှုများကြောင့်သော်လည်းကောင်းသေဆုံးမှုကို အယောက်တစ်ထောင်လျှင် (၂၅) အထိလျော့ချနိုင် ရန်လျာထားသည်။ ကျွမ်းကျင်သူများ၏သုံးသပ်ချက်အရ ကလေးများရေနစ်သေဆုံးခြင်းသည် ဆင်ခြေဖုံးရပ်ကွက် သို့မ ဟုတ် သွားရေးလာရေးခက်ခဲသောဒေသရှိ ရေမြောင်းများ၊ ကန်များသည် အဓိကအသက်ဆုံးရှုံးစေသောနေရာများဖြစ် ကြောင်း၊ ရေနစ်သေဆုံးမှုဖြစ်ပွားမှုအဖြစ်ဆုံးအချိန်မှာ နံနက် (၉) နာရီမှမွန်းလွဲ (၁) နာရီအချိန်ဖြစ်သည်။ ထိုအချိန်သည် မိဘများ အလုပ်လုပ်နေချိန်ဖြစ်၍ ကလေးများအားဂရုမစိုက်နိုင်သောအချိန်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုသည် ဘဂ်လားဒေ့ရှ်နိုင်ငံမှကလေးများရေနစ်ခြင်းကိုပိုမိုဆိုးရွားစေနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ရေကြီး၊ ရေးလွှမ်းမှုများ အချိန်မရွေးဖြစ်နိုင်သောကြောင့်ဖြစ်သည်။ နှစ်စဉ် ကမ္ဘာတစ၀ှမ်း၌ လူပေါင်း (၂၃၀၀၀၀) ဦးမက ရေနစ်၍အသက်ဆုံးရှုံး လျှက်ရှိကာ ရေနစ်သေဆုံးသောသူ (၁၀) ဦးအနက် (၉) ဦးမှာ၀င်ငွေ အလယ်အလတ်နှင့်ဝင်ငွေ နည်းသောနိုင်ငံများ၌ဖြစ်ပွား ကြကြောင်း၊ ဖြစ်ပွားသောကလေးများမှာလည်း မိမိကိုယ်ကိုမကာကွယ်နိုင်သောအသက်အရွယ်၌အဖြစ်များသည်ဟုဆိုသည်။

နိုင်ငံအ တွင်း ရေနစ်သေဆုံးသောအဖြစ်ဆိုးမှကာကွယ်ရန်မှာ ကဏ္ဍအသီးသီးမှလက်တွဲလုပ်ဆောင်ခြင်း၊ ခေါင်းဆောင်တို့၏တာ ၀န်ခံလုပ်ဆောင်မှုများနှင့်လိုအပ်သောအရေးယူဆောင်ရွက်မူများကိုလည်းလုပ်ဆောင်ရမည်ဖြစ်သည်ဟုဆိုသည်။
 

အာဗီအေဘာသာ့ပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3QIwj4y

Add new comment

14 + 4 =