ဘဂ်လားဒေ့ရှ်မှကက်သလစ်သီလရှင်များက ‘လူကုန်ကူးမှုနှင့်အမျိုးသမီးများလုပ်ကိုင်ခွင့်ရှိရေး’ ပညာပေးဟောပြောပွဲကျင်းပ

          ‘SMRA’ သီလရှင်များဟုလူသိများပြီး၊ အသင်း၏အမည်အပြည့်အစုံမှာ ‘Associates of Mary Queen of the Apostles’ (တမန်တော်တို့၏ သခင်မ) ဖြစ်သည်။ သီလရှင်အသင်းသည် ဒေသအတွင်း၌တည်ထောင်ထားသောအသင်းဖြစ်သည်။ သီလရှင်အသင်းမှ ‘လူကုန်ကူးမှု’ ဆိုင်ရာပညာပေးဟောပြော ပွဲကို ဖေဖော်၀ါရီလ (၈) ရက်နေ့ကကျင်းပခဲ့သည်။ တက်ရောက်သူ (၁၇၀) ဦးရှိခဲ့ပြီး၊ အစီ အစဉ်များကိုလည်း သီလရှင်များကသာဦးဆောင်ခဲ့သည်။ ထိုနေ့၌ ကျင်းပရခြင်းမှာ ဖေဖော်၀ါရီ (၈) ရက်နေ့သည် အမိသာသနာတော်ကြီးက စိန့်ဂျိုးဇက်ဖင်း ဘာခီးတ၏ပွဲနေ့ကိုအမှတ်ရကျင်းပသည်။ သူသည်လူကုန်ကူးမှုတိုက် ဖျက်ရေးအားမှိုင်းမသောရဟန္တမဖြစ်သည်။ သူကိုယ်တိုင်လည်း လူကုန်ကူးခံခဲ့ရပြီးမှ ဘုရားသခင်၏ကောင်းကြီးတော်ကြောင့်လွတ်မြောက်လာခဲ့ရသူဖြစ်သည်။ သူသည် အာဖရိကတိုက်၊ တောင်ဆူဒန်၌မွေးဖွားခဲ့သူဖြစ်သည်။

ပညာပေးဟောပြောပွဲအစီအစဉ်၌ မစ္ဆားတရားပူဇော်ခြင်း၊ ဖျက်ဆီးခံအမျိုးသမီးများ၊ လူကုန်ကူး ခံရသည့်အမျိုးသမီးများအတွက် အထူးဆုတောင်းပေးခဲ့ကြသည်။ အစီအစဉ်အတွင်း၌ ပွဲနေ့ရှင်၏ပုံတူပန်းချီကားရေးဆွဲခြင်းကိုလည်းထည့်သွင်းခဲ့သည်။   

အာဗီအေ ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Il8Nqo

Add new comment

15 + 3 =