ဘဂ်လားဒေ့ရှ်နိုင်ငံ၊ ဒါကာတက္ကသိုလ်ကျောင်း၌ ဘာသာအားလုံးအတွက် ဆုတောင်း၀တ်ပြုခန်းပြုလုပ်ထားပေး

ဘဂ်လားဒေ့ရှ်နိုင်ငံ၊ ဒါကာတက္ကသိုလ်ကျောင်း၌ ဘာသာအားလုံးအတွက် ဆုတောင်း၀တ်ပြုခန်းပြုလုပ်ထားပေး

ဘဂ်လာဒေ့ရှ်နိုင်ငံ၊ ဒါကာတက္ကသိုလ်ကျောင်း၌ ဇူလိုင်လ (၁၁) ရက်နေ့က ပထမဦးဆုံးအကြိမ်အဖြစ် လူနည်းစု ဘာသာ၀င်ကျောင်းသားများအတွက် ဆုတောင်းနိုင်သော Shamsunnahar အခန်းကိုစီစဉ်ပေးကြောင်း၊ အဆိုပါခန်းမ ၏တာ၀န်ခံ ပရောဖက်ဆာ Lafifa Jamal က တက္ကသိုလ်ကျောင်း၏ကော်မတီမှ လူနည်းစုကျောင်းသားများအတွက် ဆုတောင်းရန်အခန်းစီစဉ်ပေးသင့်ကြောင်းကိုဆုံးဖြတ်ခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းသည် ကျောင်းသူကျောင်းသားတိုင်း တန်းတူအခွင့်အရေးရှိသောနေရာဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းတော်ကြီးအနေဖြင့် ကျောင်းတော်၀င်းအတွင်း သက် ယုံကြည်မှုမတူသော ဘာသာ၀င်များ၏အခွင့်အရေးကိုချိုးဖောက်သည့်လုပ်ရပ်မျိုးကိုရပ်တန့်ရန် ပထမဦးဆုံးခြေ လှမ်းစတင်လိုက်ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်အဆောင်၌နေသော ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၀င်ကျောင်းသူကျောင်း သားများအတွက်စီစဉ်ထားပေးခြင်းဖြစ်ကြောင်း၊ အဆိုပါဆုတောင်းခန်းမထဲ၌ ယေဇူးသခင်၊ ဗုဒ္ဓနှင့်ဟိန္ဓဘာသာ၀င်တို့၏ ဘုရားပုံတော်များကိုထားရှိထားကြောင်း၊ ကျောင်းသူကျောင်းသားများအနေဖြင့် ဤအစီအစဉ်ကိုအလွန်သဘောကျနှစ် ခြိုက်ကြောင်း၊ ယခုကဲ့သို့သော ပညာပေးသည့်အစီအစဉ်များစွာကိုလည်း ထည့်သွင်းပေးလာလိမ့်မည်ဟုလည်း မျှော်လင့် နေကြကြောင်းသူကပြောပါသည်။

ဟိန္ဓူဘာသာ၀င်ကျောင်းသူတစ်ဦးဖြစ်သော Monic Roy က ယခုကဲ့သို့သောဆုံးဖြတ်ချက်မျိုးကိုချမှတ်စီစဉ် ပေးသည့်အတွက် တက္ကသိုလ်၌တာ၀န်ရှိသူများကိုကျေးဇူးတင်ကြောင်း၊ ထို့အတူ ကက်သလစ်ဘာသာတူတစ်ဦးဖြစ် သော Priyanka Gomes ကလည်း ယခုကဲ့သို့စီစဉ်ပေးခြင်းသည် သက်၀င်ယုံကြည်မှုမတူသော ဘာသာ၀င်အချင်းချင်း သဟဇတရှိစွာအတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက်အလွန်ကောင်းသောအစီအစဉ်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘာသာများနှင့်ယဉ် ကျေးမှုဌာန၌ တွဲဖက်ပရောဖက်ဆာတစ်ဦးဖြစ်သော ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် Tapan Rozario ကလည်း အနာဂတ်၌ ခရစ်ယာန်များ၊ ဟိန္ဒူနှင့်ဗုဒ္ဓဘာသာ၀င်များအတွက်ဘုရားကျောင်းတည်ဆောက်ပေးလာမည်ကိုလည်း မျှော် လင့်ကြောင်းပြောသည်။

ဒါကာတက္ကသိုလ်ကို (၁၉၂၁) ၌တည်ဆောက်ခဲ့ပြီး အမျိုးသမီးအိပ်ဆောင် (၅) ဆောင်နှင့်အမျိုးသားများအတွက် (၃) ဆောင်ရှိသည်။ ကျောင်းသူကျောင်းသား (၃၈၀၀၀) ဦးရှိပြီး ကျောင်းသားအများစုမှာ မွတ်စလင်ဘာသာ၀င်များဖြစ် ကြသည်။ နိုင်ငံ၏လူဦးရေ (၁၆၂) သန်းအနက် (၉၀) ရာခိုင်နှုန်းမှာ မွတ်စလင်ဘာသာ၀င်ဖြစ်ပြီး၊ ဟိန္ဒူဘာသာ၀င်မှာ (၈) ရာခိုင်နှုန်း၊ ကျန်ရာခိုင်းနှုန်းမှာ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ၀င်များဖြစ်ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cPXGdT

Add new comment

1 + 0 =