ဘဂ်လားဒေ့ရှ်နိုင်ငံမှ နွမ်းပါးချို့တဲ့သူများအား (၄၇) နှစ်ကြာအစေခံခဲ့သော ကက်သလစ်ဘုန်းတော်ကြီး တစ်ပါးပျံလွန်

ဘဂ်လားဒေ့ရှ်နိုင်ငံမှ နွမ်းပါးချို့တဲ့သူများအား (၄၇) နှစ်ကြာအစေခံခဲ့သော ကက်သလစ်ဘုန်းတော်ကြီး တစ်ပါးပျံလွန်

ဤဘုန်းတော်ကြီးသည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး၊ ဘဂ်လာဒေ့ရှ်နိုင်ငံ၌ သာသနာအမှု ထမ်းနေခဲ့သူဖြစ်သည်။ သူသည် နံနက်စောစောနိုးသူဖြစ်သည်။ သူသည်နေ့စဉ် နံနက် (၃) နာရီ၌အိပ် ယာမှနိုးထလေ့ရှိသည်။ သူ၏နေ့စဉ်ပရိမေတ္တာများကိုရွတ်ဆိုပူဇော်သည်။ နေ့စဉ်မစ္ဆားတရားကိုပူဇော် လေ့ရှိသည်။ သူ၏ဝိညာဉ်ရေး၀တ္တရားများဖြည့်ဆည်းပြီးစီးသွားသောအခါ ရွာများဆီသို့သွားပြီးလျှင် နေထိုင်မကောင်းဖြစ်နေသူများ၊ ဆေး၀ါးကုသရန်လိုအပ်သူများရှိမရှိမေးမြန်းကြည့်ရှုလေ့ရှိသည်။

သူကား သက်တော် (၅) နှစ်ရှိပြီဖြစ်သော ဖာသာရ် Robert Terence McCahill ဖြစ်သည်။ သူသည် Maryknoll သာသနာပြုဘုန်းတော်ကြီးအသင်း၀င်တစ်ဦးဖြစ်သည်။ ဤအမှုတော်ကိုဆောင်နေ ခဲ့သည်မှာ (၄၇) နှစ်ရှိပြီဖြစ်သည်။ သူသည် မွတ်စလင်အများစုဖြစ်သော ဘဂ်လာဒေ့ရှ်နိုင်ငံ၌အမှုတော် ထမ်းနေခြင်းဖြစ်သည်။ ဒေသခံများက သူ့အား ‘Bob Bhai’ (Brother Bob) ‘ဘာရာသာရ် ဘေ့ဘ်’ ဟု ချစ်စနိုးခေါ်ကြသည်။ သူသည် နွမ်းပါးချို့တဲ့သူများကြ၌ပို၍လူသိများသည်။ ၄င်းတို့ကိုပြုစုစောင့်ရှောက် သောကြောင့်ဖြစ်သည်။ အထူးသဖြင့် မွတ်စလင်ဒေသခံများကြား၌ပို၍လူသိများသည်။

သူသည် (၁၉၆၄) ခုနှစ်၌ ထာ၀ရရဟန်းသိက္ခာထပ်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသို့ ပထမဦးဆုံး သာသနာပြုခရီးကိုစတင်ခဲ့သည်။ ထိုနိုင်ငံ၌ (၁၁) နှစ်ကြာအမှုထမ်းခဲ့သည်။ ထိုသို့အမှုထမ်းသောကာလ ၌သူသည် ဝေးလံခေါင်ဖျားသောဒေသ၌ သီတင်းသုံးခဲ့သည်။ သာသနာပြုခရီးကို တစ်ခါတစ်ရံ မော် တော်ဆိုင်ကယ်ဖြင့်လည်းကောင်း၊ လမ်းအခြေအနေကြောင့် ကုန်းကြောင်းလျှောက်ရသည်ကိုပိုများ သည်။ သူသည်အခြေခံလူတန်းစား တောင်ယာလုပ်ကိုင်စားသောက်သူတို့နှင့်နီးကပ်စွာသီတင်းသုံးခဲ့ သည်။ စိန်ခေါ်မှုများစွာကြားက သူ၏နေ့စဉ်ဖြတ်သန်းသောဘ၀သည် အားလပ်သည်ဟူ၍မရှိ။ ချို့တဲ့ နွမ်းပါးသူများအားကူညီပေးရသည်ကို ကျေနပ်ပျော်ရွှင်နေသည်။ ချို့တဲ့နွမ်းပါးသူများနှင့်ချို့တဲ့စွာနေ ထိုင်ရန်‌ ဘ၀ကိုရွေးချယ်လျှောက်လှမ်းခဲ့သည်။

ဖာသာရ်ရောဘက်သည် ဒက်ကာ၏ဂိုဏ်းချုပ်ဆရာတော်၏ ဖိတ်ခေါ်မှုဖြင့် ဘဂ်လားဒေ့ရှ်သို့ (ဒီဇင်ဘာ ၂၊ ၁၉၇၅) ခုနှစ်ကရောက်ရှိလာခဲ့သည်။ ဖာသာရ် McCahill သည် ဘဂ်လာဒေ့ရှ်သို့သာသနာ ပြုရန်ရောက်လာသော သက်ကြီးရဟန်းတော်တစ်ပါးဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော်က သူ့အား မွတ်စ လင်များကြား သီတင်းသုံး၍၄င်းတို့အတွက်တတ်နိုင်သည်များကို ကူညီလုပ်ပေးစေခဲ့သည်။

ဘဂ်လာဒေ့ရှ်သို့လာရောက်အမှုထမ်းရန် ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်းမှာ နိုင်ငံသည် အစာရေစာခေါင်း ပါးပြတ်လတ်မှု၊ သဘာ၀ဘေးဒဏ်များကျရောက်နေကြောင်းကြားသိရသောကြောင့် ဘဂ်လာဒေ့ရှ်နိုင်ငံ သို့ သာသနာပြုရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပထမအသုတ်အဖြစ် သာသနာပြုဘုန်းတော်ကြီး (၅) ပါး လာရောက်ခဲ့ကြသည်။ ထိုသာသနာပြု (၅) ပါးအနက် သူတစ်ဦးတည်းသာလျှင် မွတ်စလင်ညီအစ်ကို မောင်နှများအား အလုပ်အကျွေးပြုစေခဲ့သည်။

သူဘဂ်လားဒေ့ရှ်နိုင်ငံသို့ရောက်ရှိသည်နှင့်ရလိုက်သောအတွေးကား သူသည် ကျောင်းထိုင်ဘုန်း တော်ကြီးအဖြစ်မဟုတ်ဘဲ မွတ်စလင်ညီအစ်ကိုများကြား၌ ခရစ္စတူးသခင်ကို ပိုမိုသက်သေခံနိုင်မည်ဟု တွေးမိခဲ့သည်။ သူ၏သာသနာပြုလုပ်ငန်းသည် ချို့တဲ့နွမ်းပါးသူများနှင့်ချို့တဲ့စွာနေထိုင်ရုံသက်သက်မ ဟုတ်။ သူသည် နိုင်ငံအတွင်းရှိ ခရိုင် (၁၃) ခုဆီသို့သွားရောက်လေ့ရှိသည်။ လူများသူ့အား နားလည် လက်ခံလာပြီး၊ သဘောပေါက်လာသောအခါ သူ့အားလိုအပ်မည့် အခြားသောနေရာကိုထပ်မံတိုးချဲ့ထိုး ဖောက်လေ့ရှိသည်။ ဤနည်းအားဖြင့် သာသနာပြုလျှက်ရှိသည်။ ဘဂ်လာဒေ့ရှ်ပြည်သူများသည် ကောင်း ကြသည်။ ရိုးသားကြသည်။ သူ၏သာသနာပြုလုပ်ငန်းကိုလည်းနှစ်သက်ကြသည်။ အစပိုင်း၌မှု သံသယ ၀င်သည်များရှိခဲ့၏။ သံသယဟုဆိုရာ၌ ဘာသာတရားကိုအတင်းသွပ်သွင်းရန်လောဟုဖြစ်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ၄င်းတို့ကဲ့သို့ သာသနာပြုများကိုမသိ။ မရင်းနှီးကြပေ။ သာသနာပြုများအားယုံ ကြည်ရန်ခက်ခဲနေခဲ့သည်။ သာသနာပြုများအတွက်လည်း အစပိုင်း၌ စိန်ခေါ်မှုကြီးဖြစ်ခဲ့သည်။

အီစ္စလာမ်အစွန်းရောက်များ နိုင်ငံတစ်၀ှမ်း၌ထကြွလာကြသော်လည်း သာသနာပြုများအား မတရားပြုမူခြင်းမရှိသေးပေ။ လူသားတိုင်းသည် မိသားစုတစ်ခုတည်းမှဖြစ်သည်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်နှင့်မည်သည့်ဘာသာ၀င်ဖြစ်စေ အတူတူပင်ဖြစ်သည်။ ဘာသာခြားအဘယ်သူ့ကိုမျှ ဘာသာထဲ သို့သိမ်းသွင်းခြင်းကိုမပြုခဲ့။ ချစ်ခြင်းမေတ္တာ၊ အကြင်နာ၊ ယေဇူးသခင်၏ ရွှေနှလုံးတော်ကိုသာပြသ သည်။ လူအများက ‘မွတ်စလင်များကြား သင့်သာသနာပြုနည်းနှင့်မွတ်စလင်တို့ကြား အမှုတော်ဆောင် ခြင်း၏ရလာဘ်ကားအဘယ်နည်း’ ဟုလူများကသိလိုကြသည်။ သို့သော် သူသည်ထုတ်ဖော်ပြောဆိုခြင်း မရှိ။

တမန်တော်လုပ်ငန်းများအားလုံးသည် ဘုရားသခင်နှင့်သာသက်ဆိုင်သည်။ သူလုပ်ဆောင်သမျှ သည် ဘုရာသခင်၏အလိုတော်ကိုလုပ်ဆောင်သည်ဟုခံယူသည်။ နေ့စဉ်လုပ်ဆောင်နေသော တမန် တော်လုပ်ငန်းများအားဖြင့်ဘုရားသခင်သည် သူတို့အား တမန်တော်လုပ်ငန်းများလုပ်ဆောင်ရန်ဘုရား သခင်စီမံပေးထားသည်။ ဖာသာရ်ခံစားရသော ပျော်ရွှင်မှုနှင့်ငြိမ်းချမ်းမှုသည် ဘုရားသခင်ပေးသနား သောလက်ဆောင်ဖြစ်သည်။ ထိုအရာကိုသာတွေးတောနေ၍မရ။ ရပ်တန်နေ၍မရ။ သူ၏ကာယ၊ စိတ္တ၊ အာရုံ၊ ၀ိညာဉ်ရေး၌ သက်လုံကောင်းနေစေရမည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Ay9POk

Add new comment

1 + 0 =