ဘဂ်လားဒေ့ရှ်နိုင်ငံမှကက်သလစ်သာသနာတော်ကြီးက သက်၀င်ယုံကြည်မှုမတူသော်လည်းစည်းလုံးခြင်း၊ သာတူညီမျှရှိခြင်းအကြောင်းဝေမျှဆွေးနွေး

ဘဂ်လားဒေ့ရှ်နိုင်ငံမှကက်သလစ်သာသနာတော်ကြီးက သက်၀င်ယုံကြည်မှုမတူသော်လည်းစည်းလုံးခြင်း၊ သာတူညီမျှရှိခြင်းအကြောင်းဝေမျှဆွေးနွေး

ဘဂ်လားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒက်ကာဂိုဏ်းချုပ်၏ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းနှင့်သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းကော်မတီမှကြီးမှူးစီစဉ်သော သက်၀င်ယုံကြည်မှုမတူသော်လည်း စည်းလုံးခြင်းနှင့်သာတူညီမျှရှိခြင်းအကြောင်းဆွေးနွေးပွဲကိုနို၀င်ဘာ ဘာလ (၉) ရက်နေ့ကကျင်းပခဲ့သည်။ ဘာသာအသီးသီးမှခေါင်းဆောင်များ၊ ကျောင်းသားများပါ၀င်ခဲ့ကြ သည်။ ဤဆွေးနွေးပွဲ၏ဆောင်ပုဒ်မှာ ‘Interreligious dialogue for unity and solidarity in the light of different Religions’ (သက်၀င်ယုံကြည်မှုမတူသောဘာသာအသီးသီး၏ စည်းလုံးခြင်းနှင့်သာတူညီမျှရှိခြင်းအပေါ်အမြင်) သည်။

ဒက်ကာဂိုဏ်းချုပ်ဆရာတော် Bejoy D'Cruze ကသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး တွေ့ဆုံရသည့်အကြောင်းအရင်းနှင့်တွေ့ဆုံခြင်း၏ဆောင်ပုဒ်ကို မိန့်ခွန်း၌အကျယ်တ၀င့်ရှင်းပြခဲ့သည်။

ဤတွေ့ ဆုံပွဲ၌ကမ္ဘာ့ဘာသာကြီး (၄) ခုမှကိုယ်စားလှယ်များပါ၀င်ခဲ့သည်။ မိန့်ခွန်း၌ ဘာသာတိုင်းတန်ဖိုးထားသောအရာများအကြောင်း၊ သာတူညီမျှရှိရန်မှာ ချစ်ခြင်း၊ လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှု၊ အားပေးထောက်ပံ့မှု၊ ကောင်းမြတ်ခြင်းနှင့်ကောင်းသောရင်းနှီးချစ်ခင်မှု၊ တွေ့ဆုံဆွေးနွေးခြင်း၊ အချင်းချင်းထံမှသင်ယူရှင်သန်ကြရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းသည် မိမိနှင့်သက်၀င်ယုံကြည်မှုမတူသောသူ များအားဘာသာသိမ်းသွင်းခြင်းမဟုတ်။ အဘယ်သို့ရှိကြောင်း၊ ဖြစ်ကြောင်းရိုးသားစွာပြောပြခြင်းသာဖြစ် သည်။ အခြားသူများထံသွားရောက်ရန်၊ လေးစားရန်၊ အားလုံးအတွက်အကျိုးဖြစ်စေမည့်အကြောင်းအရာ များကိုအခြားသောဘာသာကိုသက်၀င်ယုံကြည်သူများနှင့်ပြောဆိုခြင်းဖြစ်သည်။ မာသာရ်ထရေးဇာသည် ဘာသာ၊ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အစေခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၌ဘုရားသ ခင်၏မျက်နှာတော်ကိုမြင်၍သောကြောင့်ဖြစ်ပါသည်။ လူသားများအားအစေခံခြင်းဖြင့်သာဘုရားသခင်ကိုအစေခံနိုင်သည်။ တွေ့ဆုံဆွေးနွေးရန်မှာ နှိမ့်ချရန်လိုသည်။ ၀ိညာဉ်ရေးပုဂ္ဂိုလ်များဖြစ်ရန်လိုသည်။ ကျွန်ုပ်တို့အားလုံးသည် ဖန်ဆင်းရှင်အားဖွေရှာနေကြသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ဖန်ဆင်းခံများဖြစ်ကြသည်။ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့်စည်းလုံးခြင်ကိုဖန်တီးနိုင်သည်။ မာသာရ်ထရေးဇာသည် ဤအမှန်တရားကိုဘာသာတိုင်းကိုရည်ညွှန်းခဲ့သည်။

ဘဂ်လားဒေ့ရှ်နိုင်ငံသည် ဘာသာများစွာရှိသောနိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လာခဲ့ကြသည်မှာဆယ်စုနှစ်များကြာခဲ့ပြီဖြစ်သည်။ ဤအစဉ်အလာကောင်းကိုဆက်လက်၍ထိန်းသိမ်းရန်မှာ ကျွန်ုပ်တို့နိုင်ငံသားများအားလုံး၏တရားပေးတာ၀န်ဖြစ်သည်။ ထို့ကြောင့်ဘာသာအချင်းချင်းသိရန်၊ လေး စားတတ်ရန်သင်ယူရမည်။ ဤအစီအစဉ်၌ပါ၀င်၍စကားပြောခဲ့ကြသောသူတိုင်း ငြိမ်းချမ်းခြင်းနှင့်သာတူညီမျှရှိခြင်းအကြောင်းကိုလက်ရှိအဖြစ်အခြေအနေနှင့်ယှဉ်၍ဇောင်းပေးပြောကြားခဲ့သည်။

အီစ္စလာမ်ဘာသာကိုယ်စားပြောဆိုခဲ့သော Mawlana Rahul Amin Sirajee ကလည်း စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းကိုအီစ္စလာမ်ဘာသာရေးရူထောင့်မှပြောကြားခဲ့သည်။ ပရောဖက် Hazrat Mohammad အကြောင်းနှင့်သန့်ရှင်းသောကူရမ်၌လူသားသည် ဘုရားသခင်၏ဖန်ဆင်းခံများအနက်အမြင့်ဆုံဖန်ဆင်းခံ ဖြစ်သည့်အကြောင်း၊ လူသားတိုင်းသည် ငြိမ်းချမ်းရေး၊ လေးစားမှုနှင့်စည်းလုံးခြင်းကိုရရှိပိုင်ဆိုင်ခွင့်ရှိကြောင်း၊ အီစ္စလာမ်သည်ငြိမ်းချမ်းခြင်းဖြစ်ကြောင်း၊ အီစ္စလာမ်ဘာသာသာငြိမ်းချမ်းရေး၊ ကောင်းမြတ်ခြင်းအကြောင်းကိုလူသားများကြားဟောပြောနေသည်မဟုတ်။ ဘာသာတိုင်းကဟောပြောလျှက်ရှိကြောင်း၊ မည်သည့်နေရာ၌ရှင်သန်နေသည်ဖြစ်စေ၊ အာလာရ်၏ဖန်ဆင်းခံဖြစ်သည်ကိုသိနေရမည်ဖြစ် ကြောင်း၊ အာလာရ်အတွက်အသက်ရှင်ရမည်ဖြစ်ကြောင်း၊ အာလာရ်အရှင်မြတ်ဖန်ဆင်းသောလူသားများ ကိုချစ်ရမည့်အကြောင်း ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရမည်ကိုသိရမည်ဖြစ်ကြောင်း၊ ဘာသာတရားတိုင်းက ငြိမ်းချမ်းခြင်း၊ အမှန်တရား၊ စည်းလုံးခြင်း၊ ချစ်ခြင်းနှင့်ခွင့်လွတ်ခြင်းအကြောင်းကိုဟောပြောကြ သည်။ ကျွန်ုပ်တို့သည် အာလာရ်အရှင်၏အစေခံများဖြစ်၍သူဖန်ဆင်းသောလူသားများအား ကောင်းမှုကိုပြုရမည်ဖြစ်ကြောင်းဟောကြားခဲ့သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသက်နှင့်၀ိညာဉ်ကိုလေစားရမည်။ လူသားတိုင်းနှင့်တိရစ္ဆာန်များ ပင်အသက်ရှိသည်။ လူသားသည် အမြင့်ဆုံးဖန်ဆင်းခံဖြစ်သည်။ ထို့ကြောင့်အချင်းချင်းနှင့်အခြားသောဖန်ဆင်းခြင်းကိုဂရုစိုက်တတ်ရန်လိုကြောင်း၊ ဗုဒ္ဓဘာသာသည် လူသားကိုအခြေခံသောဘာသာတရားဖြစ် ကြောင်း၊ ဤဘာသာတရားသည် လူတစ်စုတစ်ဖွဲ့အတွက်သာမဟုတ်ကြောင်း၊ လူသားအားလုံးအတွက်ဖြစ်ကြောင်း Sreemot Shrodhananda Thero ကပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာသည်ကျွန်ုပ်တို့အားငြိမ်း ချမ်းစွာ၊ သဟဇာတရှိစွာ၊ အခြားဘာသာကိုလည်းလေးစားချစ်ခင်စွာနေထိုင်တတ်ရန်သွန်သင်ကြောင်း၊ ဤအချက်များကိုလက်တွေ့ကျကျ၊ တရားနည်းလမ်းကျကျကျင့်ကြံရှင်သန်လျှင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်လုံလောက်သောအခြေအနေဖြစ်ကြောင်း၊ စိတ်နှလုံးသည်သန့်စင်လျှင် ကျွန်ုပ်တို့၏လုပ် ရပ်များလည်းစင်ကြယ်လာသည်။ ထိုအခါငြိမ်းချမ်းရေးစီးထွက်လာမည်ဖြစ်ကြောင်း Sreemot Shrodhananda Thero ကပြောကြားခဲ့သည်။

ဟိန္ဒူဘာသာ၏ကိုယ်စားပြု၍လည်း Dr. Dilip Kumar Ghosh က ဘာသာရေးသည် ငြိမ်းချမ်းရေး နှင့်သာတူညီမျှရှိရေး၊ လူသားအဖြစ်ပြည့်၀စွာရှင်သန်ရေးအတွက်အရေးကြီးကြောင်း၊ ကျွန်ုပ်တို့အားလုံး သည် ဘုရားတစ်ဆူတည်းအားယုံကြည်ကြသော်လည်း အမည်နာမကွဲပြားစွာခေါ်တနေခြင်းဖြစ်‌ကြောင်း၊ ဟိန္ဒူဘာသာ၌ အခြားသူတစ်ဦး၏ဇနီးမယားအား မိမိ၏မိခင်သဖွယ်၊ တစ်ပါးသူ၏သားကိုလည်းမိမိ၏ သားကဲ့သို့လည်းကောင်း၊ အမုန်းတရားနှင့်လောဘစိတ်ကိုမြားကဲ့သို့ပစ်လွှတ်လိုက်ရန်သွန်သင်ကြောင်း သို့မှသာ နက်ရှိုင်းသောငြိမ်သက်ခြင်းနှင့်ငြိမ်းချမ်းခြင်း၌ရှင်သန်နိုင်မည်ဖြစ်ကြောင်း၊ ဟိန္ဒူဘာသာအနေ ဖြင့်အခြားသူတို့၏ဘာသာကိုသာလေးစားသည်မဟုတ်။ အမှန်တရားဖြစ်သည်ဟုလည်းလက်ခံကြောင်း၊ အားလုံးသည် ဘုရားသခင်ထံမှလာသည်။ ဆန္ဒနှင့်ဆုတောင်းခြင်းသည်သာကျွန်ုပ်တို့အားသေခြင်မှ အသက်ရှင်စေကြောင်း၊ အမိုက်မှောင်မှအလင်းသို့၊ အလွဲအမှားမှအမှန်တရားသို့ရောက်စေကြောင်းပြော ကြားပြီး ဤအကြောင်းအရာကိုသီကုံးထားသော ဓမ္မတေးသီချင်းတစ်ပုဒ်ကိုအဖွဲ့လိုက်သီဆိုချီးမွမ်းခဲ့သည်။

ဘာသာရေခေါင်းဆောင်တိုင်း၏ပြောကြားချက်၌ ငြိမ်းချမ်းရေး၏အဖြစ်မှန်နှင့်သာတူညီမျှရှိရေးကိုသာဇောင်းပေးပြောကြားခဲ့ကြသကဲ့သို့ ၄င်းတို့၏ဘာသာတရားကအဘယ်သို့သွန်သင်ကြောင်း၊ အခြား ဘာသာအားအဘယ်သို့သဘောထားရမည်ဖြစ်ကြောင်းကိုပြောကြားခဲ့သည်။ စည်းလုံး ခြင်း၏ ချည်ငင်ကားဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကိုမပြတ်ဘဲပိုမိုလုပ်ဆောင်ရန်ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့သည်။

ဘာသာရေးခေါင်းဆောင်များအနေဖြင့်ယုံကြည်ခြင်း၊ လေးစားခြင်း၊ ဖန်ဆင်းခံနှင့်လူသားများအားချစ်ခြင်းတို့ကိုဆက်လက်သယ်ဆောင်ရန်လိုအပ်သည်။ ဘာသာရေး၏တန်ဖိုးကိုမတူညီသောအပိုင်းများဖြစ်သည့် နိုင်ငံရေးပုဂ္ဂိုလ်များ၊ အစိုးရ၀န်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မိသားစုအတွင်း၌ လည်းဘာသာရေး လူ့စံတန်ဖိုးအရေးကြီးပုံကိုပြောကြားရန်အရေးကြီးကြောင်း၊ သို့မှသာငြိမ်းချမ်းသောကမ္ဘာကြီးအဖြစ်လည်းကောင်း၊ လှပသောဘဂ်လာဒေ့ရှ်အဖြစ်လည်းကောင်းဖန်တီးနိုင်ပေမည်။

ဤဆွေးနွေးပွဲသို့တက်ရောက်သောသူများအနက် RNDM စစ္စတာရ်တစ်ပါးဖြစ်သော စစ္စတာရ် Reba Veronica D’Costa က ဘာသာတိုင်းသည် ဆားကဲ့သို့အငန်ဓာတ်ပေးရန်ဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များအနေဖြင့် ယေဇူးသခင်မိန့်ကြားခဲ့သည်နည်းတူ ကမ္ဘာကြီးအား အငန်ဓာတ်နှင့်အလင်းကိုပေးရန်ခေါ်တော်မူခြင်းကိုခံရသည်။ ဘာသာရေးပုဂ္ဂိုလ်များသည် ဆားကဲ့သို့တန်ဖိုးနှင့်ကိုယ်ကျင့်တရားကို လူ့အလွှာအတန်းစားတိုင်း၌‌ဆားကဲ့သို့‌ေ၀မျှနိုင်သည်။ ကျွန်ုပ်တို့ဘာသာရေးနှင့်ပတ်သက်၍အ ခြားသူတို့၏ဘာသာအားထိခိုက်စော်ကားခြင်းမျိုးမဖြစ်စေရန အထူးသတိထားပြောကြားရမည်ဖြစ် ကြောင်းမှတ်ချက်ပြုပြောကြားခဲ့သည်။ လက်ရှိ၌နိုင်ငံအတွင်း ဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးခြင်း သည် ငြိမ်းချမ်းရေးနှင့်သဟဇာတထွန်းကားစေရန် နိုင်ငံအတွက်လည်းကောင်း၊ ကမ္ဘာကြီးအတွက်လည်းကောင်းအလွန်အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံအတွင်းမှသက်၀င်ယုံကြည်မှုမတူသောဘာသာ ရေးခေါင်းဆောင်များအနေဖြင့်နိုင်ငံ၏ငြိမ်းချမ်းရေးနှင့်စည်းလုံးခြင်းကိုအလေးထားစဉ်းစားစေလိုပါသည်။

ဤတွေ့ဆုံဆွေးနွေးပွဲသို့ အီစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်ဘာသာအသီးသီးမှတက်ရောက်သူ (၇၂) ဦးရှိခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uibbc6

Add new comment

1 + 15 =