ဘဂ်လားဒေ့ရှ်ကက်သလစ်သာသနာက ရွေ့ပြောင်းဒုက္ခသည် များအားကြိုဆိုရန်နှင့် အရောတ၀င် နေကြရန် တိုက်တွန်း

ဘဂ်လားဒေ့ရှ်ကက်သလစ်သာသနာက ရွေ့ပြောင်းဒုက္ခသည် များအားကြိုဆိုရန်နှင့် အရောတ၀င် နေကြရန် တိုက်တွန်း

ဘဂ်လားဒေ့ရှ်ကက်သလစ်သာသနာက ရွေ့ပြောင်းဒုက္ခသည် များအားကြိုဆိုရန်နှင့် အရောတ၀င် နေကြရန် တိုက်တွန်း

 

       ဘဂ်လားဒေ့ရှ်ကက်သလစ်သာသနာတော်က ဘာသာတူများအား သမ္မာကျမ်းစာအခြေခံသော ယုံကြည်ခြင်း မျက်စိဖြင့် ရွေ့ပြောင်း ခြင်းကိုမျှကူခံထမ်းခြင်းဟုလက်ခံကြရန်တိုက်တွန်းခဲ့သည်။

ဤတိုက်တွန်းချက်ကို သီဩလိုဂျီဖြင့်ကျောင်းပြီးသွားသောသူများ တွေ့ဆုံပွဲ တွင်ပြောကြားခြင်းဖြစ်သည်။ ထိုတွေ့ ဆုံပွဲကို (ဖေဖော်၀ါရီ ၁၀ -၁၂၊ ၂၀၂၂) Dhaka ရှိ ဘဂ်လားဒေ့ရှ် ကက်သလစ်ဆရာတော်ကြီးများ ၏ဗဟို တည်ရှိရာ တွင်ကျင်းပခဲ့သည်။ အဆိုပါအဖွဲ့ကို (၂၀၁၈) ခုနှစ်က ဖွဲ့စည်းခဲ့သည်။

       ယခုနှစ် အလုပ်ရုံဆွေးနွေးပွဲ၏ ခေါင်းစဉ်မှာ ‘ပြောင်းရွေ့ခြင်းနှင့်မျှယူခံထမ်းခြင်း’ ဆိုင်ရာဘာသာရေး တွေးခေါ် ယူဆချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤဆေးနွေးပွဲ၌ပါ၀င်ကြသောသူများ၊ သာမန်ဘာ သာတူများ အနေဖြင့်ဒေသအခြေအနေနှင့်စပ်လျင်း၍ ဘာသာ ရေးတွေးခေါ်ယူဆချက်များ၊ အမြင်များပိုမို လေးနက်စေရန်၊ လက်တွေ့ကျစေရန်ဖြစ်သည်။ ယခုနှစ်၏ခေါင်းစဉ်ကိုရွေးချယ်ရခြင်းမှာလည်း ရွေ့ပြောင်း ကိစ္စသည် တောက်လောင်နေသောကိစ္စဖြစ်နေသည်။ အများဆုံးပြောဖြစ်သောကိစ္စဖြစ်နေသည်။ ရဟန်းမင်းကြီး ဖရန်စစ် လည်း မကြာခဏသာသနာတော်ကြီးနှင့်ကမ္ဘာကြီးအား ပြောင်းရွေ့များအားကြိုဆိုရန်၊ ကာကွယ်ရန်၊ အရောတစ်၀င် ရှိကြရန်တိုက်တွန်း လေ့ရှိသည်။

        Rajshahi သာသနာ၏ဆရာတော် Gervas Rozario က ‘ယခုဆွေးနွေးပွဲသည် အကျိုးရှိပါသည်။ ဆွေးနွေး ပွဲ၌ပါ၀င်ခဲ့ကြသူများအ နေဖြင့် ပထမဦးဆုံးအကြိမ် ဘာသာရေးအတွေးအခေါ်ကို နိုင်ငံ၊ လူမှုအသင်း အဖွဲ့၏ ကြေးမုံနှင့်အဘယ်သို့ ယှဉ်တွဲထောက်ရူရမည်ကိုသ ဘောပေါက်သွားခဲ့ကြသည်။ ဖြစ်ပျက် နေသော အခြေ အနေ များကို ယုံကြည်ခြင်းမျက်စိဖြင့်ကြည့်တတ်ရန်၊ ယေဇူးသခင်၏ ၀မ်းမြောက်စရာ သတင်းစကားကပေးသော အလင်းတရားများကိုရရှိခဲ့သည်။ ရွေ့ပြောင်းခြင်းသည် စိန်ခေါ်မှုတစ်ရပ်သက်သက်မဟုတ်ပေ။ အခွင့်အလမ်း ကောင်း တစ်ခုလည်းဖြစ်သည်။ ဤအခြေအနေသည် ပြဿနာမဟုတ်။ ရွေ့ပြောင်းများထွက်ပြေးလာသော မူလနိုင် ငံ၏အတိတ်နိမိတ်ကို ဖော်ပြနေသည်။ ထိုအချက်ကို အလေးပေး’ ဟုပြောကြားခဲ့သည်။         

       ဘဂ်လားဒေ့ချ် ကက်သလစ်ဆရာတော်ကြီးများ၏ အတွင်းရေးမှူးဖြစ်သော ဖာသာရ် Emmanuel K. Rozario ကလည်း ‘ယခုအစီ အစဉ်သည် အလွန်အကျိုးရှိသည်။ ပါ၀င်ကြသူတို့၏ ဘာသာရေးဆိုင်ရာ အတွေး အခေါ်များကိုလည်း ပြောင်းလဲစေနိုင်ခဲ့သည်။ ရွေ့ပြောင်း သည် ရုတ်ချည်းဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဘုရားသခင် ၏ဖန်ဆင်ခြင်းပြီးနောက်ပိုင်းများမကြာမီဖြစ်ပေါ်လာခဲ့သည်ကို (ကမ္ဘာဦး ၁း ၂၈) တွင်ဖတ်ရူနိုင်သည်။ သမိုင်းရူ ထောင့်မှကြည့်မည်ဆိုပါလျှင် ရွေ့ပြောင်းခြင်းသည် သာသနာတော်ကြီး၏ ပင်ကိုယ်သဘာ၀နှင့်အနှစ်ဖြစ် သည်။ သမ္မာ ကျမ်းလာအရ ဘုရားသခင်သည် ရွေ့ပြောင်းများကိုအစဉ်ကာကွယ်ပေးလျှက်ရှိသည်။ ၄င်းတို့၏ဂုဏ်သိက္ခာ၊ တန်ဖိုး၊ အခွင့်အ ရေးကိုလည်း အစဉ်ကာကွယ်ပေးလျှက်ရှိသည်။ ဤအချက်သည် ကျွန်ုပ်တို့အားလုံး၏ ကိုယ်ကျင့်သီလဆိုင်ရာ မဖြစ်မနေဖြည့်ဆည်းရမည့်၀ တ္တရားဖြစ်သည်။ ဘုရားသခင် ၏နှုတ်တော် ထွက်စကား တော်ဖြစ်သော ယေဇူးခရစ္စတူးသည် ရွေ့ပြောင်းခဲ့ခြင်းမရှိ၊ မပြုခဲ့ပါက လောကကြီး ၌ဖူးခွင့်ရမည်မဟုတ်၊ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားက အမှုတော်ကိုဖြည့်ဆည်းခြင်းမရှိခဲ့ပါက ရွေ့ပြောင်းများသည် နယ်မြေသစ်သို့ စွန့်စား ထွက်ခွာရန် သတ္တိနှင့်အစွမ်းရှိလာမည်မဟုတ်ပေ။ ရွေ့ပြောင်းများသည် ဘုရားသခင်၏ပုံ သဏ္ဍာန်တော် ကိုဆောင် ထားရုံမျှမဟုတ်။ ရွေ့ပြောင်းဘုရား၏ပုံ သဏ္ဍာန် တော်ကိုဆောင်ထားသည်။ ရွေ့ပြောင်းများအား ကြိုဆို ခြင်းသည် ဘုရားသခင်ကိုကြိုဆိုခြင်းဖြစ်သည်။ ရွေ့ ပြောင်းအရေးသည် ပေါ့ပေါ့သေးသေးမဟုတ်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အုတ်မြစ်ကိုပြန်လည်ဆန်းစစ်ရန်ဖြစ်သည်ဟုပြောကြားခဲ့သည်။

        Dhaka ဂိုဏ်းချုပ်ဆရာတော် Bejoy N. D'Cruze, OMI ကလည်း ခရစ်ယာန်သီဩလိုဂျီနှင့်ပတ်သက်၍ အကျယ် တ၀င့်ပြောကြားခဲ့ သည်။ Rajshahi သာသနာ၏ဆရာတော် Gervas Rozario ကလည်း ဘာသာရေး အခြေခံ၍ ထောက်ရူမိသောအတွေးအခေါ်များကို လက်တွေ့အသက်တာ၌ အဘယ်သို့ကျင့်ကြံအား ထုတ်ရမည့် နည်းလမ်း ကိုလည်းမိတ်ဆက်ပေးခဲ့သည်။

Caritas Dhaka ၏ဒေသတာ၀န်ခံ အကြီးအကဲဖြစ်သူ Jyoti Gomes ကလည်း ဘဂ်လာဒေ့ချ် နိုင်ငံ တွေ့ကြုံနေရသော ရွေ့ပြောင်းတို့၏အရေးနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်တင် ပြခဲ့သည်။ ကာဒီနယ် Patrick D'Rozario နှင့် ဖာသာရ် Emmanuel K. Rozario တို့ကအာရှသီဩလိုဂျီအကြောင်း၊ လက်ရှိလူမှုရေးနယ် ပယ်၌ ဖြစ်ပျက်နေသောအခြေအနေများကိုကျမ်းစာအခြေခံ၍ အဘယ်သို့တုန့်ပြန်နိုင်သည်ကိုပြောကြားခဲ့သည်။ ထို့အတူ ပြောင်းရွေ့များ ကိုယ်စား ကိုယ်စားလှယ်နှစ်ဦးလည်း ၄င်းတို့၏ကိုယ် တွေ့ဖြစ်ရပ်များ ကိုထုတ်ဖော်‌ ဝေ မျှခဲ့ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက် ရောက်သူ (၅၂) ဦးရှိခဲ့သည်။ ကိုးဗစ် (၁၉) ကပ်ရော ဂါဆိုးကြီးကြောင့် ပါ၀င်သူများအား ကန့်သတ်ထားခဲ့ရသည်။   

                    

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3sKGif7

 

 

Add new comment

1 + 1 =