ဘဂ်လားဒေ့ကက်သလစ်သာသနာတော်ကြီးက ‘ဖန်ဆင်းခြင်းရာသီခွင့်’ ကိုစတင်

ဘဂ်လားဒေ့ကက်သလစ်သာသနာတော်ကြီးက ‘ဖန်ဆင်းခြင်းရာသီခွင့်’ ကိုစတင်

ဘဂ်လားဒေ့ကက်သလစ်သာသနာတော်ကြီးက‘ဖန်ဆင်းခြင်းရာသီခွင့်’ ကိုစတင်

ဘဂ်လားဒေ့ကက်သလစ်သာသနာတော်ကြီးအနေဖြင့် ‘ဖန်ဆင်းခြင်း၏ရာသီခွင်’ လှုပ်ရှားမူကိုဩ ဂုဏ် (၃၁) ရက်၊ တနလ်ာနေ့ကမြို့တော်ဒက်ကာရှိကာရီတာ့စ်၀င်းအတွင်း၌စတင်လိုက်ပြီဖြစ်သည်။ စက် တင်ဘာလ (၁) ရက်နေ့မှအောက်တိုဘာလ (၄) ရက်နေ့အထိကမ္ဘာတစ်၀န်းရှိခရစ်ယာန်များသည် ‘ဖန် ဆင်းခြင်း၏ရာသီခွင်’ လှုပ်ရှားမူကိုစတင်ကြမည်ဖြစ်သည်။

ထိုလှုပ်ရှားမူ၏ခေါင်းစဉ်မှာ ‘ကမ္ဘာကြီးနှင့်ချို့ တဲ့သူများအတွက်မျှော်လင့်ချက်ဂျူဗလီ’ ဟုဖြစ်ပါသည်။ ဤပွဲတော်ကျင်းပရခြင်းမှာသဘာ၀ပတ်၀န်းကို ထိန်းသိမ်းစောင့်ရှောက်မှိုင်းမသောစိန့်ဖရန်စစ်အားဂုဏ်ပြုသောဆုတောင်း၀တ်ပြုခြင်းအခမ်းအနားဖြစ် သည်။ ဤအစီအစဉ်ကို (၂၀၁၅) ခုနှစ်၌ရဟန်းမင်းကြီးက စက်တင်ဘာလ (၁) ရက်နေ့သည် အမိသာသ နာတစ်ခုလုံးအနေဖြင့် ‘ဖန်ဆင်းခြင်းလုပ်ငန်းကိုထိန်းသိမ်းစောင့်ရှောက်ရန်ဆုတောင်းပေးရသောအပြည် ပြည်ဆိုင်ရာနေ့’ အဖြစ်သတ်မှတ်ကျင်းပခဲ့သည်။

ထို့ကြောင့်ဘဂ်လားဒေ့ရှ်နိုင်ငံရှိကက်သလစ်သာသနာ‌ တော်ကြီးကလည်း ရဟန်းမင်းကြီး၏လမ်းညွှန်ချက်ကိုလိုက်နာဖော်ဆောင်ပြီး၊ ဖန်ဆင်းခြင်း၏သတင်း ကောင်းကိုကြေငြာရန်လှုပ်ရှားမူစတင်လိုက်ခြင်းဖြစ်သည်။ ဤလှုပ်ရှားမူ၌ပါ၀င်ကြသောသောသူများအား သစ်ပင်စိုက်ကြရန်၊ ဖြုန်းတီးမူများမဖြစ်စေရန်အတွက်လည်းသတိရှိကြရန်၊ ပတ်၀န်းကျင်ကိုလည်းထိန်း သိမ်းကြရန်တိုက်တွန်းနှိုးဆော်ခဲ့သည်။ ကာရီတာ့စ်ဘဂ်လားဒေ့ရှ်၏ဥက္ကဌဆရာတော် Gervas Rozario ကသန့်ရှင်းပြီး၊ စိမ်းလန်းသောပတ်၀န်းကျင်ကိုဖန်တီးကြရန်၊ အားလုံး၏ဘုံအိမ်ဖြစ်သောကမ္ဘာကြီးအား နစ်နစ်ကာကာချစ်ကြောင်းပြသကြရန်တိုက်တွန်းခဲ့သည်။

ထိုအခမ်းအနား၌ဘာသာရေးခေါင်းဆောင်များ မှသီးပင်သုံးမျိုးကိုစိုက်ပျိုး၍အပြည်ပြည်ဆိုင်ရာသဘာ၀ပတ်၀န်းထိန်းသိမ်းရေးလှုပ်ရှားမူနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းပြသခဲ့ကြသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gOAOYF

Add new comment

10 + 6 =